အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 May, 2014

ကျောင်းအပ်နှံရာတွင် ကျပ်သိန်းချီပေးရမှုအချို့ ရှိနေဆဲ

Photo: ကျောင်းအပ်နှံရာတွင် ကျပ်သိန်းချီပေးရမှုအချို့ ရှိနေဆဲ 

အခြေခံပညာ ကျောင်းများတွင် အလယ်တန်းအဆင့် အခမဲ့ပညာရေးစနစ်ကို ယခု ၂၀၁၄-၁၅ ပညာသင်နှစ်တွင် စတင်မည်ဟု ထုတ်ပြန်ထားသော်လည်း မေလ ၂၅ ရက် ကျောင်းများ စတင်အပ်နှံချိန်တွင် မိဘအချို့မှာ ကျောင်း အပ်နှံ နိုင်ရေးအတွက် ကျပ်သိန်းနှင့်ချီ ကုန်ကျသူများ ရှိနေကြောင်း ကျောင်းသားမိဘ အချို့က ပြောသည်။

ထိုသို့ ငွေကြေးတောင်းခံမှု အများဆုံးခံရသော ကျောင်းသားများမှာ မူလတန်း ပညာ ပြီးဆုံး၍ မိမိနေသည့်ကျောင်းတွင် အလယ်တန်းမရှိခြင်းနှင့် ကျောင်း ပြောင်းလိုသော ကျောင်းသားသစ်များက ၀င်ခွင့်အဖြစ် တောင်းခံနေရ ကြောင်း ကျောင်းသားမိဘ အချို့က ဆိုသည်။

‘‘ကျောင်းသွားအပ်တာကို အသစ်ပြောင်းလာတဲ့ ကျောင်းသား မိဘမှန်းလည်း သိရော ဆရာမတွေက ဆရာကြီးနဲ့ တွေ့ပြီးပြီလားဆိုတာပဲ မေးနေတယ်။ တွေ့ပြီးလို့ သေချာလုပ်ဆောင်ပြီးပြီ (ငွေပေးပြီးပြီ)ဆိုမှပဲ ငြိမ်သွားကြတယ်’’ ဟု ရန်ကုန်မြို့တွင်မြို့နယ်ပြောင်း၍ ပဉ္စမတန်းတန်း ကျောင်းသားကို သွားရောက် အပ်နှံခဲ့သော ကျောင်းသား မိဘတစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းသားမိခင်သည် ကျောင်းသားသစ် အပ်နှံခြင်းအတွက် ကျပ်ခြောက်သိန်း ပေးဆောင်ခဲ့ရကြောင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ ကျောင်းသား မိခင်တစ်ဦးက ဆိုသည်။

‘‘အသစ်အပ်တဲ့ သူတွေကတော့ ပေးရတာပဲ။ တချို့တတ်နိုင်တဲ့ သူတွေဆို ကလေးနေရာ ရရှိရေးအတွက်ကိုရော စုစုပေါင်း ၁၀ သိန်းလောက်ထိ ပေးခဲ့ ရတာတွေလည်း ရှိတယ်’’ ဟု အခြားကျောင်းသား မိဘတစ်ဦးက ဆိုသည်။

သို့သော် ထားသည့် အခန်းတွင် ရယူကာ အပ်နှံသော ကျောင်းသားမိဘ များမှာ ကျောင်းအပ်နှံရာတွင် ဘာသာရပ်ဆိုင်ရာ ပုံနှိပ်စာအုပ်များ ရရှိသည့် အပြင် ငွေကြေးပေးဆောင်ရန် မလိုကြောင်း မေလ ၂၅ ရက်က ကျောင်းအပ် နှံခဲ့သော အင်းစိန်မြို့နယ်မှ ကျောင်းသား မိဘများက ဆိုသည်။

7 Day News daily

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...