အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2013

နိုင်ငံတော်အလံတော် နမော်နမဲ့လွှင့်ထူခဲ့ပြီး ၆ လ ကြာမှ အရေးယူခံရ

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပရာ၌ နိုင်ငံတော်အလံကို မှားယွင်းစွာလွှင့်ထူခဲ့သဖြင့် အရေးယူမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိ ရသည်။ ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပခဲ့ရာ၌ နိုင်ငံတော်အလံအား လွှင့်ထူခဲ့ချိန်တွင် အလံမှာ မြေပေါ်သို့ ပြုတ်ကျခြင်း၊ ဇောက်ထိုးဖြစ်နေ ခြင်းများကြောင့် အရေးယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ နှစ်သစ်ကူးနေ့အခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ
ဦးမင်းလှဦးသည် နိုင်ငံတော်အလံအား လွှင့်တင်ရာတွင် အလံတိုင်၏ တစ်ဝက်ခန့်အရောက်တွင် နိုင်ငံတော်အလံမှာ မြေကြီးပေါ်သို့ ပြန်လည်ပြုတ် ကျ ခဲ့ကြောင်းနှင့် အလံကိုပြုတ်ကျစေခဲ့သူ ဦးမင်းလှဦးအား ဦးစိန်သန်းဆိုသူမှ ၀င်ရောက်ကူညီ၍ ထပ်မံလွှင့်ထူခဲ့ရာ ၌လည်း နိုင်ငံတော်အလံမှာ ဇောက်ထိုးဖြစ်နေခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလေးအမြတ်ထားရသော အလံတော်ကို နမော်နမဲ့လွှင့်တင်ခဲ့မှုကို ဆူးကလပ်ကျေးရွာ ရွာသူရွာသား (၅၀)ဦးခန့်မှ ကွမ်းခြံကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံသို့ တိုင်ကြားစာ ရေး သား၍ ပေးပို့ခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စစ်ဆေးခဲ့သည်။

နိုင်ငံတော်အလံအား လွှင့်ထူရာ၌ မြေပေါ်သို့ ပြုတ်ကျအောင်လွှင့်ထူခြင်း ၊ ဇောက်ထိုးလွှင့်ထူခြင်းတို့ ပေါ်ပေါက်ခဲ့ သောကြောင့် ဦးစိန်သန်းနှင့် ဦးမင်းလှဦးတို့အား နိုင်ငံတော်အလံနှင့် ပတ်သက်သော ဥပဒေပုဒ်မ-၁၆ ဖြင့် ကွမ်းခြံကုန်းမြို့နယ် ရဲစခန်းတွင် ဇွန်လ ၂၆ ရက်နေ့က အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားမှုမှာ ပြီးခဲ့သည့်ဇန်န၀ါရီလ(၁)ရက်နေ့က ဖြစ်ပွားခဲ့သော်လည်း ဇွန်လ(၂၆)ရက်နေ့မှသာ အရေးယူ ဆောင်ရွက်မှုပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

http://myitmakhamediagroup.com/detail.php?newid=4994

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...