အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 May, 2013

လိင်တူလက်ထပ်ထိမ်းမြားခွင့် ဥပဒေအပေါ် လူတစ်သိန်းခွဲ ဆန့်ကျင်ဆန္ဒပြ

ပြင်သစ်နိုင်ငံမှာ လိင်တူချစ်သူခြင်း လက်ထပ်ထိမ်းမြားခွင့် တရားဝင်သတ်မှတ်လိုက်တာကို မကျေနပ်တဲ့အတွက် လူပေါင်း တစ်သိန်း ငါးသောင်းလောက်က ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်ကပဲ ပြင်သစ်နိုင်ငံသမ္မတ Francois Hollande က လိင်တူချစ်သူခြင်း လက်ထပ်ထိမ်းမြားဖို့ ဥပဒေကို ခွင့်ပြုလိုက်ပြီ ဖြစ်ပေမယ့် ဒီလို အသိအမှတ်ပြုမှုကို ဆန့်ကျင်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းကလည်း လိင်တူလက်ထပ်ထိမ်းမြားတာကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ခဲ့တဲ့အတွက် ရဲတွေက လူပေါင်း ၅၀ ကို ဖမ်းဆီးခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် တနင်္ဂနွေနေ့ ဆန္ဒပြမှုမှာတော့ လူပေါင်း တစ်သိန်းခွဲလောက်က ပါရီမြို့မှာ ဆန့်ကျင်ဆန္ဒပြတာဖြစ်တဲ့အတွက် အကြီးမားဆုံးသော လိင်တူထိမ်းမြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုဖြစ်တယ်လို့ ဥရောပအခြေစိုက် အေဘီစီ သတင်းထောက် ဖိလိဝီလီယံက သတင်းပေးပို့ခဲ့ပါတယ်။

ရဲတွေက ဆန္ဒပြသူ တစ်သိန်းခွဲရှိတယ်လို့ ပြောပေမယ့် ဆန္ဒပြမှုဦးဆောင်သူတွေကတော့ ဆန့်ကျင်ဆန္ဒပြသူ လူပေါင်း တစ်သန်းလောက် ရှိတယ်လို့ ချေပပြောဆိုထားပါတယ်။

လိင်တူထိမ်းမြားခြင်းကို ခွင့်ပြုတဲ့ ပြင်သစ်သမ္မတကိုလည်း ရာထူးကနေ ဆင်းပေးပို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက တနင်္ဂနွေနေ့ အစောပိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပေမယ့် ဆန္ဒပြမှု ပြီးဆုံးခါနီးအချိန်မှာ ဆန္ဒပြသူပေါင်း ၅၀၀ လောက်က ရဲတွေကို ဘီယာပုလင်းတွေအပါအဝင် တခြား ရရာပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ရဲတွေသာမက သတင်းယူနေတဲ့ သတင်းသမားတွေလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို အခြေအနေကြောင့် လူပေါင်း ၉၆ ယောက်ကို ဖမ်းဆီးထားပြီး မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ရတယ်လို့လည်း သိရပါတယ်။

ABC Radio Australia
လိင်တူခြင်းလက်ထပ်ထိန်းမြားခွင့် ရတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြခဲ့သူကို ရဲတွေ ဖမ်းဆီးခေါ်ဆောင်သွားစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...