မြန်မာနိုင်ငံအတွင်း အကြမ်းဖက် ပဋိပက္ခများ ပြေလည်ရန် နှစ်ဖက်စလုံးက
တွေ့ဆုံစကားပြော အဖြေရှာရန် လိုအပ်ကြောင်း ယနေ့ ရန်ကုန်မြို့တွင်
တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသည့် Buddhism & Non-Violence
အခမ်းအနားတွင် ဦးဆောင်ဆွေးနွေးသူ ပညာရှင်များက တိုက်တွန်း
ပြောကြားလိုက်သည်။ အခမ်းအနားတွင် ဦးဆောင်ဆွေးနွေးသူများဖြစ်ေ သာ
သင့်ဘ၀မဂ္ဂဇင်း အယ်ဒီတာဟောင်း ဦးတင်မောင်သန်း၊ ထိုင်းနိုင်ငံမှ
ဗုဒ္ဓ၀ါဒနှင့် လူုမှုရေးပညာရှင် Ajarn Sulak Sivaraksa နှင့် ချက်နိုင်ငံမှ
အသွင်ကူးပြောင်းရေးပညာရှင် Igor Blazevic တို့က ပဋိပက္ခဖြစ်နေခြင်းကို
ချက်ချင်းရပ်တန့်၍ နှစ်ဘက်ကြား စကားပြောဆို အဖြေရှာသင့်ကြောင်း၊ အချိန်မီ
မရပ်တန့်နိုင်ပါက လူနည်းစုဖြင့် စတင်ခဲ့သော အကြမ်းဖက်မှုသည် လူများစုသို့
ကူးစက်ကာ နောက်ဆုံးတွင် တိုင်းပြည်ကိုပါ ထိခိုက်လာနိုင်ကြောင်း
ဆွေးနွေးကြသည်။
”တဘက်နဲ့ တဘက်နားလည်အောင် စကားပြောကြပါ”ဟု အခမ်းအနားကို ဦးဆောင်သူ ဦးတင်မောင်သန်းက ပြောသည်။ ”သူ့ဘက်က အစွဲကိုလည်းကြည့်။ ကိုယ့်ဘက်က အစွဲကိုလည်းကြည့်။ မြန်မာပြည် ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ဒီနည်းနဲ့ပဲ အဖြေရှာရမယ်။ သူ့အစွဲကိုခွာပြီး ကိုယ့်အစွဲကဘာလဲဆိုတာ ကြည့်နိုင်ပြီဆိုရင် ပြဿနာ ရှင်းလို့ရပြီ။ နှစ်ဖက် နားလည်နိုင်တဲ့ အဆင့်တဆင့်ကို ရောက်မယ်။ နှစ်ဖက် နားလည်နိုင်တဲ့ ပြောနိုင်တဲ့ ဒိုင်ယာလော့ပွဲတွေ ရှိဖို့လိုတယ်”ဟု ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ်ကို ရွေးချယ်ကာ ပဋိပက္ခအကြမ်းဖက်မှုများ စတင်မီးမွှေးခဲ့ပြီး ထိုမှတဆင့် မိတ္ထီလာ၊ လားရှိုးဒေသများသို့ပါ ကူးစက်အောင် စနစ်တကျ စီမံဖန်တီး လုပ်ဆောင်ခြင်းကြောင်း၊ အစိုးရကလည်း ပဋိပက္ခများနောက်ကွယ် ကြိုးကိုင်သူများရှိနေသည်ဟု ပြောဆိုနေသော်လည်း ယနေ့အချိန်ထိ မထုတ်ဖော်နိုင်သေးကြောင်း၊ စစ်အစိုးရလက်ထက်တွင် နှစ်ပေါင်းများစွာ
ပညာရေးနိမ့်ကျခဲ့သောကြောင့် အသိပညာအားနည်းကာ ယခုကဲ့သို့ ပဋိပက္ခဖြစ်ရခြင်းဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်လာပြီး ဆွေးနွေးသူ အစ္စလာမ်ဘာသာဝင် အငြိမ်းစားသမိုင်း ပါမောက္ခ ဦးရဲလွင်က ပြောသည်။
”အကျိုးဆက်ကို အခုလက်တွေ့ခံစားနေရပြီ။ ဒီနေ့လိုပွဲမျိုးများများလု ပ်ပြီး စကားများများ ပြောဖို့လိုတယ်။ ခုလိုဘာသာရေးနဲ့ ပတ်သက်ပြီး အသိပညာပေးတဲ့ ပွဲမျိုးတွေလိုတယ်”ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေးဆိုင်ရာ ပဋိပက္ခများမှာ အာဏာရှင်စနစ်အား လက်မလွတ်လိုသူများ၏ နိုင်ငံရေးအရ နောက်ကြောင်းပြန်လှည့်ရန် လုပ်ဆောင်မှုများကြောင့် ဖြစ်သည်ဟု ဆွေးနွေးပွဲသို့တက်ရောက်လာသူ ချက်နိုင်ငံသား Igor Blazevic က ပြောသည်။
