အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

လူကုန်ကူးသူများ အဝေးပြေးကားဂိတ်တွင် ရဲတပ်ဖွဲ့က ဖမ်းမိ

လူကုန်ကူးသူများကို ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်းအတွင်း၌ ဇွန် ၉ ရက်က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်းက မှုခင်းသတင်းထုတ်ပြန်သည်။ ရဲဌာနက လူကုန်ကူးသူများ၏ သတင်းကို ကြိုတင်ရရှိထားသဖြင့် မွန်းလွဲ ၃ နာရီအချိန်ကတည်းက ယင်းအဝေးပြေး ကားဂိတ်တွင် ကြိုတင်စောင့်ဆိုင်းကာ စစ်ဆေးမှုများ လုပ်ဆောင်သဖြင့် ယခုကဲ့သို့ ဖမ်းမိခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ စောင့်ဆိုင်းနေစဉ် ကယ်လ်ဒီနာ အမျိုးအစား အဖြူရောင်အငှားယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်တွင် မှုဆယ်မြို့သို့ လူကုန်ကူးမည်ဟု မသင်္ကာသူများကို တွေ့ရှိခဲ့သည်ဟု လည်းဆိုသည်။

လူကုန်ကူးသူများအဖြစ် ရဲက သံသယရှိသူများမှာ လှိုင်သာယာတွင် နေထိုင်ကြသည့် အသက် ၃၆ နှစ်အရွယ် ဦးချစ်ခိုင်၊ အသက် ၃ဝ အရွယ် မစုစုလှိုင် (ခ) မပိုးအိ၊ အသက် ၂၇ နှစ်အရွယ် မဆုဆုလှိုင် (ခ) မကြယ်စင်နှင့် မူဆယ်မြို့နယ်တွင်နေသည့် အသက် ၅ဝ အရွယ် ဒေါ်မိုးမိုးတို့ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

၎င်းတို့ လေးဦးသည် ဧရာဝတီတိုင်း ဇလွန်မြို့နယ်မှ ကျေးရွာတစ်ခုတွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို လူကုန်ကူးရန် စီစဉ်ထားကြောင်း ရဲများက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲဌာန၏ မှတ်တမ်းများတွင်တွေ့ရသည်။

သူတို့သည် အဆိုပါအမျိုးသမီးကို အဝေးပြေး ခရီးသည်တင်ယာဉ်ဖြင့် မူဆယ်မြို့သို့ ခေါ်ဆောင်သွားရန် စီစဉ်ခဲ့ကြောင်းလည်း ရဲဌာန၏ မှတ်တမ်းတွင်တွေ့ရသည်။

လူကုန်ကူးသူများအဖြစ် ရဲများက သံသယရှိသူ လေးဦးကို အရေးယူပေးရန် ဒုရဲမှူးဝင်းမြင့်က တရားလိုပြုလုပ်တိုင်တန်းထားပြီး မင်္ဂလာဒုံရဲစခန်းက အမှုအမှတ် (ပ) ၃၂၁/၁၃ ဖြင့် အမှုဖွင့်ထားကာ လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၄ ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာနက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် လူကုန်ကူးမှု သံသယရှိလျှင် ပြည်သူများ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကို အစိုးရက ထုတ်ပြန်ထားပြီး အဆိုပါ ဖုန်းများသို့ ဆက်သွယ် တိုင်တန်းမှုများကြောင့် အမှုအများအပြား ဖမ်းဆီးရမိ ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

Mizzima News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...