အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

မော်လမြိုင်၌ ခရီးသည်တင် မှန်လုံယာဉ်များ၌ CCTV စောင့်ကြည့်ကင်မရာ တပ်ဆင်ရန် ညွှန်ကြား

မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် အဝေးပြေး ကားဝင်းရှိ ပြည်နယ် မ.ထ.သရုံး၌ ယမန်နေ့ နံနက် ၁၁ နာရီက ခရီးသည်တင် မှန်လုံယာဉ်လိုင်း ပိုင်ရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနား သို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဝင်းဗိုလ်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဇော်မင်းဦး၊ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ညိုလှနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မွန်ပြည်နယ် မော်တော် ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းထိုက်နှင့် တာဝန်ရှိသူ များတက်ရောက် ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းထိုက်က အဖွင့် အမှာစကား ပြောကြားပြီး ယာဉ်ပိုင်ရှင်များနှင့် ရင်းနှီးစွာ မိတ်ဆက်သည်။

ထို့နောက် ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဝင်းဗိုလ်က ''ရာဇာမင်း'' ခရီးသည်တင် မှန်လုံယာဉ် ဓားပြတိုက် ခံရခြင်းနှင့် ပတ်သက်၍ ယာဉ်လိုင်းများအနေဖြင့် ခရီးသည်များ တင်ချရာတွင် စိစစ်ပြီး ဆောင်ရွက်ရန်၊ ယာဉ်လိုင်း များပေါ်၌ သတင်းပို့ တိုင်ကြားနိုင်ရန် အတွက် ဖုန်းနံပါတ်များ ကပ်ထား ရန်၊ ကားလက်မှတ်များ ရောင်းချပါက မှတ်ပုံတင်ကို စိစစ်ရန် လိုအပ်ကြောင်း၊ အမည်နှင့် မှတ်ပုံတင်ရေးရန် လိုကြောင်း သံလွင် တံတားဂိတ်တွင် ရဲတပ်ဖွဲ့က စစ်ဆေးရန်၊ ယာဉ်လိုင်းများက စနစ်တကျ ရပ်တန့် စစ်ဆေးခံရန် ခရီးသည်များနှင့် ယာဉ်များ လုံခြုံရေးအတွက် CCTV စောင့်ကြည့်ကင်မရာ တပ်ဆင်ရမည်ဟု ယာဉ်လိုင်း ပိုင်ရှင်များအား ညွှန်ကြားခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...