အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2013

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အာဆီယံ ခေါင်းဆောင်များက ဆက်လက်အားပေးမည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် ပြောကြား

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အာဆီယံ ခေါင်းဆောင်များက ဆက်လက်အားပေး ထောက်ခံသွားမည် ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh က ဧပြီ ၂၅ ရက် ညနေပိုင်းတွင် ဘရူနိုင်းနိုင်ငံ၊ ၀န်ကြီးချုပ်ရုံး အဆောက်အအုံတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သတင်း ရယူနေသည့် Eleven Media Group မှ ကိုနေထွန်းနိုင်က တိုက်ရိုက်သတင်းပေးပို့သည်။
ဧပြီ ၂၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သော (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ Retreat

Meeting တွင် အာဆီယံ ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် အားပေးသွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောသည်။

ထို့အပြင် မြန်မာအစိုးရ အနေဖြင့် ပြည်သူများ၏ လိုအပ်ချက်နှင့် တောင်းဆိုချက်များကို အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု မျော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူခွင့် ရရှိသည့်အတွက် မြန်မာအစိုးရ အနေဖြင့် ကျေနပ်ပျော်ရွှင်နေကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ခြင်းဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ရပိုင်ခွင့်များကို ခံစားခွင့် ရရှိစေမည်ဖြစ်ကြောင်း Le Luong Minh က ပြောသည်။

၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေဟာ အရေးကြီးဆုံး နှစ်များဖြစ်ပါတယ်။ လက်ရှိ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဦးဆောင်မှုအောက်မှာ ချမှတ်မယ့် ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတဲ့အခါ အဖွဲ့ဝင် အားလုံးနဲ့အတူ အပြည့်အ၀ အကောင်အထည် ဖော်သွားမှာဖြစ်…



''မြန်မာသမ္မတက သူတို့လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားတာကို ရုပ်သိမ်းပေးလိုက်တာကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်'' ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောသည်။

အာဆီယံသည် ရှင်သန်နေသော အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံသည် အာဆီယံ ပြည်သူများ၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးမည့် အာဆီယံဖြစ်ကြောင်း ကမ္ဘာကို ပြသရန် လိုအပ်မည်ဟု သမ္မတဦးသိန်းစိန်က ဧပြီ ၂၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သော အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် ပြောသည်။

''၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေဟာ အရေးကြီးဆုံး နှစ်များဖြစ်ပါတယ်။ လက်ရှိ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဦးဆောင်မှုအောက်မှာ ချမှတ်မယ့် ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတဲ့အခါ အဖွဲ့ဝင် အားလုံးနဲ့အတူ အပြည့်အ၀ အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြား လိုပါတယ်'' ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

(၂၂) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို ဧပြီ ၂၄ ရက်နှင့် ၂၅ ရက်များတွင် ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီ ဘန်ကာဝန်မြို့ ၀န်ကြီးချုပ်ရုံး အဆောက်အအုံတွင် ပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံအလွန် ကြုံတွေ့လာနိုင်သည့် အခြေအနေများနှင့် တောင်တရုတ်ပင်လယ် အရေးကိစ္စများကို ဆွေးနွေးခဲ့သည်။


Re-Post By ACM 28-4-2013
အေးချမ်းမွန် Credit & Copy From >Eleven Media Group <Thank

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...