လီယွန်နယ်လ် မက်ဆီနှင့် တွဲကစားလိုသည့် မိမိ၏အိပ်မက် အမှန်တကယ် ဖြစ်လာပြီဟု ဆန်းတို့စ် တိုက်စစ်မှူးလေး နေမာက ဖွင့်ဟပြောကြားလိုက်သည်။ အသက် (၂၁)နှစ်ရှိ နေမာသည် တနင်္ဂနွေနေ့က ဖလာမင်ဂိုနှင့်
ဂိုးမရှိ သရေကျသော ပွဲစဉ်ကို ၎င်း၏ နှုတ်ဆက်ပွဲအဖြစ် ကစားခဲ့သည်။
နေမာသည် ရာသီကုန်တွင် စပိန်ထိပ်သီး ဘာစီလိုနာ အသင်းသို့ ကူးပြောင်းရန် သဘောတူညီမှု ရရှိထားခဲ့သည်။ ၎င်းသည် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် မက်ဆီ ကစားနေသော စပိန်ချန်ပီယံ အသင်းတွင် (၅)နှစ် သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုသွားမည်ဟု ဘာစီလိုနာက ကြိုတင် ကြေညာထားသည်။ နေမာ၏ပြောင်းရွှေ့ကြေးကို တိတိကျကျ မသိရသေးဘဲ ပေါင်စတာလင်
သန်း(၂၀)မှ သန်း(၃၀)ကြားထိ အမျိုးမျိုး ခန့်မှန်း ဖော်ပြမှုများ
ရှိနေသည်။
Planet.com.mm