ထိုင်းနိုင်ငံမဲဆောက်မြို့ေ ရာက် မြန်မာကျောင်းသားအများအပြား
နယ်စပ်ဖြတ်ပြီး မြ၀တီမြို့တွင် တက္ကသိုလ်ဝင်တန်း ၀င်ရောက်ဖြေဆိုရာ
အောင်ချက် နည်းသဖြင့် လာမည့်နှစ် အောင်ချက်ကောင်းစေရန် စီစဉ်နေသည်ဟု
မြန်မာရွှေ့ပြောင်းပညာရေးထော က်ပံ့မှု ဖောင်ဒေးရှင်း(BMESF) အဖွဲ့ကပြောသည်။
ကျောင်းသား ၅၆ ဦး ဖြေဆိုရာ ၈ ဦးသာ အောင်မြင်ခဲ့ခြင်း ပတ်သက်၍ ထိုသို့ ပြောကြားခြင်းဖြစ်သည်။BMESF ၏ အတွင်းရေးမှူး ဆရာမ နော်ဆာအယ်က ” ဒီကျောင်းသား ၅၆ ဦး အတွက် လေ့ကျင့်ချိန်က လေးလ လောက်ဘဲရှိခဲ့တယ်။ လာမဲ့နှစ်အတွက် ဖြေဆိုမဲ့ကျောင်းသားက ၁၅၀ လောက် ရှိတယ်။ သူတို့ကိုတော့ လာမယ့် ပညာသင်နှစ်အတွက် အကောင်းဆုံးဖြစ်အောင် လေ့ကျင့်မှုတွေ စတင်ဆောင်ရွက်ပေးနေပါတယ်” ဟု ဧရာဝတီသတင်း ဌာနကိုပြောသည်။
မဲဆောက်ဒေသရှိမြန်မာရွှေ့ပြောင်းကလေးငယ် များ မြန်မာနိုင်ငံဘက်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနိုင် ရန်အတွက် BMESF က သမတဦးသိန်းစိန်ထံသို့စာပေး ပို့ခဲ့ရာမှ သမတ၏ညွန်ကြားချက်ဖြင့် ကရင်ပြည်နယ်အစိုးရနှင့်(BME SF) အဖွဲ့တို့ ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်အတွင်းရှိ
မဲဆောက်၊ မယ်လမတ်၊ ထာ့ဆောင်ရမ်း၊ ဖို့ဖတ်၊ စသည့် ၄ မြို့နယ်တွင်
ထိုင်းပညာရေးဌာနက အသိအမှတ်ပြုထားသည့် မြန်မာရွှေ့ပြောင်းကျောင်း
၇၂ ကျောင်းတွင် မြန်မာကလေးငယ် ၂ သောင်းခန့် ပညာသင်ကြားလျက်ရှိကြောင်း၊ အရွယ်ရောက်သော်လည်း အခြေအနေ အရပ်ရပ်ကြောင့် ပညာသင်ကြားခွင့်မရသည့် မြန်မာကလေးငယ်များ
အရေအတွက်မှာ သုံးသောင်းခန့် ရှိကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား တို့၏ ပညာရေးကဏ္ဍအတွက် လုပ်ကိုင်နေကြသည့် NGO တို့၏ စစ်တမ်းများတွင်ဖော်ပြ ထားသည်။
ထိုဒေသတွင် ထိုင်းအစိုးရ အသိအမှတ်ပြုခံရသည့် မြန်မာရွှေ့ပြောင်းကျောင်း ၇၂ ကျောင်းအပြင် အသိအမှတ်ပြုမခံရသည့် မြန်မာရွှေ့ ပြောင်းကျောင်း ၂၈ ကျောင်းရှိသည်ဟု မဲဆောက်ရှိ နေ့သစ်အလယ်တန်းကျောင်းကို တည်ထောင်သူ ဦးမိုးကြိုး ကပြောသည်။
ဒေသတွင်းရောက်မြန်မာကလေးငယ် များသည်
လွန်ခဲ့သည့် ၂၅ နှစ်ခန့်ကစတင်ကာ အခြေအနေ အရပ်ရပ်ကြောင့်
မြန်မာနိုင်ငံမှတဆင့် ထိုင်းဘက်သို့ အလုပ်အကိုင် လာရောက်ရှာဖွေကြသည့်
မိဘများမှတဆင့် ထိုင်းနိုင်ငံအတွင်း မွေးဖွားခဲ့သူများဖြစ်ပြီး
အများအပြားမှာ နိုင်ငံမဲ့ကလေးငယ်များဖြစ်ေ နကြသည်။
