၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ဧပြီ ၁ ရက်မှ ဇွန် ၁၄ ရက်အထိ နှစ်လခွဲ ကာလအတွင်း
မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အထိ
ရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန
တာဝန်ရှိသူများထံမှ သတင်းရရှိသည်။
ယခုဘဏ္ဍာနှစ် ကုန်သွယ်ရာ၌ ထူးခြားချက် အနေဖြင့် သွင်းကုန်ပမာဏမှာ
ပို့ကုန်ပမာဏ၏ တစ်ဆခွဲအထိ မြင့်တက်နေခြင်းဖြစ်ပြီး ပို့ကုန်ပမာဏထက်
သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ
တစ်ဘီလျံနီးပါးအထိ ပိုမိုမြင့်တက်
နေခြင်းဖြစ်ကြောင်း သိရသည်။
သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ
၎ ဘီလျံ နီးပါးဖြစ်ပြီး ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ
ဝန်းကျင်ဖြစ်ကြောင်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ
လေးဘီလျံကျော်အထိ ရှိသည်ဟု သိရသည်။
ထို့အတွက်
နိုင်ငံ့ကုန်သွယ်မှုတွင် ပို့ကုန်မှရသည့် နိုင်ငံခြား ငွေပမာဏနှင့်
သွင်းကုန်အတွက် ပြန်သုံးသည့် နိုင်ငံခြား ငွေပမာဏ ကွာခြားချက်မှာ
အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး ရှိနေသည်။
ပို့ကုန်မှရသည့် ပမာဏထက်
ပိုမိုသုံးစွဲ လာရသည့်အတွက် ပြည်တွင်းရှိ နိုင်ငံခြားငွေကြေး လဲလှယ်သည့်
ဈေးကွက်အတွင်း၌လည်း အမေရိကန်ဒေါ်လာ လိုအပ်ချက်မှာ ယခင်နှစ်များကထက်
ပိုမိုများပြားလာသည့် အနေအထား ဖြစ်သည်။
လက်ရှိ
အမေရိကန်ဒေါ်လာလဲနှုန်း မြင့်တက်ရသည့် အကြောင်းရင်းများ ထဲတွင်လည်း
သွင်းကုန်အတွက် အမေရိကန်ဒေါ်လာ လိုအပ်ချက် မြင့်တက်မှုသည် အချက်တစ်ချက်
အနေဖြင့် ပါဝင်သည်ဟု ပြင်ပငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း အဓိက တင်သွင်းနေသည့် ကုန်စည်မှာ
ဆောက်လုပ်ရေး ကုန်ကြမ်းသုံး ပစ္စည်းများ၊ စက်သုံးဆီနှင့် မော်တော်ယာဉ်၊
စက်ယန္တရားတို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တရားမ၀င်
တင်သွင်းမှုများအတွက် သုံးစွဲရသည့် အမေရိကန် ဒေါ်လာမှာလည်း လစဉ်အမေရိကန်ဒေါ်လာ
သန်းချီသုံးစွဲလျက် ရှိနေပြီး ဟန်းဆက်၊ စက်သုံးဆီ၊ ဓာတ်ငွေ့ရည်၊ ဘိလပ်မြေ၊
လျှပ်စစ်ပစ္စည်း၊ လူသုံးကုန် ပစ္စည်းများအား အဓိက မှောင်ခိုတင်သွင်းလျက်
ရှိသည်ဟု သိရသည်။
ဟန်းဆက်တရားမ၀င် တင်သွင်းမှုကြောင့် မူဆယ်-
မန္တလေး ကုန်သွယ်မှုလမ်းကြောင်း တစ်ခုတည်းပေါ်၌ပင် ၂၇ ကြိမ်အထိ ဖမ်းမိပြီး
အလုံးရေ တစ်သောင်းနီးပါး ဖမ်းမိခဲ့ကြောင်း သိရသည်။
ထိုသို့
မှောင်ခိုများပြားနေဆဲ ဖြစ်သည့်အတွက် နိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ
မြင့်တက်သင့်သလောက် မြင့်တက်လာမှု မရှိကြောင်း၊ ထို့အတွက် ပင်လယ်ရေကြောင်း၊
လေဆိပ်တို့မှ မှောင်ခိုကုန်သွယ် မှုများကိုပါ အဖွဲ့ဖြင့် ဖမ်းဆီးရန်
ပြင်ဆင်လာကြောင်း သိရသည်။
EMG
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် စစ်ဆေးရေး စခန်းအား တွေ့ရစဉ်
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
June
(712)
-
▼
Jun 27
(36)
- “ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ...