”အာဏာရှင်စနစ်ကို လက်မလွှတ်ချင်တော့ အကြောက်တရားနဲ့ ဒေါသပတ်ဝန်းကျင်ကို ဖန်တီးပြီး နိုင်ငံရေးအရ နောက်ကြောင်း ပြန်လှည့်အောင် လုပ်ဆောင်တယ်။ ဘော့စနီးယားလို ယူဂိုဆလားဗီးယားလို နိုင်ငံတွေမှာဆိုရင် မုဒိန်းမှုလို အကြမ်းဖက်မှုတွေကို သင်တန်းတွေ ပေးပြီး နောက်ကြောင်းပြန်လှည့်အောင် လုပ်ဆောင်ကြတယ်။ ဘာသာရေးနဲ့ အမျိုးသားရေးဝါဒကို သုံးပြီး နောက်ကြောင်းပြန်လှည့်အောင် လုပ်တယ်”ဟု သူက ဆိုသည်။
ထို့ပြင် ပြုပြင်ပြောင်းလဲရေးလုပ်ဆော င်ကြသည့် နိုင်ငံများတွင် အရာရာ လက်ဝါးကြီးအုပ်ထားသူများအဖို့
သူတို့၏ အရေးပါမှုကို ပြန်လည် အကြောင်းရှာ ပြသတတ်ကြကြောင်း၊ သူတို့၏
နောက်ဆုံးခံတပ်မှာ အမျိုးသားရေး ဖြစ်ကြောင်းလည်း Igor Blazevic က ဆိုသည်။
ပဋိပက္ခ ဖြေရှင်းရေးတွင် ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေး ရှုထောင့်မှ ရပ်တည်ခဲ့သောကြောင့် ပြည်တွင်း၌ ဝေဖန်ပြောဆိုမှုများအပေါ် တုန့်ပြန်သောအားဖြင့် ”ပဋိပက္ခတွေ ငြိမ်းချမ်းရေးအတွက် လူ့အခွင့်အရေး လေးစားဖို့ဆိုတာက အချက်တခုအနေနဲ့ တော်တော် အရေးပါပါတယ်။ ကျနော်တို့ရဲ့ မူလ ထင်မြင်ချက်တွေက လူ့အခွင့်အရေးနဲ့ ဆန့်ကျင်နေတာတွေလည်း ရှိနိုင်ပါတယ်။ အဲလိုအခါမျိုးမှာ ကျနော်တို့ကိုယ် ကျနော်တို့ ပြန်ကြည့်ဖို့လိုသလို တဖက်လူကိုလည်း လေးစားဖို့လိုတယ်။ ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ယေဘုယျအားဖြင့် ထောက်ခံတယ်”ဟု ဦးတင်မောင်သန်းက ဆိုသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလိုတွင် မြန်မာပြည်ကဲ့သို့ ဘာသာရေးအစွဲ ပြဿနာရှိနေသောကြောင့် ၉၆၉ လှုပ်ရှားနေသူများကိုလည်း အပြစ်မပြောနိုင်ကြောင်း၊ နိုင်ငံတိုင်းတွင် ဘာသာတရားနှင့် ပတ်သက်သော လှုပ်ရှားမှုမျိုးစုံ ရှိကြောင်း၊ သို့သော် အကြမ်းဖက်မှုကိုမူ ဟန့်တားရမည်ဟု တက်ရောက်လာသူများက ပြောဆိုသည်။
”ဗုဒ္ဓအမြင်အရ ပြောရရင်တော့ အကုန်လုံးက သမုတ္တိ ထဲက မထွက်နိုင်ကြသူချင်း အတူတူပဲ။ ဆင်းရဲခြင်း ကြီးစွာနဲ့ မိမိလုပ်တာကို မှန်တယ်ထင်တဲ့သူတွေချည်းပဲ။ ဒါပေမယ့် အကြမ်းဖက်နည်းနဲ့ ဖြေရှင်းရင်တော့ အဖြေမရနိုင်ဘူး”ဟု ပွဲတက်လာသူတစ်ဦးက အပြန်အလှန် ဆွေးနွေးပြောဆိုသည်။
Buddhism & Non-Violence အခမ်းအနားကို Yangon School of Political Science မှ ဦးဆောင်ကျင်းပခဲ့ပြီး လောကအလင်းဖောင်းဒေးရှင်း၊ SPIRITUAL ENGAGED၊ MONASTERY-BASED SCHOOLနှင့် SEM တို့ ဖြစ်ကြသည်။ မနက်ဖြန်တွင် အစ္စလာမ်နှင့် မွတ်စလင်များအပေါ် အထင်အမြင်လွဲမှားမှုနှင့် ပတ်သက်၍ မွတ်စလင်ပညာရှင်များက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ထားသည်။
Buddhism & Non-Violence အခမ်းအနားတွင် ဦးဆောင်ဆွေးနွေးသူ Igor Blazevic နှင့် ဦးတင်မောင်သန်း (ဓာတ်ပုံ – ဧရာဝတီ)
ဧရာဝတီ
