ကမ်းနေသူတစ်ဦး ဖြစ်သည်။
တက္ကသိုလ်ဝင်တန်း တစ်ခုတည်း သာ သင်ကြားပေးနေသော စစ်စီးတော ပညာဒါန၌ တက်ရောက်ပညာသင်ကြား နေသူ ၁၉၅ ဦးရှိသည့်အနက် သန်လျင် မြို့ကျောက်ရေတွင်း အထက်တန်း ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား ဦးရေ ၈ဝ ခန့် တက်ရောက်ပညာသင် ကြားနေခြင်း ဖြစ်သည်။ ကျောင်းနှင့် ပညာဒါနကြား လွန်ဆွဲနေသော ပညာ သင်ကြားမှု အပိုင်းတွင် ကျောင်းနေပျော် ၍ ပညာတော်ရေးပင် အဓိကဖြစ် ကြောင်း အထက်ပါ ဆရာ၏ မီးမောင်း ထိုးစကားကို စဉ်းစားကြဖို့ လိုကြောင်း မှတ်ချက် အသီးသီး ပြုကြသည်။စစ်စီးတောပညာဒါနကိ
”ဘုန်းကြီးတို့က ဒီပညာဒါန မသင်ရလို့ ဘာမှမဖြစ်ဘူး။ နေ့ခင်းဘက် သင်္ကန်းခြုံပြီး အိပ်လို့ရတယ်။ တကယ် လို့ မတရား ဖိနှိပ်လာတယ်ဆိုရင် မခံ နိုင်ဖြစ်ရင် မကောင်း ဘူး။ ကြားထဲက ကလေးတွေလည်း ပညာရေး အနှောင့် အယှက်ဖြစ်တယ်။ ဘုန်းကြီးကတော့ ကလေးတွေ ပညာတတ်ဖို့ အရေးပဲ ခေါင်းထဲရှိတယ်။ သူတို့ ကျောင်းက တတ်အောင် သင်ပေးနိုင်ရင် ဒီကလေး တွေ ဒီမှာ ဘာလာတက်နေစရာလိုလဲ” ဟု ဆရာတော်ကြီးက မိန့်သည်။ထို့အတူပင် စစ်စီးတောပညာဒါန သင်ကြားရေးပိုင်း တာဝန်ခံ ဆရာ ဦး အောင်ကိုလတ်က ကလေးများ ပညာ ရေးအတွက် ခရိုင်ပညာရေးမှူးနှင့် ဆွေး နွေးထားကြောင်း၊ ကျောင်းသူ၊ ကျောင်း သားများ အနေဖြင့် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်က စာမေးပွဲဖြေခွင့်ရှိ ကြောင်း ပြောသည်။
”ကျောင်းတစ်ရက် ပျက်တာနဲ့ ကျောင်းထုတ်ပစ်မယ်ဆိုတာမျို
”ကလေးတွေကို ကျောင်းပြေးလို့ ဆိုပြီး အပြင်ထွက် လက်မြှောက်ခိုင်း တာ။ အချို့ကျတော့လည်း ရိုက်တာတို့။ ဒါတွေ ပြန်ကြားရတဲ့အခါကျတော့ အချို့ ကျောင်းသားမိ ဘတွေဆို ငိုပြီး တော့တောင် လာပြောတယ်။
ပညာ ဒါန တက်တယ်ဆိုကတည်းက ကျွန် တော်တို့ ကလေးတွေရဲ့ စိတ်မှာ အရမ်း သိမ်ငယ်တယ်။ ဒီသိမ်ငယ်စိတ်ကို ထပ် လုပ်လိုက်တော့” ဟု စစ်စီးတောပညာ ဒါနရှိ ဆရာတစ်ဦးက ဝင်ရောက် ပြော ကြားသည်။အဆိုပါ ကျောင်းနှင့် ပညာဒါန ကြား အခက်အခဲကို ကျောက်ရေတွင်း အထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးက ”သူတို့တွေ ကျူရှင်တက် ဖို့ ကျွန်မတို့ ကျောင်းပိတ်မပေးနိုင်ဘူး” ဟု ပေါ်ပြူလာနယူးစ်၏ တရားဝင် သွားရောက်မေးမြန်းမှုကို ပြန်လည် ဖြေ ကြားခဲ့သည်။စစ်စီးတော ပညာဒါနမှာ ချို့တဲ့၍ ပြင်ပကျူရှင် မတက်ရောက်နိုင်သူများ အဓိကတက်ရောက်လျက်ရှိပြီး အသင် အပြကောင်းမှုနှင့် စည်းကမ်း ကြီးမှုများ ဖြင့် အခမဲ့သင်ကြားပေးမှု ကို နေ့စဉ်ပြု လုပ်နေပြီး များသောအားဖြင့် ကျောင်း ချိန်ပြင်ပ အချိန်များဖြစ်ကြောင်း ဆရာ ဦးအောင်ကိုလတ်က ပြောသည်။
