အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 June, 2013

မလေးရှားရောက် မြန်မာများ ပြည်တော်ပြန်နိုင်ရန် MAI ဈေးထက်ဝက်လျှော့

မလေးရှားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ငွေကြေးအခက်အခဲ ရှိသော်လည်း မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန်အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ တစ်လဈေးထက်ဝက်လျှော့ ပျံသန်းမည်ဖြစ်ကြောင်း MAI ၏ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက The Voice သို့ ပြောကြားသည်။ မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်လာမည့် မည်သည့် မြန်မာနိုင်ငံသားများ အတွက်မဆို ထိုသို့ ဈေးထက်ဝက် လျှော့ချပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်ကိုမူ တစ်ပတ် ငါးရက်ဖြင့် ပုံမှန်ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အကြမ်းဖက်မှုများကြောင့် မြန်မာအချို့ ယခုရက်ပိုင်းအတွင်း ပြန်လာ ရန် ပြင်ဆင်လျက်ရှိကြောင်း မလေးရှားရောက် မြန်မာအချို့ထံမှ သိရသည်။
"အကြမ်းဖက်မှုတွေ ရပ်သွားရင် ပြန်လာမယ့်သူတွေ နည်းသွားမယ်ထင် တယ်" ဟု ကွာလာလမ်ပူမြို့တော်အနီးရှိ မြို့ငယ်တစ်မြို့တွင် အလုပ်လုပ် ကိုင်နေသော ဦးသိန်းထွန်းက ပြောကြားသည်။

အထူးသဖြင့် မလေးရှားနိုင်ငံရောက် မြန်မာအမျိုးသမီးများ ပြည်တော်ပြန် လိုကြသော်လည်း စာချုပ်သက်တမ်း မကုန်ဆုံးဘဲ ပြန်လာ ပါက လျော်ကြေးပေးရမည်ဖြစ်သောကြောင့် လတ်တလောပြန်ရန် အဆင် မပြေသေးကြောင်း ကွာလာလမ်ပူမြို့တော်ရှိ အလုပ်သမားအချို့က ပြော ကြားသည်။

မလေးရှားရောက် မြန်မာများသည် မေလကုန်ကတည်းက ဆက်တိုက် အကြမ်းဖက်ခံနေရပြီး လူခြောက်ဦးထက်မနည်း သေဆုံးကာ ၂၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း မလေးရှားအခြေစိုက် ကပုန်း နာရေးကူညီမှုအသင်းထံမှ သိရသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...