”တဘက်နဲ့ တဘက်နားလည်အောင် စကားပြောကြပါ”ဟု အခမ်းအနားကို ဦးဆောင်သူ ဦးတင်မောင်သန်းက ပြောသည်။ ”သူ့ဘက်က အစွဲကိုလည်းကြည့်။ ကိုယ့်ဘက်က အစွဲကိုလည်းကြည့်။ မြန်မာပြည် ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ဒီနည်းနဲ့ပဲ အဖြေရှာရမယ်။ သူ့အစွဲကိုခွာပြီး ကိုယ့်အစွဲကဘာလဲဆိုတာ ကြည့်နိုင်ပြီဆိုရင် ပြဿနာ ရှင်းလို့ရပြီ။ နှစ်ဖက် နားလည်နိုင်တဲ့ အဆင့်တဆင့်ကို ရောက်မယ်။ နှစ်ဖက် နားလည်နိုင်တဲ့ ပြောနိုင်တဲ့ ဒိုင်ယာလော့ပွဲတွေ ရှိဖို့လိုတယ်”ဟု ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ်ကို ရွေးချယ်ကာ ပဋိပက္ခအကြမ်းဖက်မှုများ စတင်မီးမွှေးခဲ့ပြီး ထိုမှတဆင့် မိတ္ထီလာ၊ လားရှိုးဒေသများသို့ပါ ကူးစက်အောင် စနစ်တကျ စီမံဖန်တီး လုပ်ဆောင်ခြင်းကြောင်း၊ အစိုးရကလည်း ပဋိပက္ခများနောက်ကွယ် ကြိုးကိုင်သူများရှိနေသည်ဟု
ပညာရေးနိမ့်ကျခဲ့သောကြောင့်
”အကျိုးဆက်ကို အခုလက်တွေ့ခံစားနေရပြီ။ ဒီနေ့လိုပွဲမျိုးများများလု
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေးဆိုင်ရာ ပဋိပက္ခများမှာ အာဏာရှင်စနစ်အား လက်မလွတ်လိုသူများ၏ နိုင်ငံရေးအရ နောက်ကြောင်းပြန်လှည့်ရန် လုပ်ဆောင်မှုများကြောင့် ဖြစ်သည်ဟု ဆွေးနွေးပွဲသို့တက်ရောက်လာသ
”အာဏာရှင်စနစ်ကို လက်မလွှတ်ချင်တော့ အကြောက်တရားနဲ့ ဒေါသပတ်ဝန်းကျင်ကို ဖန်တီးပြီး နိုင်ငံရေးအရ နောက်ကြောင်း ပြန်လှည့်အောင် လုပ်ဆောင်တယ်။ ဘော့စနီးယားလို ယူဂိုဆလားဗီးယားလို နိုင်ငံတွေမှာဆိုရင် မုဒိန်းမှုလို အကြမ်းဖက်မှုတွေကို သင်တန်းတွေ ပေးပြီး နောက်ကြောင်းပြန်လှည့်အောင်
ထို့ပြင် ပြုပြင်ပြောင်းလဲရေးလုပ်ဆော
ပဋိပက္ခ ဖြေရှင်းရေးတွင် ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေး ရှုထောင့်မှ ရပ်တည်ခဲ့သောကြောင့် ပြည်တွင်း၌ ဝေဖန်ပြောဆိုမှုများအပေါ် တုန့်ပြန်သောအားဖြင့် ”ပဋိပက္ခတွေ ငြိမ်းချမ်းရေးအတွက် လူ့အခွင့်အရေး လေးစားဖို့ဆိုတာက အချက်တခုအနေနဲ့ တော်တော် အရေးပါပါတယ်။ ကျနော်တို့ရဲ့ မူလ ထင်မြင်ချက်တွေက လူ့အခွင့်အရေးနဲ့ ဆန့်ကျင်နေတာတွေလည်း ရှိနိုင်ပါတယ်။ အဲလိုအခါမျိုးမှာ ကျနော်တို့ကိုယ် ကျနော်တို့ ပြန်ကြည့်ဖို့လိုသလို တဖက်လူကိုလည်း လေးစားဖို့လိုတယ်။ ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ယေဘုယျအားဖြင့် ထောက်ခံတယ်”ဟု ဦးတင်မောင်သန်းက ဆိုသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလိုတွင် မြန်မာပြည်ကဲ့သို့ ဘာသာရေးအစွဲ ပြဿနာရှိနေသောကြောင့် ၉၆၉ လှုပ်ရှားနေသူများကိုလည်း အပြစ်မပြောနိုင်ကြောင်း၊ နိုင်ငံတိုင်းတွင် ဘာသာတရားနှင့် ပတ်သက်သော လှုပ်ရှားမှုမျိုးစုံ ရှိကြောင်း၊ သို့သော် အကြမ်းဖက်မှုကိုမူ ဟန့်တားရမည်ဟု တက်ရောက်လာသူများက ပြောဆိုသည်။
”ဗုဒ္ဓအမြင်အရ ပြောရရင်တော့ အကုန်လုံးက သမုတ္တိ ထဲက မထွက်နိုင်ကြသူချင်း အတူတူပဲ။ ဆင်းရဲခြင်း ကြီးစွာနဲ့ မိမိလုပ်တာကို မှန်တယ်ထင်တဲ့သူတွေချည်းပဲ။