နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် တွေ့ဆုံမှာကြားပြီး
နိုင်ငံခြားရေးဒုဝန်ကြီး၊ အလုပ်သမားဒုဝန်ကြီး ဦးဆောင်တဲ့ အထူးအဖွဲ့ဟာ
ဒီကနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ထွက်ခွါမယ့် မလေးရှားအဲလိုင်းနဲ့ မလေးရှားကို
သွားပါမယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီအသင်းချုပ်က (၆)ဦးလည်းသွားရောက်မှာ
ဖြစ်ပါတယ်။ အေဂျင်စီကိုယ်စားလှယ်(၁)ဦးကတော့ ရှေ့ပြေးသွားနှင့်ပြီး ဖြစ်ပါတယ်။
ဒီအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ လေ့လာတင်ပြချက်တွေပေါ် မူတည်ပြီး အစိုးရအနေနဲ့ လိုအပ်တာ မှန်သမျှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
မိမိနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်လို့ရတာ အကုန်လုပ်ဖို့၊
လုပ်နိုင်တာ အကုန်လုပ်ဖို့ သမ္မတကြီးကိုယ်တိုင် ပြောကြားထားပါတယ်။
ပထမဆုံး ဖြစ်စဉ်တွေ ဖြစ်လာချိန်မှာ နိုင်ငံအချင်းချင်းဆက်ဆံရေးဆိုင်ရာ
ကွန်ဗင်းရှင်းတွေနဲ့အညီ သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ရပါတယ်။
မိတ်ဆွေနိုင်ငံရဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကိုလည်း စောင့်ကြည့်ရပါတယ်။
ဆက်လက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ဖြစ်စဉ်
ဖြစ်ရပ်အမှန်တွေကို တိတိကျကျ သိရှိနိုင်ဖို့၊ မိမိနိုင်ငံသားများကို
ခိုင်ခိုင်မာမာ အကာအကွယ်ပေးနိုင်ဖို့ ခုလို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။
ဒီအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ တွေ့ရှိချက်၊ တင်ပြချက်တွေအပေါ် အခြေခံပြီး
လုပ်စရာရှိတာ မှန်သမျှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
(မလေးရှားမှာ
ရှိတဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေ၊ အစိုးရချင်
ညှိနှိုင်းဆောင်ရွက်ပေးစေလိုတဲ့ အချက်တွေကို ဒီအထူးကိုယ်စားလှယ်အဖွဲ့နဲ့
ဆက်သွယ်ပြီး ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ အသိပေးကြဖို့ အရေးကြီးပါတယ်။
တစ်ချို့ ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေကို အကုန်အစင် အသေးစိတ် သိရှိနိုင်ဖို့
ခဲယဉ်းနိုင်တာ ကြောင့် ဖြစ်ပါတယ်)
ပထမဆုံး ဖြစ်စဉ်တွေ
ဖြစ်လာချိန်မှာ နိုင်ငံအချင်းချင်းဆက်ဆံရေးဆိုင်ရာ ကွန်ဗင်းရှင်းတွေနဲ့အညီ
သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ရပါတယ်။ မိတ်ဆွေနိုင်ငံရဲ့
ဖြေရှင်းဆောင်ရွက်မှုတွေကိုလည်း စောင့်ကြည့်ရပါတယ်။
ဆက်လက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ဖြစ်စဉ်
ဖြစ်ရပ်အမှန်တွေကို တိတိကျကျ သိရှိနိုင်ဖို့၊ မိမိနိုင်ငံသားများကို
ခိုင်ခိုင်မာမာ အကာအကွယ်ပေးနိုင်ဖို့ ခုလို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။
ဒီအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ တွေ့ရှိချက်၊ တင်ပြချက်တွေအပေါ် အခြေခံပြီး
လုပ်စရာရှိတာ မှန်သမျှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးဖို့
နိုင်ငံတော်သမ္မတကြီး ပြောကြားထားပြီး ဖြစ်ပါတယ်။
(မလေးရှားမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား ဖြစ်ရပ်တွေ၊
လိုအပ်ချက်တွေ၊ အစိုးရချင် ညှိနှိုင်းဆောင်ရွက်ပေးစေလိုတဲ့ အချက်တွေကို
ဒီအထူးကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်သွယ်ပြီး ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ
အသိပေးကြဖို့ အရေးကြီးပါတယ်။ တစ်ချို့ ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေကို
အကုန်အစင် အသေးစိတ် သိရှိနိုင်ဖို့ ခဲယဉ်းနိုင်တာ ကြောင့် ဖြစ်ပါတယ်)
ဒီတော့ ကပုန်းနာရေးအသင်းလိုမျိုး ဦးစီးဦးဆောင် ပြုနိုင်တဲ့
အဖွဲ့အစည်းတစ်ခုခုကနေ တာဝန်ယူပြီး မလေးရောက် မြန်မာ(နိုင်ငံသား)တွေကိုယ်စား
စုစည်း ပြောကြားနိုင်ဖို့ လိုပါတယ်။ အချင်းချင်းလည်း ဆက်သွယ်ပြီး
ပျောက်ဆုံးနေတာ အဆက်အသွယ်ပြတ်နေတာ မျိုးတွေ၊ ပြန်လာချင်တာတွေ၊
ထိခိုက်နစ်နာရတာတွေ၊ ငွေကြေး (သို့) ဥပဒေ အကာအကွယ် လိုအပ်နေတာတွေ စသည်ဖြင့်
စနစ်တကျ စာရင်းဇယား ပြုစုပြီး အသိပေးနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း
ဒီအဖွဲ့အနေနဲ့ သက်ဆိုင်ရာ အစိုးရကို ခိုင်ခိုင်မာမာ ထောက်ပြ ပြောဆို
ညှိနှိုင်းပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နည်းဆိုရရင် မလေးရောက် မြန်မာတွေ
ကြုံတွေ့နေရတဲ့ အခြေအနေမှန်၊ လိုအပ်ချက်၊ တောင်းဆိုချက် ပြည့်ပြည်စုံစုံ
စုစည်းတင်ပြနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကိုလည်း မလေးရောက်
မြန်မာတွေကိုယ်စား ကပုန်းနာရေးကူညီမှုအသင်းလိုမျိုး အဖွဲ့အစည်းတစ်ခုခုက
ဦးဆောင်လုပ်ပေးဖို့ လိုပါတယ်။
ံHmuu Zaw
BrightStars.
http://mixgawli.blogspot.com