အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2013

တစ်လတာ ကာလအတွင်း မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ ၅၅၀၀ ကျော်ရှိ

၂၀၁၃ ခုနှစ် မေ ၂၅ ရက်မှ ဇွန် ၂၅ ရက်အထိ တစ်လတာ ကာလအတွင်း မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၅၅၉၅ ဦးရှိပြီး၊ ထိုသူများထဲတွင် CI မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားဖြင့် ရောက်ရှိလာသူ ၅၄၁ ဦး ပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်၏ ပြောကြားချက်အရ သိရပါသည်။
"မေ ၂၅ ရက်ကနေ ဇွန် ၂၅ ရက်အထိ မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်လာသူ စုစုပေါင်း ၅၅၉၅ ဦး

ရှိခဲ့ပါတယ်။ ဒီထဲမှာ CI နဲ့ ရောက်လာတာက ၅၄၁ ဦးပါ" ဟု လူဝင်မှုကြီးကြပ်ရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။

၂၀၁၃ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ပထမအပတ်အတွင်း မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံသားအချို့ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင် အချို့နှင့် အလှူရှင်များက အလှူငွေများ လှူဒါန်းခဲ့ကြသည်။

မြန်မာနိုင်ငံရှိ လေကြောင်းလိုင်း တစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI မှလည်း ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်၏ လေယာဉ်လက်မှတ် ဈေးနှုန်းအား ထက်ဝက်လျှော့ချ ပေးခဲ့သည်။

Air Bagan, Asian Wings နှင့် ရွှေမြန်မာ လေကြောင်းလိုင်းများက မလေးရှားနိုင်ငံမှ ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများ နေရပ်သို့ ပြန်လိုပါက လေယာဉ်လက်မှတ်များအား အခမဲ့ ပို့ဆောင်ပေးခဲ့ကြောင်း မလေးရှားသို့ ရောက်နေသည့် မြန်မာအလုပ်သမား ၇ သိန်းကျော်ရှိပြီး၊ တရားဝင် မှတ်ပုံတင်ဖြင့် သွားရောက်လုပ်ကိုင်နေသူ သုံးသိန်းသုံးသောင်းကျော်ရှိကြောင်း သိရသည်။

EMG
မြန်မာနိုင်ငံသို့ ပြန်လာမည့်သူများကို ကွာလာလမ်ပူ လေဆိပ်၌ ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -နေထွန်းနိုင်)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...