ရိုး ဆင်တယ်လို့ ကြားသိ ရတာ ကြောင့် ဒါရိုက်တာ ဝိုင်းရဲ့ အမြင်ကိုမေးတော့
“ကျွန်တော်မြင်တာတော့ စာရေးဆရာ မြှားစစ်သည် ထွက်ထားတာ ၆နှစ်၊ ၇ နှစ်လောက်ရှိပါပြီ။ အဲဒါကို အဲဒီအချိန်ကတည်းက ဘာကြောင့်လို့ အကျယ်တဝင့် မရှင်းဘဲနဲ့ အခုအချိန်မှ ဘာလို့ရှင်းရတာလဲလို့ ပြန်မေးချင်
ပါတယ်။ ကျွန်တော်တို့ ကမသိဘူးလေ။ မသိတော့ စာရေး ဆရာမြှားစစ်
သည် ဆီကဝယ်တယ်။
သို့သော် ငြားလည်း ဒီလို တိုက်ဆိုင်မှုမျိုး၊ ဒီလိုတူညီမှုမျိုး ဆိုတာမြန်မာနိုင်ငံ စာပေလောကမှာ အုပ် ပေါင်း မနည်းပါဘူး။ အဲဒီတော့ ကျွန် တော် လည်း ဘာမှမှတ်ချက် မပေးလိုပါဘူး။ ကျွန် တော်တို့ ဘာသာ ကျွန်တော်တို့ လိပ်ပြာသန့်သန့်ပဲ ဖန်တီးထားတာပါ”လို့ ပြောပါတယ်။
လက်ပံ ဇာတ်ကား ဖိတ်စာမှာ ဒါရိုက်တာ ဝိုင်း က သူဟာ ဒီ ဇာတ်ကားရဲ့ ဥယျာဉ်မှူးလား၊ စစ်သူကြီးလားဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို
“ကျွန်တော်ပြောတာ မှန်ပါတယ်။ ဥယျာဉ်မှူး လား ဆိုတာ ဖွေးဖွေးလို အသစ် တစ်ယောက် ကို ပင်ပင်ပန်းပန်း ပျိုးထောင်ရခဲ့တဲ့ အတွက် ဥယျာဉ်မှူး လားလို့ပြောတာပါ။ စစ်သူကြီးလား ဆိုတာကတော့ ဒီဇာတ်ကား နဲ့ပတ် သက် သမျှနှောင့်ယှက် ဖျက်ဆီးမှုသမျှကို ကြံ့ ကြံ့ခိုင်ရင်ဆိုင် တိုက်ဖျက်တဲ့အတွက် စစ်သူကြီးပါ။ ဖိုက်တာလား ဆိုတာက တစ်ခါတ
လေလူမိုက်ဆန်ဆန်လုပ်ရတာတွေ အများကြီးပါ။ ဒါပေမဲ့ကျွန်တော်
ဘာကောင်မှ မဟုတ်တာ သေချာပါတယ်”လို့ ပြောပါတယ်။
သူ့ရဲ့ပရိသတ်တွေအတွက် တစ်လတစ် ကားနှုန်းနဲ့ ရိုက်ကူးနေပြီး ဒါရိုက်တာတွေထဲမှာ ဝင်ငွေအနည်းဆုံးပဲဖြစ်ကြောင
“ကျွန်တော် ဗီဒီယိုကို တစ်လ တစ်ကား ပဲရိုက်လို့ ကျွန်တော့်လောက
သားတွေ အများ စုရဲ့ငြိုငြင်မှုကို ခံရပါတယ် ။ဒါပေမဲ့ ကျွန်တော် နယ်သွားရင် ပရိသတ်က ဒါရိုက်တာ ဝိုင်းမို့ လို့ ကြည့်တာနော်ဆိုတဲ့ စကားတစ်ခွန်းတည်း နဲ့ အဲဒီပီတိနဲ့ ကျွန်တော့်အနုပညာအရည်အသွေးက
အဲဒီ အတွက် ဝင်ငွေ တအားနည်းပါတယ်။ ဒါရိုက်တာထဲမှာ ကျွန်တော် ဝင်ငွေ နည်းဆုံးပါပဲ”လို့ပြောပါတယ်
ဒါရိုက်တာ ဝိုင်းက ၂ဝ၁၄ မှာ “အာဒံ၊ဧဝ၊ ဒသ၂” လို့ နာမည် ပေးထားပေ မယ့် အဲဒီ နာမည်ကို မပေးချင်တဲ့ အတွက် “ကျူးပစ်ရဲ့ ကျေးကျွန်များ” လို့ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးမှာ ဖြစ်ကြောင်း ပြော
ပါတယ်။ သရုပ်ဆောင်တွေကတော့ နေတိုး ၊ စိုင်းစိုင်းခမ်းလှိုင် နဲ့ဖွေးဖွေး တို့ဖြစ်ကြောင်း ဒါရိုက်တာ ဝိုင်းကပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal