အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2013

တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု လေးပုံတစ်ပုံ ကျဆင်း

ဆယ်စုနှစ် တစ်စုကျော်ကြာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရပ်တည်ခဲ့သော တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား နယ်စပ်ကုန်သွယ်မူ ပမာဏ လေးပုံ တစ်ပုံ ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနရှိ စာရင်းအင်းဌာန၏ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မူဆယ် ၁၀၅ မိုင် စခန်းသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက် နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ ကုန်သွယ်မှု
ပမာဏ အမေရိကန်ဒေါ်လာ ၅၆၄ သန်းကျော်ရှိခဲ့ရာ ပြီးခဲ့သည့်နှစ် အလားတူ ကာလ ကုန်သွယ်မှု ပမာဏနှင့် နှိုင်းယှဉ်ပါက ၂၅ ဒသမ ၉၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် အဆိုပါ ကာလတွင် ကုန်သွယ်မှု ပမာဏ ၇၆၂ သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။

ယင်းသို့ ကုန်သွယ်မှု ပမာဏ လျော့နည်းသွားခြင်းသည် ပို့ကုန် ကျဆင်း မှုကြောင့်ဖြစ်ပြီး သွင်းကုန်များမှာ ပုံမှန် ပမာဏအတိုင်း တင်သွင်းလျက် ရှိသည်ဟု မူဆယ် ၁၀၅ မိုင် စခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယမန်နှစ် ယင်းကာလ ပို့ကုန်ပမာဏ ၄၉၇ သန်းကျော်နီးပါးရှိခဲ့ပြီး သွင်းကုန် တန်ဖိုး ၂၆၄ သန်း ရှိခဲ့သည်။

ယခု ဘဏ္ဍာရေးနှစ် သွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၁ သန်း ဖိုး တင်သွင်းခဲ့ပြီး ပို့ကုန်ပမာဏ ၂၈၃ သန်း ရှိခဲ့သည်။

ပြည်တွင်း ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ပို့ကုန် သွင်းကုန် တင်ပို့မှုကို ကြိုတင်ခွန် ၂ ရာခိုင်နှုန်း ကောက်ခံခြင်းနှင့် လားရှိုးတွင် ဖြစ်ပွား ခဲ့သော ပဋိပက္ခ အခြေအနေများကြောင့်ဖြစ်နိုင်ကြောင်း ပြည်တွင်း ပို့ကုန် လုပ်ငန်းရှင် အချို့က သုံးသပ်သည်။

လတ်တလောတွင် ပြည်တွင်းဆန်ဈေး မြင့်တက်လျက်ရှိခြင်းကြောင့် မြန်မာ့ လယ်ယာစီးပွား အများပိုင် ကုမ္ပဏီလီမိတက်သည် တရုတ်သို့ မူဆယ်နယ်စပ် မှတစ်ဆင့် ဆန်တင်ပို့မှုကို ခေတ္တ ရပ်နားထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က မီဒီယာ များသို့ ပြောကြားခဲ့သည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ လယ်ယာ ထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ပြောင်းဖူးနှင့် ဖရဲသီးတို့ဖြစ်ပြီး အဓိက သွင်းကုန်မှာ ယာဉ်နှင့် ယန္တရား၊ မော်တော်ဆိုင်ကယ်၊ ဓာတ်မြေသြဇာနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ဖြစ်သည်ဟု ယင်းစခန်း၏ တာဝန်ခံက ပြောကြား သည်။

မြန်မာ-တရုတ် ကုန်သွယ်မှုသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေ ရိကန်ဒေါ်လာ သန်း ၃၁၀၀ ကျော် ကုန်သွယ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thank
Re-Post By ACM 27-6-2013

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...