အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 June, 2013

“ဥက္ကဌသစ်ဦးလူမင်းရုပ်ရှင်ရုံများနှစ်ရှည်ငှားရမ်းမူဆွေးနွေးပွဲသို့တက်ရောက်”

နိင်ငံတော်ပိုင်ရုပ်ရှင်ရုံများကို နှစ်ရှည်ငှားရမ်းလုပ်ကိုင်သူများဖြင့်တွေ့ဆုံပြီး နေရာဒေသနှင့်ကိုက်ညီသည့် Digital ရုပ်ရှင်ပြသမှုစနစ်ပြောင်းလည်းနိုင်ရန် ယမန်နေ့ (၁၀.၆.၂၀၁၃)ရက်နေ့ကမြန်မာ့ရုပ်ရှင်လုပ်ငန်းတွင်ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရုပ်ရှင်အ
စည်းအရုံးဥက္ကဌသစ်ဦးလူမင်း နှင့်အတူနာယကကြီး ဦးအောင်လွင်၊ ဒုတိယဥက္ကဌ ဦးညီညီထွန်းလွင်အပါအ၀င်အမှုဆောင်များ၊ ရုပ်ရှင်ရုံငှားရမ်းလုပ်ကိုင်သူ လုပ်ငန်းရှင်များလည်းတက်ရောက်၍ ရင်းနှီးမြုတ်နှံရမည့်အခြေအနေ လုပ်ကိုင်ခွင့်ရရှိမည့်ကာလ စသည့်လိုအပ်ချက်များကိုဆွေးနွေးခဲ့ကြောင်းနှင့်နိုင်ငံတော်မှနှစ်ရှည်ငှားရမ်းထားသည့် ရုပ်ရှင်ရုံများကို နေရာဒေသနှင့်ကိုက်ညီသည့် Digital ရုပ်ရှင်ပြသမှုစံနစ်သို့ပြောင်းလဲရန်ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက်ကြမည်ဖြစ်ကြောင်းလည်းမြန်မာ့ရုပ်ရှင်လုပ်ငန်းညွှန်ကြားရေးမှူးဦးသိန်းထွန်းအောင်ကဆိုပါတယ်။

Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...