အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

မြန်မာသည် ၂၀၁၅ ခုနှစ်တွင် အဓိက ဆန်တင်ပို့သူ တစ်ဦးအဖြစ် ပြန်လည်ရောက်ရှိ နိုင်မည်ဟု ဆန်အများဆုံး တင်ပို့သည့် ထိုင်းနိုင်ငံ ခန့်မှန်း

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အဓိက ဆန်တင်ပို့သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိ နိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ ဆန်အများဆုံး တင်ပို့နေသည့် ထိုင်းနိုင်ငံမှ The Kasikorn Research Centre က ခန့်မှန်းထားကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများတွင် သတင်းဖော်ပြထားသည်။
The Kasikorn Research Centre က မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ဆန်တန်ချိန် သုံးသန်းခန့် တင်ပို့နိုင်မည့် ကမ္ဘာ့အဓိက ဆန်တင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဆန်ထုတ်လုပ်မှု ပမာဏသည် ၂၀၁၁ ခုနှစ်က တစ်ဟက်တာလျှင် ၂ ဒသမ ၃၅ တန် ထုတ်လုပ်နိုင်ရာမှ ယခုနှစ်တွင် တစ်ဟက်တာလျှင် ၂ ဒသမ ၆၇ တန်အထိ တိုးမြှင့်ထုတ်လုပ် နိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ဆန်ကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့မှ ပိုမိုတိုးမြှင့် ၀ယ်ယူလာမည်ဟု ၎င်းတို့က ခန့်မှန်းခဲ့ပြီး ဆန်စက် အရည်အသွေးပိုင်းများ လိုအပ်ချက်များ ရှိနေကြောင်းလည်း သုံးသပ်ခဲ့သည်။

မြန်မာ့ဆန် ပြည်ပတင်ပို့မှု အနေဖြင့် ၂၀၁၃ ခုနှစ် မေလဆန်းပိုင်းက ဂျပန်နိုင်ငံသို့ တန်းမြင့် ဆန်တန်ချိန် ၅၀၀၀ ကို တင်ပို့ခဲ့ကြောင်း၊ အလားတူ ကင်မရွန်း နိုင်ငံကလည်း ဧည့်မထဆန် လစဉ်တန်ချိန် ၃၀၀၀၀ ခန့် ၀ယ်ယူရန် စီစဉ်နေကြောင်း သိရသည်။

တရုတ်ဆန်ဈေးကွက်သည် မြန်မာ့ဆန် ပြည်ပတင်ပို့မှု စုစုပေါင်း၏ ရာခိုင်နှုန်း ၈၀ ခန့်အထိ ရှိနေကြောင်းနှင့် မြန်မာနိုင်ငံမှ အာဖရိက ဆန်ဈေးကွက်သို့ တင်ပို့ရာ၌ အများအားဖြင့် ဂါနာ၊ အိုင်ဗရီကို့စ်၊ ဆီလာရီယွန်၊ မာဒါဂတ်စ်ကာနှင့် လိုင်ဗေးရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ မေ ၂၄ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်း တန်ချိန်တစ်သိန်းခွဲကျော် တင်ပို့နိုင်ခဲ့ပြီ ဖြစ်ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

EMG

ဆန်စက်တစ်ခုအတွင်း ဆန်စပါးများ ကြိတ်ခွဲနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...