အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 May, 2013

ဘန်ကောက်တွင် ပေါက်ကွဲမှုဖြစ်ပွား

လူ(၇)ဦး ဒဏ်ရာများ ရရှိခဲ့သည့် ဘန်ကောက်မြို့ ဆင်ခြေဖုံးတွင် ဖြစ်ပွားသော ပေါက်ကွဲမှုသည် ဗုံးတစ်လုံးကြောင့် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သင်္ကာမကင်း ဖြစ်နေသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် တနင်္ဂနွေနေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွက် ရဲများ ဆက်လက် စုံးစမ်းနေဆဲ ဖြစ်သည်။ လူ(၇)ဦး ဒဏ်ရာများ ရရှိခဲ့သည့် ဘန်ကောက်မြို့ ဆင်ခြေဖုံးတွင် ဖြစ်ပွားသော ပေါက်ကွဲမှုသည် ဗုံးတစ်လုံးကြောင့် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သင်္ကာမကင်း ဖြစ်နေသည်။ ဘန်ကောက်အရှေ့ပိုင်း ရမ်ခမ်ဟွေအန်းတွင် ဖြစ်ပွားသော ပေါက်ကွဲမှုအနက် (၇)ဦးကို ဆေးရုံတင်ခဲ့ရပြီး (၂)ဦးမှာ အခြေအနေ အတော်ဆိုးကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

ပြင်းထန်သည့် ပေါက်ကွဲမှု အရှိန်အဟုန်ကြောင့် (၂)ထပ် အဆောက်အအုံတစ်လုံး ပျက်စီးသွားပြီး လမ်းဘေးရှိ အရောင်းဆိုင် အတော်များများတွင်လည်း ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားသော ရမ်ခန်ဟွေအန်း လမ်းသည် လူစည်ကားသည့် နေရာတစ်ခုလည်း ဖြစ်သည်။

ပေါက်ကွဲမှုကြောင့် ဖြတ်သွားဖြတ်လာ လူအများရော၊ အရောင်းဆိုင်များတွင် ရှိနေသူများပါ ခြောက်ခြား တုန်လှုပ်စွာဖြင့် ထွက်ပြေးခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ အစောပိုင်းက ယခုပေါက်ကွဲမှုသည် ဓာတ်အား ထရန်စဖော်မာတစ်ခုတွင် မတော်တဆ ဖြစ်ပွားသော အခြေအနေဟု မှတ်ယူခဲ့သော်လည်း နောက်ပိုင်း စုံစမ်းမှုများအရ ဗုံးတစ်လုံး ဖြစ်နိုင်သည်ဟု သံသယ ဝင်လာခြင်းလည်း ဖြစ်သည်။

Source: Xinhua

Planet.com.mm

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...