အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2013

ဆီးရီးယား အတိုက်အခံများ အနေဖြင့် လက်နက် ကိုင်ဆောင်ထား သင့်ကြောင်း ဆော်ဒီ အာရေးဗီးယား ပြောကြား

ဆီးရီးယား အတိုက်အခံများ အနေဖြင့် လက်နက်များ ကိုင်ဆောင်ထား သင့်ကြောင်းနှင့် ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များထံသို့ လက်နက်များ
ပေးပို့မှုရပ်တန့်သင့်ကြောင်း ဆော်ဒီ အာရေးဗီးယား နိုင်ငံခြားရေးဝန်ကြီး
က ပြောကြားခဲ့သည်။ ထို့အပြင် ဇွန် ၂၅ ရက်က ဆော်ဒီအာရေး ဗီးယားနိုင်ငံ ဂျာဒက်ရှ် မြို့၌ပြုလုပ်သော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် သတင်းစာ

ရှင်းလင်းပွဲတွင် ဆော်ဒီမင်းသား ဆော့ဒ်အယ်ဖေလ်ဆယ်က ဆီးရီးယား အတိုက်အခံများကို ကူညီရန် အတွက် လုပ်နိုင်သမျှသော အရာအားလုံးကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ဆီးရီးယား အစိုးရသို့ လက်နက်များ ထောက်ပံ့ပေးမှုအားရပ်တန့်ရန် တောင်းဆိုကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဆော်ဒီအာရေး ဗီးယားနိုင်ငံအနေဖြင့် ဆီးရီးယားသမ္မတ ဘာရှာ
အယ်လ် အာဆတ်အား ထောက်ပံ့ပေးနေသည့် ရုရှား၊ အီရန်နှင့် ဟဇ်ဘိုလာ
တို့အပေါ် နှုတ်ပိတ်နေမည် မဟုတ်ကြောင်း ၎င်းကထပ်လောင်း ပြောကြား
ခဲ့သည်။

အီရန်နိုင်ငံ က ဆီးရီးယား၏ ပြည်တွင်းရေးတွင် အခြားမည်သည့် နိုင်ငံခြား တိုင်းပြည်များက ဝင်ရောက် စွက်ဖက်ခြင်းကို လက်မခံကြောင်းနှင့် ဆွေးနွေး
ပွဲများ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် လွတ်လပ်သော ရွေးကောက်ပွဲ
များက သာလျှင် ဆီးရီးယားနိုင်ငံ၏ ပဋိပက္ခများကို ဖြေရှင်း ပေးနိုင်မည့် နည်းလမ်းများ ဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောကြားထားသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...