”တစ်ခါတစ်ရံ ရန်ကုန်မြို့ထဲက နာမည်ရအသင်အပြကောင်းတဲ့ ဆရာ တွေ သူ့စရိတ်သူစားပြီး လာသင်ပေး တဲ့ နေ့တွေ ရှိတယ်။ သူတို့ကများသော အားဖြင့်တော့ ကျောင်းဖွင့်တဲ့ ရက်တွေ လာကြတာ။ စနေ၊ တနင်္ဂနွေဆို သူတို့ မအားကြဘူးလေ” ဟု ၎င်းကပြောသည်။သန်လျင်မြို့နယ်ရ
”စာသင်ကျောင်းက ကျူရှင်သွား ရင် ကျောင်းက မတက်နဲ့လို့ ပြောတယ်။ အဲဒီအတွက် စစ်စီးတောက ကျောင်း တစ်ရက်လုံး ခေါ်မယ်လို့ ပြောသံကြား ရင် အခက်အခဲတွေ့ပါတယ်။ ကျောင်း ကလည်း ကျောင်းမတက်ရင် ကျောင်း ထုတ်မယ်။ စစ်စီးတောက ဆရာတွေ ကလည်း မအားတဲ့ကြားက ဒုက္ခခံလာ သင်ပေးတာကြောင့် အားနာရပါတယ်” ဟု စစ်စီးတောပညာဒါနတွင် တက် ရောက်ပညာသင်ကြားနေသူ ကျောင်း သားတစ်ဦးက သူ၏ အခက်အခဲကို ပြောပြ သည်။ယင်းသို့ ကျောင်းနှင့် ပညာဒါန ကြား ဗျာများနေသော ကျောင်းသား များ၏ တူညီသည့်ဆန္ဒမှာ ကျောင်းနှင့် ပညာဒါနကြား ပြေလည်မှုရ၍ ၎င်းတို့ တက္ကသိုလ်ဝင် တန်း အောင်မြင်ရေး၊ အမှန်တကယ် စာကြေညက်၍ စာမေးပွဲ ဖြေဆိုနိုင်ရေးပင် ဖြစ်သည်။
”ဒီကတော့ ကလေးတစ်ယောက် ၁ဝ တန်းအောင်ဖို့ပဲလေ။ ၁ဝ တန်း အောင်ရင် သူ့ဘဝတစ်ဆစ်ချိုး ပြောင်း လဲသွားမှာပဲ။ ကျွန်တော်တို့ ရည်ရွယ် ချက်က ဒါပဲ”ဟု ဆရာဦးအောင်ကို လတ်က ပညာဒါန၏ ရည်ရွယ်ချက်ကို ပြောပြသည်။ ထို့အပြင် စစ်စီးတော ကျောင်း တိုက်ဆရာတော်ကြီးက ကျောင်းဂုဏ်ကို စစ်စီးတောက တစ်ဖက်တစ်လမ်း မြှင့် တင်ပေးနေသည်ဟု မှတ်ယူထိုက်ကြောင်း ထပ်လောင်း ပြောပြသည်။အစိုးရသစ် တက်ပြီးနောက် ပညာ ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု အချို့ စတင် လုပ်ဆောင်လာသော်လည်း အား နည်းချက်များစွာ ဖြစ်ပေါ်နေကြောင်း၊ ငွေကြေးမတတ်နိုင်သူများ အခက်အခဲ ဖြစ်ပေါ်သကဲ့သို့ ငွေကြေးတတ်နိုင်သူ များသာ တက်ရောက်သည့် ပုဂ္ဂလိက ကျောင်းများတွင်ပင် အခက်အခဲများစွာ ဖြစ်ပေါ်နေပြီး ပုဂ္ဂလိက ကျောင်းများ အကြား ကျောင်းပြောင်းရွှေ့ခွင့် မရှိခြင်း သည်ပင် ကြီးစွာသော ပညာသင်ကြား ရေး အခက်အခဲ တစ်ရပ်ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းက ထောက် ပြဝေဖန်လျက် ရှိနေကြသည်။
”အစိုးရက ကျောင်းနေ အရွယ် ကလေးတိုင်း ပညာသင်ကြားခွင့်တို့၊ စာ မတတ်သူ ပပျောက်ရေးတို့ဆိုပြီး လူ ကြားကောင်းအောင်ပြောနေလို့ မရဘူး။ ပုဂ္ဂလိက ကျောင်းတွေနဲ့ ကျောင်းမှာ ကျောင်းပြောင်းရွှေ့ခွင့် မရှိဘူးဆိုတော့ အစိုးရကလုပ်နေတဲ့ စာတတ်မြောက် ရေးက ဘာလဲ။ လွတ်လပ်စွာ ပညာ သင်ကြားခွင့်က ဘာလဲ” ဟု အငြိမ်းစား ဝန်ထမ်းတစ်ဦးက သူ၏အမြင်ကို ပြော သည်။ယင်းအကြောင်းအရာများနှင
မိုးမြင့်မြတ်
Popular Myanmar News Journal