အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

မန္တလေးတွင် ကျပ်သိန်းတစ်ရာအောက် တိုက်ခန်း ၁၁၂၂ ခန်း ပါဝင်သော တန်ဖိုးနည်းအိမ်ရာ ၂၂ လုံး စတင်တည်ဆောက်

မန္တလေးတွင် ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာ အဆောက်အအုံ ၂၂လုံး၊ အခန်းအရေအတွက် ၁၁၂၂ ခန်း စတင်တည်ဆောက်မည်ဖြစ်ကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာနမှ သတင်းရရှိသည်။
 တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေး ကုမ္ပဏီများ စိစစ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့ပြီး အဆောက်အအုံ လုံးရေ ၂၂ လုံးအတွက် ကုမ္ပဏီ ၂၂ ခုမှ ဆောက်သွားမည်ဖြစ်ကာ ပထမဆုံး မမ ၁၅၊ မြရည်နန္ဒာ ကွက်သစ်တွင် အခန်းပေါင်း ၁၁၂၂ ခန်း စတင်မည် ဖြစ်သည်။

"ဘတ်ဂျက် အနေအထားအရ လောလောဆယ် ၂၂ လုံး ဆိုပေမယ့် နောက်ထပ်အလုံးရေ ရာကျော်တည်ဆောက်မှာ ဖြစ်တဲ့အတွက် ကုမ္ပဏီတွေ ပိုများလာမှာပါ။ ရောင်းချဖို့ ကိစ္စကတော့ ရောင်းမှားဝယ်မှား ဖြစ်တဲ့သူတွေနဲ့ တွေ့ဆုံစာရင်းကောက်ရ ဦးမှာပါ" ဟု အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးမျိုးအောင်က ပြောကြားသည်။

တန်ဖိုးနည်း အိမ်ရာများ ရောင်းချမှုကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှသာ စိစစ်ရောင်းချ သွားမည်ဖြစ်ကြောင်းကို "အမှန်တကယ် ဆင်းရဲနွမ်းပါး သူတွေနဲ့ ရောင်းမှားဝယ်မှား ဖြစ်တဲ့သူတွေကိုသာ ရောင်းချပေးသွားမှာ ဖြစ်တဲ့အတွက် ဈေးမြင့်တက်သွားတာမျိုး မဖြစ်အောင် စည်ပင်ဌာန ၀င်ငွေထဲကနေပဲ စိုက်ထုတ်တည်ဆောက် ပေးတာပါ။ ဒါကြောင့် ရောင်းချမှု စနစ်မှာလည်း စည်ပင်ကပဲ တာဝန်ယူ ရောင်းချသွားမှာပါ" ဟု မန္တလေးမြို့ စည်ပင်သာယာမှ ကော်မတီဝင် တစ်ဦးက ပြောကြားသည်။

ယင်းအိမ်ရာများကို မြေဧက ၁၁၇ ဧကပေါ်ရှိ ၅၇ ဧကတွင် ဆောက်လုပ်မည်ဖြစ်ကာ တစ်ခန်းလျှင် စတုရန်းပေ ၆၀၀ ကျယ်ဝန်းမည်ဖြစ်ကြောင်း၊ ကျန်ဧကများတွင် ဈေး၊ ကျောင်း စသည့် မြို့အင်္ဂါရပ်များကိုပါ ထည့်သွင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

EMG

တန်ဖိုးနည်းအိမ်ရာ ဆောက်ရန် အကွက်ရိုက် လမ်းဖောက်လုပ် ထားရှိမှုအား တွေ့ရစဉ်2

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...