အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2013

ဦးသိန်းစိန်သာ လာမည့် သက်တမ်း ပြန်အရွေးခံရပါက အားကောင်းသော သမ္မတလောင်း ဖြစ်လာလိမ့်မည်ဟု အာရှအသင်းကကြိုတင်ခန့်မှန်း

သမ္မတ ဦးသိန်းစိန်သာ လာမည့် ၂၀၁၅ တွင် သမ္မတအဖြစ် ထပ်မံဆောင် ရွက်လိုပါက သူသည် အားကောင်း သောသမ္မတလောင်းတစ်ဦးဖြစ် လာလိမ့်မည်ဟု အမေရိကန်၏ ဩဇာကြီးမားသော အာရှ အသင်း ကြီးက ခန့်မှန်းလိုက်သည်။ 'မြန်မာနိုင်ငံ၏ အကူးအ ပြောင်းကို စဉ်ဆက်မပြတ်ထိန်း သိမ်းခြင်း၊ အရေးအကြီးဆုံးစိန် ခေါ်မှု ၁ဝချက်' ဟူသောခေါင်း စဉ်ဖြင့်ထုတ်ပြန်ခဲ့သော ယင်း၏ အစီရင်ခံစာ အခန်း(၂) '၂၀၁၅ ရွေး ကောက်ပွဲသို့လှမ်းကြည့်ခြင်း'ဟူ သောသုံးသပ်ချက်တွင် ယင်းကဲ့သို့
ကြိုတင်မှန်းဆခဲ့ခြင်းဖြစ်သည်။

''လာမည့် ရွေးကောက်ပွဲ တွင် မည်သို့သော အဖြေထွက်ပါ စေ။ မြန်မာနိုင်ငံတွင် ယင်း၏နိုင်ငံရေးအကူးအပြောင်းနောက် ကွယ်၌ အသိအမှတ်ပြုခံရသည့် ခေါင်းဆောင်သုံးဦး ရှိနေခဲ့ပြီဖြစ် သည်''ဟု အစီရင်ခံစာက ဖော် ပြထား သည်။ အဆိုပါ ခေါင်းဆောင်သုံး ဦးမှာ သမ္မတဦးသိန်းစိန်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူ ရဦးရွှေမန်းတို့ဖြစ်ကြောင်းလည်း အစီရင်ခံစာက ညွှန်းဆိုသည်။ မြန်မာနိုင်ငံ ၏ ၂၀၁၅ရွေး ကောက်ပွဲသည် မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းမှုအတွက် သော့ ချက်ကျမည့်ရွေးကောက်ပွဲတစ်ခု ဖြစ်ပြီး မျိုးဆက်သစ် နိုင်ငံရေး ခေါင်းဆောင်များအား နေရာ ထိုင်ခင်းပေး နိုင်ဖွယ် ရှိကြောင်း၊ ရွေးကောက်ပွဲရလဒ်ကို ကြိုတင် ဟောကိန်းထုတ်ရန်ခက်ခဲသော် လည်း အဆိုပါရွေးကောက်ပွဲ သည် အသည်းအသန်အကြံအဖန် လုပ်ထားရသည့် ၂၀၁ဝရွေးကောက် ပွဲနှင့် အထူးပင်ခြားနားသွားမည် ဟု ကြိုသိနိုင် ကြောင်း အာရှအ သင်းက ပြောသည်။ ၂၀၁၅ ရွေး ကောက်ပွဲသည် ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲလိုပင် လွတ်လပ် ပြီးမျှတနိုင်မည်ဟု အာရှအသင်း က မျှော်လင့်ထားသည်။

အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်သည် အစိုးရဖွဲ့ထားသော ပါတီအတွက် ဖြုံလောက်သော ပြိုင်ဘက်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါ တီက ပီအာရ်စနစ်ကို လာမည့်ရွေး ကောက်ပွဲတွင် ပြောင်းလဲကျင့် သုံးလိုနေကြောင်း အစီရင်ခံစာ ကရေး သည်။ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က ယင်းစနစ်ကိုပြင်းပြင်း ထန်ထန်ကန့်ကွက်ခဲ့သည်။ ပီအာရ် စနစ်သည် အင်အားကောင်း သော အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်နှင့်ယှဉ်လျက် လွှတ်တော် တွင် ပြည်ခိုင်ဖြိုးက နေရာရရှိဖို့ ဖြစ်လာ နိုင်ရာ အဆိုပါကိစ္စကို ရွေးကောက်ပွဲနီးလာသည်အထိ ငြင်းခုံနေကြရဦးမည်ဖြစ်သည်ဟု သုံးသပ်ထားသည်။

ညီလတ်

Yangon Times Daily

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...