အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2013

ရန်ကုန်မြစ်ဖြတ် ဒလတံတား တောင်ကိုရီးယား ဆောက်ပေးမည်ဟု သဘောတူ

မြန်မာ-တောင်ကိုရီးယား ချစ်ကြည်ရေး တံတားကို ရန်ကုန်မြစ်ဖြတ်၍ တည်ဆောက်ပေး ရန် သဘောတူညီလိုက်ပြီဟု တောင်ကိုရီးယား သတင်း ဌာနက ထုတ်ပြန်လိုက်သည်။တောင်ကိုရီးယား ဒုတိယ ဝန်ကြီးချုပ် Mr.Hyun Oh Scok ၏ ဇွန်လ ၂ဝ ရက်နေ့ မြန်မာပြည် ခရီးစဉ်အပြီး ၄င်းတို့က ဖော်ပြ လိုက်ခြင်းဖြစ်သည်။
မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးအပြီး ထိုကဲ့သို့ သဘောတူ ခဲ့ခြင်းဖြစ်ကြောင်း တံတား

တစ်ဖက်ခြမ်းတွင် တောင်ကိုရီးယားက စက်မှု ဇုန် တစ်ခုကို ဖော်ဆောင်နိုင်ဖို့လည်း မြန်မာ အစိုးရကို ဆက်လက် တိုက်တွန်းမည်ဖြစ် ကြောင်း သတင်းဌာနကဖော်ပြထားခဲ့သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ရန် ကုန်-ဒလတံတား ဖြစ်မြောက်နို င်စွမ်းကို စတင် လေ့လာနေပြီဖြစ်ပြီး ငါးလတာကြာမည်ဟု သတင်း ထုတ်ြ ပန်ပေးခဲ့သည်။၁၉၉၆ ခုနှစ်ပိုင်းကတည်းက ဆော်ဒီနှင့် မြန်မာပူးပေါင်း၍ ဒလ-ပန်းဆိုးတန်းတံတား ထိုးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် နည်းတူ ၂ဝ၁၂ ခုနှစ် ကလည်း မြေအောက်ဥမင် ဖောက်မည်၊ ကြိုးတံတားထိုးမည်ဟု ပုဂ္ဂလိက မီဒီယာများတွင်တာဝန်ရှိသူတို့၏ပြောကြား ချက်များဖြင့် ဖော်ပြခဲ့ကြသည်။

ရန်ကုန်မြို့နှင့် မိုင် ၄ဝ ကွာဝေးသည့် ဧရာဝတီတိုင်း ဒေးဒရဲမြို့မှ ရန်ကုန် သို့ နှစ် ရက်ခြားတစ်ခေါက် ကုန်ရောင်း၊ ကုန်ဝယ်လာ ရောက်နေသူ ဦးစိုးမြင့်က ”မြစ်ကူးတဲ့ အချိန် တိုင်း စဉ်းစားတယ်။ ဘာဖြစ်လို့ တံတားမထိုး နိုင်ရတာလဲလို့ အဖြေမထွက်ဘူး”ဟု ပြော သည်။ဒလဘက် ကမ်းမှ ရန်ကုန်သို့ ဇက် သင်္ဘောနှင့် သမ္ဗန်တို့ဖြင့် နေ့စဉ် လူငါးသောင်း နီးပါးခန့် ဖြတ်သန်းနေကြသည်။

တောင်ကိုရီးယား သတင်းဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ဒလ-ပန်း ဆိုးတန်း တံတားထိုးသွားဖို့ ရှိကြောင်းသာ ထုတ်ဖော်ပြောဆိုခဲ့ကြ ပြီး လုပ်ငန်းစတင် ဆောင်ရွက်မည့်အချိန်ကိုမူ မပြောဆိုခဲ့ပေ။လက်ရှိ တံတားနေရာကို ဒလ ဗိုလ်မင်း ရောင်လမ်းနှင့် ပြည်လမ်း ချိတ်ဆက်ဖို့ လျာ ထားသည်ဟု သိရှိရသည်။

မင်းသုအောင်

Popular Myanmar News Journal

Thit Htoo Lwin

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...