အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2013

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ရှေးဟောင်း ငွေဒင်္ဂါးနှင့် ရွှေထည် ငွေထည်များ တွေ့ရှိ

မွန်ပြည်နယ် ပေါင်မြို့နယ် ကဒုံစီး ရပ်ကွက်၊ ကမော့မြောက်ကွင်း အမှတ် (၈၇၉)၊ ဦးပိုင်အမှတ်(၂)၊ ဦးအချိုမှုန့်- ဒေါ်ရေးတို့၏လယ်မြေတွင် အငှား ကောက်စိုက်နေသည့် ပေါင်မြို့နယ် ကဒုံစီးရပ်ကွက်၊

ကမ်းနားပိုင်း၊ အိမ်အမှတ် (၇ဝ)တွင် နေထိုင်သူ မောင်အောင်ဆန်းသည် ဇွန် ၂၅ ရက် ညနေ ၃ နာရီက လယ်မြေတွင် စပါးစိုက်ပျိုးရင်း မြေအိုး တစ်လုံးအား တက်နင်းမိသဖြင့် ဖော်ယူ ကြည့်ရှုခဲ့ရာမှ သင်္ကြန်

အတာ အိုးပုံစံ မြေအိုးတစ်လုံး တွေ့ရှိခဲ့သည်။

အဆိုပါ အိုးအတွင်းမှ တစ်ပြားလျှင် ငါးကျပ် သားခန့် ရှိသော အချင်း ၂ လက်မခန့်ရှိ ဘဲဥပုံ ငွေပြား ၃၂ ပြား၊ အလေးချိန် စုစုပေါင်း တစ်ပိဿာ ၂ဝ ကျပ်သား၊ အချင်း ၂ လက်မခန့် ရှိပြီး လုံးပတ် ၁ လက်မခွဲ အလေးချိန် ၁ဝ ကျပ်သား ကျော်ရှိ သော ရွှေလက်ကောက် တစ်ကွင်း၊ အချင်း ၂ လက်မခန့် ရှိပြီး လုံးပတ် ၁ ဒသမ ၂ လက်မရှိသော အလေးချိန် ၁ဝ ကျပ်သားရှိ ငွေလက် ကောက်တစ်ကွင်း တို့ကို တွေ့ရှိခဲ့သည်။

မောင်အောင်ဆန်းနှင့် မိဘများက ၎င်းတို့ လက်ဝယ်ရရှိထားသော ရှေးဟောင်း ငွေဒင်္ဂါးနှင့် ရွှေလက်ကောက်၊ ငွေလက်ကောက် များအား ယနေ့ နံနက် ၉ နာရီခွဲတွင် ပေါင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် မွန်ပြည် နယ် ရှေးဟောင်း သုတေသန ဦးစီးဌာနသို့ ဆက်လက် အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...