အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 May, 2013

ပြည်တွင်း သစ်ကုမ္ပဏီများ အနေဖြင့် ပြည်ပသို့ သစ်နှင့် သစ်အချောထည်ပစ္စည်း တင်ပို့လျက်ရှိရာ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး ရရှိ

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ သစ်နှင့် သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိပြီး ပြည်တွင်းသစ် ကုမ္ပဏီများ အနေဖြင့်လည်း သစ်နှင့် သစ်အချောထည် ပစ္စည်းများကို တင်ပို့လျက်ရှိရာ ၂၀၁၂ အတွင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင် အသင်းမှ သိရသည်။
ယင်းကဲ့သို့ တင်ပို့မှုမှာ ပြည်တွင်းသစ် ကုမ္ပဏီ ၇၀ မှ တင်ပို့ခြင်းဖြစ်ပြီး ၂၀၁၂ တစ်နှစ်တာ ကာလအတွင်း စုစုပေါင်း ၂၈၆၆၃ တန် ကျော်တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ပြည်တွင်းက သစ်ကုမ္ပဏီတွေ အနေနဲ့ ပြည်ပကို သစ်နဲ့သစ်အချောထည် ပစ္စည်းတွေ တင်ပို့လျက်ရှိရာမှာ ကုမ္ပဏီ ၇၀ ကျော်ကတော့ တင်ပို့နေပါတယ်။ အများအားဖြင့်တော့ ကြမ်းခင်းပြား၊ ပရိဘောဂတွေနဲ့ နံရံမှာ အလှဆင်ထားတဲ့ သစ်တွေကိုလည်း ပို့ရပါတယ်။ အသင်းအနေနဲ့လည်း ပြည်တွင်းကုမ္ပဏီတွေ ပြည်ပကို သစ်နဲ့သစ်အချောထည် ပစ္စည်းတွေ၊ သစ်တောထွက် ပစ္စည်းတွေ တင်ပို့နိုင်ဖို့ အတွက်လည်း ဆောင်ရွက်ပေးနေပါတယ်" ဟုလည်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင် အသင်းမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ သစ်တင်ပို့ရာ၌ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့အပြင် အီးယူနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

သို့သော်လည်း လက်ရှိကာလ၌ ပြည်တွင်းရှိ သစ်စက်ရုံ အများစုမှာ ရပ်နားထားရပြီး စက်ရုံ ၇၀ ကျော်ခန့်သာ လည်ပတ်နေသေးကြောင်း၊ ၂၀၀၃-၂၀၀၄ ခန့်က မြန်မာနိုင်ငံတွင် သစ်အချောထည် စက်ရုံ ၂၀၀ ခန့် ရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် သစ်အချောထည်စက်ရုံ အများစု ရပ်နားလာကြကြောင်း၊ လက်ရှိကာလတွင်မူ စက်ရုံအများစုမှာ ပြန်လည်လည်ပတ်နိုင်ရန် ပြင်ဆင်မှုများ ရှိလာကြပြီ ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတော်အတွင်း သစ်ထုတ်လုပ်မှု ပမာဏ လျှော့ချရေး ဆောင်ရွက်သည့် လုပ်ငန်းများအနက် ကနဦး လုပ်ငန်းစဉ်အဖြစ် ၂၀၁၄ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းလိုက်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၂၆/၂၀၁၃) အရ သိရသည်။

EMG
ပြည်ပတင်ပို့မည့် သစ်များကို သီလ၀ါ ဆိပ်ကမ်းသို့ သယ်ဆောင်လာစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...