အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

တိုင်းပြည်စီးပွား အမှန်တကယ်တိုးတက်စေရေး ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးရန်လို

မြန်မာ့စီးပွားရေးသည် လာမည့်ဆယ်စုနှစ်စုခန့်တွင် လက်ရှိပမာဏ၏လေးဆခန့်အထိ ကြီးထွားလာမည်ဟု ခန့်မှန်းထားသော်လည်း အမှန်တကယ်မြင့်တက်ရေးအတွက် တိုင်းပြည်၏ ကုန်ထုတ်စွမ်းအားသည် အဆ များစွာမြင့်တက်ရန် လိုအပ်နေသေးကြောင်း The McKinsey Global Institute (MGI) က သုံးသပ်ချက် ထုတ်ပြန်လိုက်သည်ဟု ဇွန် ၈ ရက်ထုတ် Khaleej Times သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ပါရှိသည်။
မြန်မာနိုင်ငံ အမျိုးသားထုတ်ကုန်တန်ဖိုး GDP သည် ၂ဝ၁ဝခုနှစ်တွင် ကန်ဒေါ်လာ ၄၅ ဘီလီယံဖြစ်ရာမှ ၂ဝ၃ဝ ခုနှစ်တွင် ယင်း၏ လေးဆအဖြစ် ကန်ဒေါ်လာ ဘီလီယံ ၂ဝဝ သို့ အထိ မြင့်တက်လာမည်ဟု The McKinsey Global Institute (MGI) က ဇွန်လဆန်းတွင် သုံးသပ်ချက်ထုတ်ပြန်ခဲ့ရာမှ ယခုအခါ အထက်ပါကဲ့သို့ အသေးစိတ် ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံ၏ ကုန်ထုတ်စွမ်းအားပမာဏ တိုးတက်နှုန်း (Productivity Growth) သည် လက်ရှိ အချိန်တွင် ၂ ဒသမ ၇ ရာခိုင်နှုန်းသာရှိသေးရာ ၂ဝ၁၃ ခုနှစ်တွင် GDP လေးဆတိုးရေးအတွက် Productivity Growth သည် လက်ရှိပမာဏ၏ သုံးဆအဖြစ် တစ်နှစ်လျှင် ခုနစ်ရာခိုင်နှုန်း မှ ရှစ်ရာခိုင်နှုန်းအထိ တိုးတက်ရန် လိုအပ်ကြောင်း ဆိုသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံ၏ ကုန်ထုတ်စွမ်းအားပမာဏ အများအပြားမြင့်တက်လာရေးနှင
့် စပ်လျဉ်းကာ စီးပွားရေး ပညာရှင် ဦးလှမောင်က ''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရေးတုံ့နှေးနေခြင်း၊ အသေးစားနှင့် အလတ် စားလုပ်ငန်းများ (SME) ဖွံ့ဖြိုးရေး၊ လမ်းတံတား၊ လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိရေး အစရှိသည်တို့ကို အလေးပေးဆောင်ရွက်ရန် လိုအပ်သည်'' ဟု သုံးသပ်ပြောကြားသည်။

ယင်းက ''အခုက FDI ဆိုလည်း တုံ့နှေးတုံ့နှေးဖြစ်စေတဲ့အချက်တွေနဲ့ လုပ်နေတယ်။ SME ဆိုလည်း နိုင်ငံ တကာမှာ ဘယ်လိုလုပ်နေလဲဆိုတာ လေ့လာပြီး ပြည်တွင်းမှာလည်း တွန်းအားပေးပြီး အကြီးအကျယ် ဖွံ့ဖြိုးအောင် လုပ်ဖို့လိုတယ်။ မြန်မာနိုင်ငံမှာ အခုလုပ်နေတဲ့ပုံစံက အသံသာပါပြီး အဆံမပါတဲ့အမြောက် လို ဖြစ်နေတယ်'' ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆ဝခန့်အ နက် ၃၈သန်းသည် အလုပ်လုပ်ကိုင်နိုင်သည့် လုပ်သားစွမ်းအားစု
ဖြစ်ကာ ယင်း၏ ၇ဝ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးအခြေပြုလုပ်ငန်း တစ်ခုတည်းတွင်သာ စုပြုံလုပ်ကိုင်နေ ကြသည်ဖြစ်ရာ ယင်းလုပ်ငန်းကဏ္ဍမှ တစ်နှစ်ထက်တစ်နှစ် ပိုလျှံလာနေသည့် လုပ်သားစွမ်းအားစုများကို စက်မှုနှင့်ကုန်ထုတ်လုပ်ငန်း စသော အခြားသောအခွင့်အလမ်းကောင်းမွန်မည့်ကဏ္ဍများသို့ ပြေပြစ် ညင်သာစွာ ပြောင်းလဲအခြေချနိုင်ရေးကို အလေးပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရှင်များက သုံးသပ်ပြောသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်စွမ်းအား မြင့်တက်ရေးနှင့် စပ်လျဉ်းကာ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦးက ''ကုန်ထုတ်စွမ်းအား တိုးတက်ဖို့အရေးကို ကျန်တာတွေပြောတာထက် အရင်ဆုံးအနေ နဲ့ ရေ၊ လျှပ်စစ် မီးနဲ့ လမ်းပန်းဆက်သွယ်ရေးအပိုင်းကို ပထမဆုံးပြည့်ဝအောင်လုပ်ဖို့ လိုအပ်တယ်။ အဲဒါမှ စက်မှုလုပ်ငန်းတွေက ထုတ်ကုန်တွေကို တိုးမြှင့်လို့ရမယ်။ အဲဒီနဲ့အညီ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ကို ဈေးကွက်ထဲရောက်အောင် လုပ်နိုင်မယ်'' ဟု မဇ္ဈိမသို့ ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ လုပ်သား စွမ်းအားစု ၇ဝရာခိုင်နှုန်းနှင့် တိုင်းပြည်လူဦးရေ ၇ဝရာခိုင်နှုန်း မှီတည်လုပ်ကိုင်နေသော စိုက် ပျိုးရေးလုပ်ငန်းကဏ္ဍသည် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု များလာနေသည့်အပြင် GDP တွင် အနည်းငယ်မျှသာ ပါဝင်မှုရှိသေးသော စက်မှုနှင့်ကုန်ထုတ်လုပ်ငန်းများ သည်လည်း လျှပ်စစ်မီးမရရှိမှုကြောင့် အခက်ကြုံလျက်ရှိနေရာ ကုန်ထုတ်စွမ်းအားများကို ထိခိုက်လျက် ရှိနေကြောင်း ကျွမ်းကျင်သူ များက သုံးသပ်ပြောကြားကြသည်။

မေလအတွင်းက ထုတ်ပြန်ခဲ့သော IMF ၏အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းသို့ အနည်းငယ်မြင့်တက်လာဖွယ်ရှိကြောင်း ပါရှိသည်။

Mizzima News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...