ဖြစ်အောင် ရိုက်ကူး နေတာဖြစ်ကြောင်း သိရပါတယ်။
ရီရီဌေးရဲ့ မူလဝတ္ထု ဇာတ်လမ်း ကျောရိုးကို သရုပ်ပေါ်လွင်စေ ဖို့နဲ့ လူး
လူမျိုး များနေထိုင်ရာ ဒေသပုံစံမျိုးပေါ်လွင်အောင် ဆက်တင်များ ဆောက်
လုပ်ကာ ရိုက်ကူးခဲ့သလို သရုပ်ဆောင် အင်အားကိုလည်း ယခင် ဇာတ်ကား
တွေနဲ့မတူများစွာအသုံးပြုရု
ဇာတ်ကောင် အလိုက်ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်များ ကလည်း လူးလူမျိုး တို့ရဲ့ ရိုးရာဓလေ့ ထုံးတမ်းများနဲ့ သရုပ်ဆောင် ထားတာ မြင်တွေ့ရတာကြောင့် မြန်မာ့ ရုပ်ရှင်လောကမှာ ထူးခြားတဲ့ တင်ဆက်မှုများ နဲ့ အနုပညာပုံစံသစ်အဖြစ် ဖော်ကျူးထားတာမို့ အရည်
အသွေးကောင်းမွန်တဲ့ ရုပ်ရှင်ဇာတ်ကား ကောင်း တစ်ကားကို ပရိသတ်
တွေ မြင်တွေ့ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်တဲ့ ဖူးဖူးက..
“လူး လူမျိုးစုမှာ ဖူးဖူးက ခေါင်းဆောင်ကြီးကို တအားချစ်ပြီး ကြင်ယာတော်
ဖြစ်ချင်တဲ့သူ အဖြစ် သရုပ်ဆောင်ထားပါတယ်။ အဝတ်အစား တွေက ဒီဇိုင်နာနဲ့ အကုန်အပ်ပြီးချုပ်ထားတာပါ။ အဝတ်အစားတွေကို ကိုယ်စီစဉ်
စရာမလိုဘဲနဲ့ အဲဒီလူးခေတ်ကပုံစံကို ကိုဇော်တို့၊ အန်တီ သီတာတို့ပဲ ဒီဇိုင်နာ မဆန်းဘောက်ရာနဲ့ စီစဉ်ပေးထားတာပါ။ ဒီ ဇာတ်လမ်းထဲက ဇာတ်ရုပ်ရဲ့
မုဒ်ကို သေသေချာချာ ပီပြင် အောင်ကြိုးစား သရုပ်ဆောင်ထားပါတယ်။ အမှတ်တရကတော့ တစ်ခါမှ မရောက်ဖူးတဲ့တော တောင်ကြီးထဲမှာ ဆက်တင် တွေနဲ့ စနစ်တကျအကုန် လုပ်ပြီးမှရိုက်တာကတော့ အမှတ်တရ ပါပဲ။ အဲဒီလိုမျိုး လည်းမမြင်ဖူးဘူး။ တစ်ခါမှလည်း ဒီလိုအတွေ့ အကြုံ မရှိခဲ့ဖူးဘူး။ ဒီ ဇာတ်ကားက သာမန်ဇာတ်ရုပ် တွေထက်ကွဲ ထွက်ပြီးတော့ ပရိုဂျူဆာရော၊ ဒါရိုက်တာတွေက ရောသေချာ အကုန်စီစဉ်ထားတဲ့အတွက် သီးခြား ကွဲထွက် နေမယ်လို့ ထင်တယ်။ ကြည့်တဲ့ ပရိသတ်တွေ အနေနဲ့
လည်း ရသတစ်မျိုး ပေးစွမ်းနိုင်မယ်လို့ ထင်ပါတယ်။
ဆက်တင်တွေကအစ တံတားတွေ ရော ၊ ရွှေစက်တော် အောက်စက်တော် ရာမှာ စနစ်တကျနဲ့လုပ်ထားတယ်။ ဆက်တင်တွေ သေချာပြင်ဆင်ပြီးမှပဲ ရိုက်ရတာပါ” လို့ ပြောပါတယ်။ ဒီ ဇာတ်ကားကြီးမှာ ဇာတ်ပို့၊ ဇာတ်ရံများ လည်း လူတစ်ရာ ကျော်သုံးထားမှာဖြစ်ပြီး ရွှေစက်တော်၊ ပြင်ဦးလွင်၊
သီပေါ၊ ကလောစတဲ့ နေရာများမှာပါ သွား ရောက်ရိုက်ကူးမှာဖြစ်တယ်လို
popular myanmar