ရန်ကုန်အပါအဝင် နယ်မြို့များတွင် တစ်ပတ်ရစ် မော်တော်ယာဉ်အရောင်းပြ ခန်း
တစ်ရာကျော် ဖွင့်လှစ် ခွင့်ပြုထားခြင်းကြောင့် နယ်စပ်ဒေသရှိ ကုန်သွယ်ရေး
စခန်းများမှ ဇိမ်ခံကားများ တင်သွင်းခွင့်ပြုရန် အစီအစဉ် မရှိကြောင်း
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က ပထမအကြိမ်
ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းဝေး ဒုတိယနေ့ (ဇွန်လ ၂၆ရက်နေ့) တွင် ပြောကြားသည်။နယ်စပ်ဒေသရှိ ကုန်သွယ်ရေး စခန်းများမှ လုပ်ငန်းသုံး ယာဉ်များ၊
လိုက်ထရပ်များ၊
ထရပ်ကားများ တင်သွင်းခြင်းကိုမူ မော်တော်ယာဉ်
တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ၏ ဥပဒေ စည်းမျဉ်းများနှင့်အညီ
တင်သွင်းနိုင်ကြောင်း ၎င်းက ဆက်လက ပြောကြားခဲ့သည်။
ထို့အပြင်
နယ်စပ်ဒေသများမှ လိုင်စင်မဲ့ယာဉ်များ တင်သွင်းခြင်းကိုလည်း သက်ဆိုင်ရာ
အစိုးရအဖွဲ့၊ ပြည်သူ့ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်များဖြင့် စစ်ဆေး
အရေးယူသွားမည့်အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုတည်း အတွင်း၌သာ
စီးနင်းနိုင်သည့် မော်တော်ယာဉ် လိုင်စင်များ လည်း ပြုလုပ်ပေးရန်
အစီအစဉ်မရှိကြောင်း ဦးချန်မောင်က ဆက်လက်ဖြေ ကြားခဲ့သည်။
ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးစိုင်းသီဟကျော်က တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
လိုင်စင်မဲ့ယာဉ်များ အသုံးပြုခြင်းကို တားဆီးရန် အစီအစဉ်ရှိ မရှိ
နယ်စပ်ဒေသများမှ တစ်ဆင့် မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုရန် အစီအစဉ်ရှိ
မရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုတည်း အတွင်း ၌သာ
စီးနင်းနိုင်သည့် မော်တော်ယာဉ် လိုင်စင်များ ပြုလုပ်ပေးရန် အစီအစဉ် ရှိ
မရှိ စသည့် မေးခွန်းများကို ဦးချန်မောင်က ယခုကဲ့သို့ ပြန်လည် ဖြေကြား
ခဲ့ခြင်းဖြစ်သည်။
မော်တော်ယာဉ်များကို နယ်စပ်ဒေသမှ
တင်သွင်းခွင့်ပြုပါက သယ်ယူစရိတ် သက်သာသော်လည်း အချို့သော လုပ်ငန်းရှင်များက
လိုင်စင်မဲ့ မော်တော် ယာဉ်များ ပိုမို တင်သွင်းလာနိုင်ပြီး နယ်နိမိတ်ခြင်း
ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများမှ တစ်ပတ်ရစ်
မော်တော်ယာဉ်များမှာလည်း အရည်အသွေး မကောင်းကြောင်း မော်တော်ယာဉ် ဝယ်ရောင်း
လုပ်ငန်းရှင် ဦးမင်းမင်းထွန်းက ဆိုသည်။
"ထိုင်းက ကားဆိုရင်တောင်
ကားတော်တော်များများက အခိုင်းနာတယ်။ ဂျပန်က ကားနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမဲ့
ထိုင်းမှာရှိတဲ့ ကားသစ်ရောင်းတဲ့ Show Room တွေက ဝယ်ရင်တော့
တစ်မျိုးပေါ့ဗျာ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မော်တော်ယာဉ်
အိုဟောင်းအပ်နှံခွင့် စတင်ခွင့်ပြုသည့် ၂၀၁၁ ခုနှစ် စက်တင် ဘာလ ၁၁ ရက်မှ
၂၀၁၃ ခုနှစ် ဇွန်လ ၂၅ ရက်အထိ မော်တော်ယာဉ် အိုဟောင်း တစ်သိန်းနီးပါး
(၉၉,၁၉၆ စီး) အပ်နှံခွင့်ပြုခဲ့ပြီး မော်တော်ယာဉ် အစီးရေ ကိုးသောင်းခန့်ကို
ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးပြီးဖြစ်ကြောင်း ဦးချန်မောင်က ပြောကြားသည်။
The Voice Weekly
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
June
(712)
-
▼
Jun 27
(36)
- “ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ...