- "ဟာသ လုပ်နေရရင် ပျော်နေတာပါ ဆိုတဲ့ အေးအေးခိုင်"
- သပိတ်ကျဉ်းဒေသခံများ လူမျိုးရေး ဘာသာရေး ပဋိပက္ခ စိုး...
- ဦးသိန်းစိန်သာ လာမည့် သက်တမ်း ပြန်အရွေးခံရပါက အားကေ...
- မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အာဆီယံ ခေ...
- တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု လေးပုံတစ်ပုံ ကျဆင်း
- ရွှေဆိုင်ချင်း စကားများ ကြားလူအုပ် ဝင်လု
- "ပြေတီဦးကို နောက်ထပ် အနုပညာမှတ်တိုင် စိုက်ထူစေချင...
- လာမယ့် ၇၂နာရီ အတွင်း မန်ယူနဲ့ စီရော်နယ်ဒိုတို့ တရာ...
- မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ရှေးဟောင်း ငွေဒင်္ဂါးန...
- ဆင်ဆာ အပိတ်ခံ ထားရသော ဇာတ်ကား အကြောင်းပြောပြသူ ဇွဲ...
- နိုင်ငံတော်အလံတော် နမော်နမဲ့လွှင့်ထူခဲ့ပြီး ၆ လ ကြာ...
- အလင်းရောင်ကြယ်များဘလောက်မှာအခုကဲ့ သို့ လာရောက်ဆဲဆိ...
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား တိုက်လေယာဥ...
- တစ်လတာ ကာလအတွင်း မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်...
- စက်မှုဇုန်များ ၂၄ နာရီ ဓာတ်အား ရရှိရေးအတွက် ၀န်ကြီး...
- နှစ်လခွဲအတွင်း နိုင်ငံ့ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်...
- အင်ဂျင်နီယာ ကျောင်းသားများ အစိုးရဌာန လုပ်ငန်းကြီးမ...
- ထိုင်းလေကြောင်း NOK AIR MINI စက်တင်ဘာ ၁ ရက်တွင် မေ...
- ရှဉ့်တွေမှာ ထူးခြားတဲ့ ဗီဇ
- အဆိုတော် သျှီ ရဲ့ မွေးနေ့ 
- အမေရိကန် ရေတပ်အတွက် ပထမဆုံးသော F-35C တိုက်လေယာဉ် E...
- "ဝင်ငွေအနည်းဆုံး ဒါရိုက်တာ (သို့မဟုတ်) ဒါရိုက်တာဝ...
- နိုင်ငံခြာသား ခရီးသွားများအတွက် Home Stay အစီအစဉ် ...
- ခေါင်းလောင်းသံ မမှန် ကျောင်းတော်က အသံ
- ဂျူဗင်းတပ်စ် အသင်းနှင့် တရားဝင် စာချုပ်လိုက်ပြီဖြစ...
- ဇိမ်ခံကားများ နယ်စပ်မှ တင်သွင်းခွင့်ပြုရန် အစီအစဉ်...
- ရှေးဟောင်း စာတိုက်သေတ္တာ ပြသ ထားရှိ
- ဆီးရီးယား အတိုက်အခံများ အနေဖြင့် လက်နက် ကိုင်ဆောင်...
- ကွန်ဖရက်ဒရေးရှင်းဖလား ဗိုလ်လုပွဲသို့ တက်ရောက်သွားသ...
- အိန္ဒိယ- မြန်မာ- ဘင်္ဂလာဒေခ်ျ့- တရုတ် လေးနိုင်ငံ ဆက်သ...
- ခေါင်းလောင်းသံ မမှန် ကျောင်းတော်က အသံ
- ရန်ကုန်မြစ်ဖြတ် ဒလတံတား တောင်ကိုရီးယား ဆောက်ပေးမည်...
- တရုတ်ဟန်းဆက် ဖြစ်ကြောင်း အလွယ်တကူ သိနည်း
- မလေးရောက် မြန်မာ အမျိုးသမီးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာ...
- ရန်ကုန်မှာ ကျင်းပမယ့် ရှစ်လေးလုံး ငွေရတုကို မိုးသီ...
-
▼
Jun 27
(36)
-
▼
June
(712)