အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 June, 2013

နှစ် ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားကို ရှေးမူမပျက် ပြန်လည်ပြုပြင်မည်

ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်မှု အများဆုံးနေရာ များတွင် တစ်ခုအပါအဝင် ဖြစ်သော မန္တလေးမြို့တော်ရှိ နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားကို ရှေးမူမပျက် ပြန်လည်ပြုပြင်ရန် စီစဉ်လျက်ရှိကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) ထံမှ သိရသည်။ဆွေးမြည့်နေသော တိုင်များ၊ တံတား ကြမ်းခင်းများကို အစားထိုးလဲလှယ် ပြုပြင်သွားမည်ဖြစ်ပြီး အဆိုပါပြုပြင်မည့် ကုန်ကျစရိတ်များကို တွက်ချက်နေပြီ ဖြစ်ကာ တွက်ချက်ပြီးပါက စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ ထပ်မံသိရသည်။

အဆိုပါ ဦးပိန်တံတားသည် တောင်သမန်အင်း ပေါ်တွင် ဆောက်လုပ်ထားသဖြင့် ရေစီးရေလာ ကောင်းမွန်ရန် ဆောင်ရွက်ပေး သင့်ကြောင်း၊ တိုင်များ လဲလှယ်ရာတွင်လည်း ရေဆိုးများကြောင့် မြေကြီးထဲ မြှုပ်နေပြီး ပျက်စီးနေသော တိုင်များရှိသဖြင့် သေချာစိစစ် လဲလှယ်သင့်ကြောင်း၊ ဦးပိန် တံတားအနီး ဈေးဆိုင်များမှာ တံတားနှင့် နီးကပ်နေခြင်းကြောင့် ပျက်စီးမှုများစွာ ရှိနိုင်ကြောင်း မန္တလေးမြို့တော်အခြေစိုက် စိမ်းရောင်စို Activities မှ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

ယင်းအပြင် အဆိုပါ တံတားပေါ်တွင် ဆိုင်ကယ်၊ စက်ဘီးဖြတ်သန်းမှုများကို အနီးရှိ ဘုန်းကြီးကျောင်းမှ သံယာတော် များက ဝိုင်းဝန်းတားမြစ်ကြသော်လည်း ဆက်လက် လုပ်ဆောင်နေ ကြသောကြောင့် အဆိုပါပျက်စီးစေသည့် အကြောင်းများကို သက်ဆိုင်ရာ အာဏာပိုင်များက ပေါင်း စည်းကာ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ၄င်းကဆိုသည်။

ဦးပိန်တံတားကို ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက် ခရစ်နှစ် ၁၈၄၉ ခုနှစ် ခန့်တွင် အစ္စလာမ်ဘာသာဝင် မြို့ဝန်စာရေး ဦးပိန်က အမရပူရမြို့ တောင်သမန်ရွာတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယင်းတံတား သည် အရှည် ၃၉၇၆ ပေ ခန့်ရှည်လျားပြီး တိုင် ၉၈၄ တိုင်ခန့်ရှိသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...