ကိုယ်က သူ့ကိုချစ်သလို သူကလည်း ကိုယ့်ကိုချစ်ဖို့ပဲ အဓိကပါလို့ ဆိုတဲ့
အောင်ရဲလင်းရုပ်ရှင် ဇာတ်ကား ကြီးအတွက် အောင်ရဲလင်း မျှော်မှန်း ထားတာ
တွေများရှိမလား ဆိုတဲ့ မေးခွန်းကို တော့ "မရှိပါဘူး။ ရိုက်တဲ့ ကားကြီး
တွေအပေါ်မှာ အကောင်းဆုံးပဲ သရုပ်ဆောင် ပါတယ်။ အဓိက ကတော့ ကိုယ်လုပ်တဲ့
အလုပ်ကို အကောင်း ဆုံးလုပ်တာ ကိုယ်ဖြစ်ချင်တဲ့ နေရာ ဖြစ်ဖို့များ
တယ်လို့တော့ ကျွန်တော်
ထင်ပါတယ်"။ ပရိသတ်တွေ စိတ် ဝင်စားနေတဲ့ အချစ်ရေးနဲ့
ပတ်သက် ပြီးတော့ အချစ်ရေးက အေးဆေး ပါပဲ။ အသက် ၃၀ မှာ အိမ်ထောင် ပြုမယ်ဆိုတာ
ကတော့ အဲဒါက ခန့် မှန်းခြေနဲ့ ပြောတာလေ။ အဲဒါထက် စောရင်လည်း စောမယ်။ အဲဒီအ
သက်ထက် ပိုပြီးတော့ နောက်ကျရင် လည်း နောက်ကျမယ်။ ဘာမှန်း တော့ အတိအကျ
မသိသေးဘူး။ ကိုယ်တိုင်တောင် မသိသေးဘူး။ လှ တာတွေ မလှတာတွေ စိတ်မဝင် စားဘူး။
အဓိကကတော့ ကျွန်တော့် ကို နားလည် ပေးရမယ်။ ဖြူစင်ရ မယ်။ ကျွန်တော့်ကို
ချစ်ရမယ်။ ကျွန် တော်ကလည်း သူ့ကိုချစ်ရမယ်။ တော်တော် များများက အချစ်ကို
ပူလောင် တယ်လို့ အဓိပ္ပာယ်ဖွင့် တယ်ဆိုတော့ အစ်ကို့အနေနဲ့ အချစ် ကို ဘယ်လို
အဓိပ္ပာယ်ဖွင့်ချင်လဲ ဆိုရင် ဟုတ်မှာပေါ့။ အချစ်က ပူလောင်ရင်တော့
ပူလောင်မှာပါ။ အေးချမ်းရင်လည်း အေးချမ်းမှာ ပါ။ ဒါပေမဲ့ တစ်သမတ်တည်း တော့
ဘယ်အရာမှ မရှိဘူး။ By 8 Days