မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်အတွင်း ရေနံတူးသူများအား သက်ဆိုင်ရာ ရဲစခန်းမှ ဇွန် ၁၃ ရက်နံနက် ၈နာရီ နောက်ဆုံးထား ထွက်ခွာရန် ကြေညာခဲ့မှုကြောင့် ရေနံတူးသူများက ဒုတိယအကြိမ် စုဝေးကန့်ကွက် ခဲ့ကြကြောင်း သိရသည်။ယင်းမှော်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားမှ ရေနံတူးသူ နှစ်သောင်းခန့် လာရောက်လုပ်ကိုင်လျက်ရှိကြောင်း ပထမအကြိမ် ဇွန် ၉ ရက် နောက်ဆုံး
ထား ထွက်ခွာရန် ကြေညာခဲ့စဉ်ကလည်း ၀ိုင်းဝန်းကန့်ကွက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါမှော်ကို ၂၀၀၆ ခုနှစ်က ပုဒ်မ ၁၄၄ ထုတ်ကာ သေနတ်ဖောက် သိမ်းယူခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီ ၂၉ ရက်က မူရင်းပိုင်ရှင် တောင်သူများသို့
ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ရေနံတူးသူများ စုဝေးခဲ့ကြစဉ်
ပြဿနာများ မဖန်တီးကြရန် ဖန်တီးသူများရှိလာပါက သတိရှိရှိဖြင့် ရှောင်
ရှားပြီး အေးချမ်းစွာဖြင့် ရေရှည်တူးဖော်ခွင့် ရရှိသည်အထိ တောင်းဆိုကြရန် အများသဘောတူ ဆုံးဖြတ်ခဲ့...
''ကျွန်တော်တို့ကို ပြန်ပေးလို့ ယာစိုက်ဖို့ မြေရှင်းနေစဉ်မှာပဲ ဘေးနယ်က
လူတွေ အပါအ၀င် ရေနံတွင်းအဟောင်း လာဖော်သူတွေ တစ်နေ့တခြား များလာလို့ သက်ဆိုင်ရာ ဌာနတွေကို တိုင်ကြားခဲ့ပေမယ့် အရေးယူမှု မရှိခဲ့ပါဘူး။ အခုလို လူတွေအများကြီး ရောက်လာပြီးမှ အပြီးထွက်ပါဆိုတော့ ဆုံးရှုံးနစ်နာမှုတွေ ပိုများကုန်တာပေါ့။ ပြီးတော့ မလိုလားအပ်တဲ့
ပြဿနာတွေ ပေါ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်'' ဟု ထန်းကိုင်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ထန်းကိုင်း အစိုးရ ရေနံမြေမှ တာဝန်ခံ တစ်ဦးက ''ကျွန်တော်တို့ကတော့ နေ့စဉ် အခြေအနေကို အထက်ဌာနဆီ တင်ပြပေးနေပြီး ညွှန်ကြားချက်တွေတော့ မလာသေးပါဘူး။
ဒီပြဿနာတွေ ပြေလည်နိုင်ဖို့က တရားဥပဒေ စိုးမိုးရေးနဲ့ သက်ဆိုင်တဲ့
အတွက် ဒေသခံ အုပ်ချုပ်သူတွေကို အကူအညီ တောင်းထားလို့ သူတို့လည်း လုပ်ဆောင်သင့်တာတွေ ပြုလုပ်နေပါတယ်'' ဟု ဖြေကြားခဲ့သည်။
ဇွန် ၁၃ ရက်က ရေနံတူးသူများ စုဝေးခဲ့ကြစဉ် ပြဿနာများ မဖန်တီးကြရန် ဖန်တီးသူများ ရှိလာပါက သတိရှိရှိဖြင့် ရှောင်ရှားပြီး အေးချမ်းစွာဖြင့်
ရေရှည်တူးဖော်ခွင့် ရရှိသည်အထိ တောင်းဆိုကြရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
EMG