ထိုင်းတွင်မွေးဖွားပြီး လာမည့်နှစ်အတွက်မြ၀တီမြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စောလားပွယ်က ”မြန်မာနိုင်ငံမှာ အဆင့်မြင့်ပညာသင်ကြားချင်တယ်။
ဟိုမှာက ကိုယ့်နိုင်ငံဆိုတော့လေ။ ကျွန်တော်တို့အတွက် ပညာရေး
အခွင့်အရေးတွေပိုရှိမယ်လေ။ ကျွန်တော့်ရည်ရွယ်ချက်က
ကျောင်းဆရာဖြစ်ချင်ပါတယ်” ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းတ ဦး၏သမီးဖြစ်သူမအေးအေးက ”သမီးကတော့အဖေဖြစ်ခဲ့တဲ့ အင်ဂျင်နီယာကို အားကျလို့ မြန်မာနိုင်ငံမှာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဘို့ဖြစ်တ ယ်၊ မဲဆောက်မှာက ဆယ်တန်းအောင်ပြီးရင် ဆက်ပြီးပညာသင်ကြားဘို့က အခက်အခဲတွေရှိတာလည်းပါတယ်” ဟုပြောသည်။
မြန်မာနိုင်ငံစာစစ်ဌာနသည် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရန်အ တွက် မြန်မာသင်ရိုးညွှန်တမ်းမျာြး ဖင့် သင်ကြားပေး နေသည့် မဲဆောက်ဒေသရှိမြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသူကျောင်းသား များကိုသာ အပြင်ဖြေအဖြစ် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဧရာဝတီblog
ကျောင်းသား ၅၆ ဦး ဖြေဆိုရာ ၈ ဦးသာ အောင်မြင်ခဲ့ခြင်း ပတ်သက်၍ ထိုသို့ ပြောကြားခြင်းဖြစ်သည်။BMESF ၏ အတွင်းရေးမှူး ဆရာမ နော်ဆာအယ်က ” ဒီကျောင်းသား ၅၆ ဦး အတွက် လေ့ကျင့်ချိန်က လေးလ လောက်ဘဲရှိခဲ့တယ်။ လာမဲ့နှစ်အတွက် ဖြေဆိုမဲ့ကျောင်းသားက ၁၅၀ လောက် ရှိတယ်။ သူတို့ကိုတော့ လာမယ့် ပညာသင်နှစ်အတွက် အကောင်းဆုံးဖြစ်အောင် လေ့ကျင့်မှုတွေ စတင်ဆောင်ရွက်ပေးနေပါတယ်” ဟု ဧရာဝတီသတင်း ဌာနကိုပြောသည်။
မဲဆောက်ဒေသရှိမြန်မာရွှေ့ပြေ
ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရ
၇၂ ကျောင်းတွင် မြန်မာကလေးငယ် ၂ သောင်းခန့် ပညာသင်ကြားလျက်ရှိကြောင်း၊ အရွယ်ရောက်သော်လည်း အခြေအနေ အရပ်ရပ်ကြောင့် ပညာသင်ကြားခွင့်မရသည့် မြန်မာကလေးငယ်များ
အရေအတွက်မှာ သုံးသောင်းခန့် ရှိကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား
ထိုဒေသတွင် ထိုင်းအစိုးရ အသိအမှတ်ပြုခံရသည့် မြန်မာရွှေ့ပြောင်းကျောင်း ၇၂ ကျောင်းအပြင် အသိအမှတ်ပြုမခံရသည့် မြန်မာရွှေ့ ပြောင်းကျောင်း ၂၈ ကျောင်းရှိသည်ဟု မဲဆောက်ရှိ နေ့သစ်အလယ်တန်းကျောင်းကို တည်ထောင်သူ ဦးမိုးကြိုး ကပြောသည်။
ဒေသတွင်းရောက်မြန်မာကလေးငယ်
ထိုင်းတွင်မွေးဖွားပြီး လာမည့်နှစ်အတွက်မြ၀တီမြို့တ
နိုင်ငံရေးအကျဉ်းသားဟောင်းတ
မြန်မာနိုင်ငံစာစစ်ဌာနသည် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရန်အ
ဧရာဝတီblog