မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သော (၂၀၁၀)ခုနှစ်မှ စ၍ မူးယစ်ဆေးဝါးသုံးစွဲမှုများ ပိုမိုဆိုးဝါးလျက်ရှိနေကြောင်းနှင့် အုပ် ချုပ်ရေးပိုင်း ဆိုင်ရာများက မူးယစ်ဆေးဝါးပြဿနာများကို ရှိမှန်း သိလျှက်နှင့် လျစ်လျူရှုထားပြီး အရေးယူမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ကျွန်မကတော့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေက ဒီမူးယစ်ဆေးဝါးပြဿနာတွေကို ရှိမှန်း သိရဲ့သားနဲ့ လျစ်လျူရှုထားပြီးတော့အရေး မယူဘူးလို့ နားလည်ပါတယ်၊ တချို့နေရာတွေမှာဆိုရင် မူးယစ်ဆေးဝါး လုပ်ကိုင်နေတဲ့ သူတွေနဲ့ ပူးပေါင်းပြီးတော့ဆောင်ရွက်နေတယ်လို့တောင် ကျွန်မ ကြားရပါတယ်၊ ဒီကိစ္စ
တွေကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာက နေ ထိထိမိမိ အရေးယူကိုင်တွယ်ဖို့ လိုအပ်ပြီဆိုတာ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြောချင်ပါတယ်”ဟု အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောကြားသည်။
မူးယစ်ဆေးဝါး ပြဿနာသည် တိုင်းပြည်၏ ဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေးလည်း ထိခိုက်မှုများ ရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ရှိ တော်ဝင်
နှင်းဆီခန်းမ၌ ယနေ့ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့
ချုပ်၏ ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးတွင် ပြောကြား
ခြင်းဖြစ်သည်။
“ဘာဖြစ်လို့ ဒီမူးယစ်ဆေးဝါးကိစ္စက ဒီသုံးနှစ်အတွင်း ပိုဆိုးလာ
တာလဲ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာကနေ ထိထိမိမိ မလုပ်ကိုင်နေ
လို့လား၊ ထိထိမိမိ မချဉ်းကပ်၊ မကိုင်တွယ်နိုင်လို့လားဆိုတာ
မေးခွန်းထုတ်စရာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ ထောက်ခံမှုကို လိုချင်ပါက မူးယစ်ဆေးဝါးကိစ္စကို လျစ်လျူရှု၍ ရမည်မဟုတ်ကြောင်း၊ အဆို
ပါ ကိစ္စကို တစ်ကမ္ဘာလုံးက အလေးအနက်ထားနေကြောင်း၊ လူ
ငယ်များကို ဖျက်ဆီးနေသော မူးယစ်ဆေးဝါးကိစ္စသည် မိမိတို
့နိုင်ငံ၏ ပစ္စုပ္ပန်တင် မဟုတ်ဘဲ အနာဂတ်အတွက်လည်း အလွန် အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးစတင်ပြီး သုံးနှစ်ကြာလာသည့်
အချိန်တွင် မူးယစ်ဆေးဝါးကိစ္စကဲ့သို့ အကောင်းဘက် ပြောင်းလဲ
မလာသည့် အကြောင်းများမှာ တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊
ပြည်တွင်းငြိမ်းချမ်းရေး မရှိခြင်း၊ ဒီမိုကရေစီ နိုင်ငံတစ်ခုအတွက် လုံလောက်သင့်တော်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု မရှိခြင်း
စသည့် အရာသုံးခုပေါ်တွင် မူတည်လျက်ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်က ထောက်ပြပြောကြားသွားသည်။
ထက်နောင်နောင်
မြန်မာ့ခေတ်
“ကျွန်မကတော့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေက ဒီမူးယစ်ဆေးဝါးပြဿနာတွေကို ရှိမှန်း သိရဲ့သားနဲ့ လျစ်လျူရှုထားပြီးတော့အရေး မယူဘူးလို့ နားလည်ပါတယ်၊ တချို့နေရာတွေမှာဆိုရင် မူးယစ်ဆေးဝါး လုပ်ကိုင်နေတဲ့ သူတွေနဲ့ ပူးပေါင်းပြီးတော့ဆောင်ရွက်နေတယ်လို့တောင် ကျွန်မ ကြားရပါတယ်၊ ဒီကိစ္စ
တွေကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာက
မူးယစ်ဆေးဝါး ပြဿနာသည် တိုင်းပြည်၏ ဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေးလည်
နှင်းဆီခန်းမ၌ ယနေ့ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့
ချုပ်၏ ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးတွင် ပြောကြား
ခြင်းဖြစ်သည်။
“ဘာဖြစ်လို့ ဒီမူးယစ်ဆေးဝါးကိစ္စက ဒီသုံးနှစ်အတွင်း ပိုဆိုးလာ
တာလဲ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာကနေ ထိထိမိမိ မလုပ်ကိုင်နေ
လို့လား၊ ထိထိမိမိ မချဉ်းကပ်၊ မကိုင်တွယ်နိုင်လို့လားဆိုတ
မေးခွန်းထုတ်စရာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ ထောက်ခံမှုကို လိုချင်ပါက မူးယစ်ဆေးဝါးကိစ္စကို လျစ်လျူရှု၍ ရမည်မဟုတ်ကြောင်း၊ အဆို
ပါ ကိစ္စကို တစ်ကမ္ဘာလုံးက အလေးအနက်ထားနေကြောင်း၊ လူ
ငယ်များကို ဖျက်ဆီးနေသော မူးယစ်ဆေးဝါးကိစ္စသည် မိမိတို
့နိုင်ငံ၏ ပစ္စုပ္ပန်တင် မဟုတ်ဘဲ အနာဂတ်အတွက်လည်း အလွန် အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးစတင်ပြီ