အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

ကျိုက္ခမီကမ်းခြေ ကမ်းပါးပြိုမှု ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ပြင်ဆင်မည်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ ရေလယ်ဘုရားအနီး ဘုရားကုန်း ဓမ္မစေတီရပ်ကွက်မှ ဆင်ပုံးရွာအထိ ကမ်းပါးများ ပြိုဆင်းမှု ကာကွယ်ရန် မြေထိမ်းနံရံများ တည်ဆောက်ရန်အတွက် ပြည်ထောင်စု ဘတ်ဂျက်ဖြင့်သာ ပြင်ဆင်သွားမည်ဟု သံဖြူဇရပ်မြို့နယ် တာဝန်ခံ ပြည်နယ်အစိုးရ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ပြောကြားသည်။
"ကမ်းပါးပြိုကျမှုတွေ ကာကွယ်ဖို့အတွက် မြေထိန်းနံရံတွေ တည်ဆောက်ဖို့အတွက် ကုန်ကျငွေ များပြားတဲ့အတွက် ပြည်ထောင်စု အဆင့်ကို ဘတ်ဂျက်တင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒီလောလောဆယ် ပြည်နယ်ရန်ပုံငွေမှာ မပါပေမဲ့ ဒီဇင်ဘာလလောက်မှာ နောက်တင်မဲ့ ဖြည့်စွက်ရန်ပုံငွေမှ ဘတ်ဂျက်တင်မှာပါ။ အရှည်ပေ (၁၃၀၀) လောက်ရှိတဲ့ ကမ်းခြေကို ကမ်းပါးပြိုမှုတွေ ဆက်မဖြစ်အောင် လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက် ကတည်းက ခဲ၊ သဲ ထုတ်ယူခွင့်တွေ မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

"လွန်ခဲ့တဲ့ သုံးနှစ်လောက် ကတည်းက ဒီနေရာတွေမှာ အကြောင်းအမျိုးမျိုးပြပြီး သဲတွေကျောက်တွေ လာယူတယ်။ တချို့ဆို ကန်ထရိုက် ယူပြီးတောင် ရောင်းစားတာတွေ လုပ်တယ်။ အဲဒါတွေကြောင့် အရင်က ဒီကျိုက္ခမီ ဘုရားကနေ ဆင်ပုံးဘုရားအထိ ကားသွားလို့ ရတဲ့လမ်းလည်း မရှိတော့ဘူး။ အခုဆို မြေပြိုတာ ခြံတွေနားတောင် ရောက်နေပြီ" ဟု မြေပြိုမှု ဖြစ်ပွားနေသော ဓမ္မစေတီရပ်ကွက်မှ ဒေသခံများ ပြောကြားသည်။

"ကျွန်တော်တို့က ကျိုက္ခမီ ရေလယ်ဘုရား မြေအပြင် နောက်ထပ်ပေ (၁၂၀) လောက်ကို မြေထိန်းနံရံတွေ တည်ဆောက်ပေးပြီးပါပြီ။ နောက်ထပ် ဆက်ဆောက်ဖို့ အတွက်ကို ဒီနေရာက (ကမ်းခြေမှ) နေ သဲ၊ ခဲ ထုတ်ခွင့်ပေးရင် သုံးနှစ်အတွင်းပြီးအောင် ဘုရားဂေါပက အဖွဲ့က လုပ်ပေးသွားမှာပါ" ဟု ကျိုက္ခမီ ရေလယ်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးလှငွေက ပြောကြားသည်။

အဆိုပါ ကမ်းပါးပြိုကျမှုမှာ လွန်ခဲ့သော သုံးခန့်မှ စတင်ဖြစ်ပေါ်ခဲ့ကာ (၄၅) ပေ ပြိုကျဆုံးရှုံးခဲ့ပြီး ထပ်မံပြိုကျမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိပြီး မြေထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် ဆန္ဒရှိနေ ကြပါသည်။

EMG

ကမ်းပါးပြိုကျမှု ဖြစ်ပွားနေသော ကျိုက္ခမီ ကမ်းခြေအား ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)
See More

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...