အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 June, 2013

ရှေးဟောင်း ဘုရားရှိခိုး ကျောင်းများကို နိုင်ငံခြားသား ခရီးသွားများ လေ့လာ နိုင်တော့မည်

ရန်ကုန်မြို့ရှိ ရှေးဟောင်း ဘုရားရှိခိုး ကျောင်းများကို နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် လာမည့် ခရီးသွား ရာသီတွင် လေ့လာ နိုင်စေရန် ခရီးသွား လေ့လာမှု အစီအစဉ် ထည့်သွင်း ထားကြောင်း ခရီးသွား ကုမ္ပဏီများ ထံမှ သိရသည်။ မြန်မာ နိုင်ငံသို့ ယခင်နှစ်က နိုင်ငံတကာ ခရီးသွား ဧည့်သည် တစ်သန်းကျော် လာရောက်ခဲ့ပြီး ယခု နှစ်တွင်လည်း ခရီးသည် ၄၀ ရာခိုင်နှုန်း တိုးတက် လာမည်ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ အတွင်း ရေးမှူးက ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံသည် ယခု အချိန်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ လာရောက်သော ခရီးသွား ဧည့်သည် အရေ အတွက်ထက် နည်းနေပြီး ချင်းမိုင်မြို့သို့ ယမန်နှစ်က ၁ ဒသမ ၆ သန်းခန့် ရှိသော နိုင်ငံတကာ ခရီးသွားများ လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

မြန်မာ နိုင်ငံသို့ ခရီးသွား ဧည့်သည် လာရောက်ရာတွင် အဓိက အခက်အခဲမှာ ဟိုတယ်အခန်း မလုံလောက် မှုသည်လည်း အချက်တစ်ချက် အဖြစ် ပါဝင်ကြောင်း သိရသည်။ ယမန်နှစ်က မြန်မာ နိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ဧည့်သည် ၂၂ သန်း လာရောက်ခဲ့ပြီး ထိုင်းနိုင်ငံ၏ အဓိက ခရီးသွား ကဏ္ဍများမှာ Health Tourism, Eco Tour- ism, Culture Tourism နှင့် အခြားသော ခရီးသွား လုပ်ငန်းများမှာ အဓိက ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုး လာမှုနှင့် အတူ နိုင်ငံတကာ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားသော ယဉ်ကျေးမှု ဆိုင်ရာ ခရီးသွား လုပ်ငန်း၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ခရီးသွား ဧည့်သည်များ ဆက်သွယ် သွားလာရေး လွယ်ကူအောင် ဆောင်ရွက် ပေးနိုင်မည် ဆိုပါက ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင် များက ပြောကြားခဲ့သည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...