ရုပ်ရှင်ရုံ နည်းပါး သွားရခြင်း အတွက်
စိတ်မကောင်း ဖြစ်ရကြောင်း အကယ်ဒမီ မို့မို့မြင့်အောင် က
ပြောသည်။”ရုပ်ရှင်ရုံတွေ သိပ်မရှိကြတော့ဘူးလေ။ အခုလည်း ရွှေမန်းရုံ နဲ့
သီတာရုံ ပါသွားပြီလို့ ကြားရတယ်။ စိတ်မကောင်းလိုက်တာ။ ထုတ်လုပ်သူတွေက
ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ပြီး ဘယ်ရုံမှာ သွားတင်ရမှာလဲ။ မမို့တို့
ဆီမှာလည်း ရှော့ပင်း မောလ်တစ်ခု၊ ဟိုတယ်တစ်ခု ဖွင့်ပြီ ဆိုရင် နိုင်ငံခြားက
လိုမျိုးတော့ ရုပ်ရှင်ရုံ အနည်းဆုံး တစ်ခုလောက်တော့ ပေးသင့်တာပေါ့။
အနုပညာသမားတွေက ဘယ်လောက်ချည်း ပဲဖြစ်ဖြစ် လုပ်ပေးဖို့ ဆိုတာကလည်း
မလွယ်ဘူးလေ။ မြန်မာပြည် ကတော့ ဗီဒီယိုလည်း ဗီဒီယို ဈေးကွက်မို့လို့
အခြေအနေ ဆိုးပါတယ်။ အခုဆိုလည်း စာချုပ် ရှိနေတဲ့ ပြေတီဦးတို့၊ နေတိုး
တို့လောက်ပဲ ရှိတာလေ။ ကျန်တာတွေက သိပ် မရိုက်ရဘူး။ မမို့လည်း အရင်တုန်းက
မမို့ ရိုက်ရက်ရဖို့ ၁ဝ လ ၁ နှစ်စောင့်ရတာ။ အခုဆို စီမယ့်လူတောင် မရှိဘူး။
လာ တစ်ကားပဲရှိတာ” ဟု မို့မို့မြင့်အောင်က ပြောသည်။ မို့မို့မြင့်အောင်က
လပ်ကီးဆဲဗင်း ထုတ် လုပ်ရေးဖြင့် ယခုလ ထဲမှာ ရုပ်ရှင် ဇာတ်ကားကြီး
ရိုက်ကူးဖို့ ရှိကြောင်း သိရသည်။
”မမို့တို့ခေတ် နဲ့တော့ ဘယ်တူမလဲနော်။ မမို့ တို့ခေတ်ကဆို ရုပ်ရှင် ဇာတ်ကားကြီးဆို တစ်ကားကို ရိုက်ရက် ၁၅ ရက်ပေးတယ်။ နယ်ဆိုရင် ရက် ၂ဝ ပေးတယ်။ ၁ နှစ်နဲ့ ၆ လ ဇာတ်ကားကြီး ရိုက်ဖို့ အများကြီး တန်းစီရတယ်။ အခုတော့ ကလေး တွေ အတွက် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား ရိုက်ဖို့ဆိုတာ မလွယ်လှရှာဘူး။ တစ်ခေတ်တော့ ပြန်လည် လာမှာပါလို့ မျှော်လင့်ပါတယ်။ မမို့ တို့ခေတ်တုန်းက ဗီဒီယို မရှိဘူး။ ရုံတွေက လည်း အများကြီး ရှိတယ်လေ။ အကယ်ဒမီ ဇာတ်ကား ဆန်ခါတင် စာရင်းဝင်တဲ့ ၇ ကားကို ကြည့်လိုက်ရင် မို့မို့မြင့်အောင် အချင်းချင်း ဖိုက်နေရတာ” ဟု ပြောသည်။
ခိုင်ဝေလွင်
By Popular Myanmar