အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 May, 2013

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်တွင် ရေကြီးမှုဖြစ်ပွား

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန် တိုနီယိုမြို့တွင် မေ ၂၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး
သောင်တင်နေသော ကားများနှင့် ဒေသခံ လူရာပေါင်းများစွာကို အကူအညီ ပေးရန်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ရေကြီးမှုကြောင့် ကားအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦးသည် ကားခေါင်မိုးပေါ်သို့ တက်ရန် ကြိုးပမ်းခဲ့သော်လည်း ကားမှာ ရေစီးနောက် မျောပါခဲ့ကြောင်းနှင့် ၎င်း၏ ရုပ်အလောင်းကို ခြံစည်းရိုးအနီးတွင် တွေ့ရှိခဲ့ကြောင်း မီးသတ် တပ်ဖွဲ့ဝင်များက ပြောကြားခဲ့ သည်။

ထို့အပြင် အသက် ၃ဝ ခန့်ရှိ အခြား အမျိုးသမီး တစ်ဦးသည် ဒေသစံတော် ချိန် နံနက် ၇ နာရီခွဲက ရေဘေးသင့်၍ သေဆုံးခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် မြစ်ရေတက်နေသော မြစ်ကိုဖြတ်ကူးရန် ကြိုးပမ်းနေစဉ် ရေစီးနောက် မျောပါသွားသော ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးနှင့် အခြားကားအတွင်း ပိတ်မိနေသော အမျိုးသမီး တစ်ဦးတို့ကို ရှာဖွေလျက်ရှိကြောင်း သိရသည်။

အာဏာပိုင်များသည် ရေကြီးမှုစတင် ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ မြို့တစ်ဝန်း ကယ်ဆယ်ရေး လုပ်ငန်း ၂၃၅ ခု ကျော် လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...