အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2013

စက်မှုဇုန်များ ၂၄ နာရီ ဓာတ်အား ရရှိရေးအတွက် ၀န်ကြီးဌာနနှင့် စက်မှုလုပ်ငန်းရှင်များ၊ ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်သူများ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်

စက်မှုဇုန်များ စဉ်ဆက်မပြတ် ဓာတ်အားရရှိရေးအတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် စက်မှုလုပ်ငန်းရှင်များ၊ ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်သူများ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။
စက်မှုဇုန်များအတွင်း ၂၄ နာရီ ဓာတ်အားရရှိရေးအတွက် အစိုးရဌာန တစ်ခုတည်းမှ ဆောင်ရွက်မည့်အစား စက်မှုဇုန်များနှင့် ပုဂ္ဂလိက ဓာတ်အားဖြန့်ဖြူးသူများ

ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ စက်မှုဇုန်များ အနေဖြင့် ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်သူများနှင့် ညှိနှိုင်းပြီး ဓာတ်အားထုတ်ယူ သုံးစွဲပါက ယခုထက်ပို၍ ကုန်ထုတ်လုပ်မှု တိုးတက်မည်ဖြစ်ကြောင်းဖြင့်လည်း ၀န်ကြီးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန် အများစုမှာ မေလဆန်းမှ စတင်ကာ လျှပ်စစ်မီး လုံးဝမရခဲ့ကြောင်း၊ ယင်းကြောင့် လုပ်ငန်းရှင် အချို့မှာ မိမိကိုယ်ပိုင် မီးစက်များဖြင့် လုပ်ငန်းလည်ပတ် နေသူများ ရှိသကဲ့သို့ အချို့မှာမူ လုပ်ငန်းရပ်ဆိုင်းထားမှုများ ရှိခဲ့ကြောင်း၊ သို့သော်လည်း ဇွန် ၁၂ ရက်မှ စတင်ကာ အပိုင်းနှစ်ပိုင်းခွဲ၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ကြောင်း၊ နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ တစ်ပိုင်း၊ မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ တစ်ပိုင်းခွဲ၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ကြောင်းလည်း စက်မှုဇုန် လုပ်ငန်းရှင်များထံမှ သိရသည်။

ရန်ကုန်မြို့တွင် စက်မှုဇုန်များအလိုက် သီခြားလျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ဂျပန်နှင့် ကိုရီးယားနိုင်ငံများမှ လာရောက်ဆွေးနွေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးက ပြောကြားခဲ့သည်။

"နိုင်ငံခြား ကုမ္ပဏီနဲ့ပေါင်းပြီး လျှပ်စစ်ထုတ်ဖို့က စီစဉ်နေတယ် ဆိုပေမယ့် Gas က ထုတ်မှာလား၊ ကျောက်မီးသွေးက ထုတ်မှာလားဆိုတာ မသိရသေးဘူး။ Gas နဲ့ လုပ်မယ်ဆိုရင်လည်း နိုင်ငံတော်ကနေ Gas ရဖို့က အာမခံချက် မပေးနိုင်ဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ အနေနဲ့ စက်မှုဇုန်တွေ လည်ပတ်ဖို့အတွက် တောင်းဆိုတာတောင် မပေးနိုင်သေးတဲ့ အနေအထား ဖြစ်နေတယ်။ တကယ်တမ်း တစ်ခုခုနဲ့ လုပ်ဖြစ်သွားတယ် ဆိုရင်တောင် လက်ရှိကောက်ခံနေတဲ့ မီတာခနဲ့ အဆင်ပြေလား၊ မပြေလားဆိုတာ တစ်ပိုင်းရှိလာတယ်။ စက်မှုလုပ်ငန်းတွေအတွက် လက်ရှိမှာ မီတာခက တစ်ယူနစ် ၇၅ ကျပ် ဆိုပေမယ့် အဲလိုသီးခြား လျှပ်စစ်ထုတ်တဲ့ အခါကျရင် ကျပ် ၁၀၀ ဖြစ်ချင်ဖြစ်မယ်။ ဒီထက်ပိုချင် ပိုသွားနိုင်တဲ့ အနေအထားကိုလည်း ထည့်သွင်းစဉ်းစား နေရပါတယ်" ဟု ဦးဥာဏ်ထွန်းဦးက ဆက်လက်ပြောကြားခဲ့သည်။

EMG

လှိုင်သာယာစက်မှုဇုန် အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အား တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...