- "ဟာသ လုပ်နေရရင် ပျော်နေတာပါ ဆိုတဲ့ အေးအေးခိုင်"
- သပိတ်ကျဉ်းဒေသခံများ လူမျိုးရေး ဘာသာရေး ပဋိပက္ခ စိုး...
- ဦးသိန်းစိန်သာ လာမည့် သက်တမ်း ပြန်အရွေးခံရပါက အားကေ...
- မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အာဆီယံ ခေ...
- တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု လေးပုံတစ်ပုံ ကျဆင်း
- ရွှေဆိုင်ချင်း စကားများ ကြားလူအုပ် ဝင်လု
- "ပြေတီဦးကို နောက်ထပ် အနုပညာမှတ်တိုင် စိုက်ထူစေချင...
- လာမယ့် ၇၂နာရီ အတွင်း မန်ယူနဲ့ စီရော်နယ်ဒိုတို့ တရာ...
- မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ရှေးဟောင်း ငွေဒင်္ဂါးန...
- ဆင်ဆာ အပိတ်ခံ ထားရသော ဇာတ်ကား အကြောင်းပြောပြသူ ဇွဲ...
- နိုင်ငံတော်အလံတော် နမော်နမဲ့လွှင့်ထူခဲ့ပြီး ၆ လ ကြာ...
- အလင်းရောင်ကြယ်များဘလောက်မှာအခုကဲ့ သို့ လာရောက်ဆဲဆိ...
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား တိုက်လေယာဥ...
- တစ်လတာ ကာလအတွင်း မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်...
- စက်မှုဇုန်များ ၂၄ နာရီ ဓာတ်အား ရရှိရေးအတွက် ၀န်ကြီး...
- နှစ်လခွဲအတွင်း နိုင်ငံ့ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်...
- အင်ဂျင်နီယာ ကျောင်းသားများ အစိုးရဌာန လုပ်ငန်းကြီးမ...
- ထိုင်းလေကြောင်း NOK AIR MINI စက်တင်ဘာ ၁ ရက်တွင် မေ...
- ရှဉ့်တွေမှာ ထူးခြားတဲ့ ဗီဇ
- အဆိုတော် သျှီ ရဲ့ မွေးနေ့ 
- အမေရိကန် ရေတပ်အတွက် ပထမဆုံးသော F-35C တိုက်လေယာဉ် E...
- "ဝင်ငွေအနည်းဆုံး ဒါရိုက်တာ (သို့မဟုတ်) ဒါရိုက်တာဝ...
- နိုင်ငံခြာသား ခရီးသွားများအတွက် Home Stay အစီအစဉ် ...
- ခေါင်းလောင်းသံ မမှန် ကျောင်းတော်က အသံ
- ဂျူဗင်းတပ်စ် အသင်းနှင့် တရားဝင် စာချုပ်လိုက်ပြီဖြစ...
- ဇိမ်ခံကားများ နယ်စပ်မှ တင်သွင်းခွင့်ပြုရန် အစီအစဉ်...
- ရှေးဟောင်း စာတိုက်သေတ္တာ ပြသ ထားရှိ
- ဆီးရီးယား အတိုက်အခံများ အနေဖြင့် လက်နက် ကိုင်ဆောင်...
- ကွန်ဖရက်ဒရေးရှင်းဖလား ဗိုလ်လုပွဲသို့ တက်ရောက်သွားသ...
- အိန္ဒိယ- မြန်မာ- ဘင်္ဂလာဒေခ်ျ့- တရုတ် လေးနိုင်ငံ ဆက်သ...
- ခေါင်းလောင်းသံ မမှန် ကျောင်းတော်က အသံ
- ရန်ကုန်မြစ်ဖြတ် ဒလတံတား တောင်ကိုရီးယား ဆောက်ပေးမည်...
- တရုတ်ဟန်းဆက် ဖြစ်ကြောင်း အလွယ်တကူ သိနည်း
- မလေးရောက် မြန်မာ အမျိုးသမီးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာ...
- ရန်ကုန်မှာ ကျင်းပမယ့် ရှစ်လေးလုံး ငွေရတုကို မိုးသီ...
-
▼
Jun 27
(36)
-
▼
June
(712)