အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

မလေးရောက်မြန်မာအတွက် Air Bagan က အလုပ်ပေးမည်

Air Bagan Facebook စာမျက်နှာမှ အောက်ပါအတိုင်း ကြေညာချက် ထုတ်ပြန် ထားပါတယ်။
 မလေးရှားနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများ အတွက် Air Bagan လေကြောင်းလိုင်း အနေဖြင့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် စတင်ဆောင်ရွက်လျက် ရှိပါသည်။မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ ပြန်နိုင်ရန်အတွက် Air Bagan အနေဖြင့် ပြေးဆွဲလျက်ရှိသော ပြည်တွင်းခရီးစဉ်များတွင် အခမဲ့လိုက်ပါစီးနင်းနိုင်ရန်အတွက် စီစဉ်ပေးမည်ဖြစ်ပါသည်။

ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက်လည်း Air Bagan လေကြောင်းလိုင်းနှင့် ဆက်စပ်သော လုပ်ငန်းများ၏ လစ်လပ်နေရာများတွင် လာရောက်လျှောက်ထားပါက ဦးစားပေး ရွေးချယ်ခန့်ထားသွားရန် အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်

ဆက်သွယ် ဆောင်ရွက်လိုပါက Public Relation Department (ဖုန်းနံပါတ် ၀၁-၅၀၄၂၈၄) သို့တိုက်ရိုက် မေးမြန်းနိုင်ပါသည်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...