ကရင်အမျိုးသားအစည်းအရုံး
KNU ဗဟိုကော်မတီက သူတို့တပ်တွေနဲ့ အစိုးရတပ်တွေအကြား စစ်တပ်ပိုင်းဆိုင်ရာ
အနေအထားနဲ့ ပတ်သက်လို့ ဒီကနေ့က စတင်ပြီး ညှိနှိုင်းတိုင်ပင်မယ်လို့ KNU ရဲ့
အဆင့်မြင့်ခေါင်းဆောင်တဦးဖြ စ်တဲ့ ပဒိုသမိန်ထွန်းကပြောပါတယ်။ မြဝတီမှာပြုလုပ်တဲ့ ကရင်အမျိုးသားအခမ်းအနားတခုမှာ ”နှစ်ဖက်တပ်တည်နေရာနဲ့ပတ်သက်တဲ့
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး KNU မှာ
ဆွေးနွေးကြမှာဖြစ်တယ်။ ပြီးတာနဲ့ သမတဦးသိန်းစိန်အဖွဲ့နဲ့
တွေ့ဆုံဆွေးနွေးနိုင်ဖို့ ရက်ချိန်း တောင်းမယ်” လို့
ပဒိုသမိန်ထွန်းကပြောလိုက်ပါ တယ်။
အစိုးရနဲ့ KNU ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကို တရားဝင်ပြု လုပ်ခဲ့တာ ၃ ကြိမ်ရှိခဲ့ပါပြီ။ သို့သော်လည်း တပ်ပိုင်းဆိုင်ရာ နေရာချထားရေးနဲ့ပတ်သက်ပြီး တခါမှ ဆွေးနွေးခဲ့ခြင်း မရှိသေးဘူး၊ ဒီတကြိမ်တော့ ဆွေးနွေးနိုင်ကောင်းပါရဲ့ ဆိုပြီး ကရင်အမျိုးသားတွေက မျှော်လင့်နေကြကြောင်း ကရင့်အရေး လေ့လာနေသူတွေက ဆိုပါတယ်။
တောင်ပိုင်း ထားဝယ်ကနေ မြောက်ဖက်ဖာပွန်ဒေသအထိ KNU တပ်မဟာနဲ့ခရိုင် ၇ ခုမှာ အစိုးရစစ်တပ် စခန်း ၃ဝဝ ခန့် တပ်စွဲထားပါတယ်။
အဲဒီအထဲက တပ်စခန်း ၁ဝဝ ဝန်းကျင်ကို ကရင်ကျေးရွာတွေထဲမှာ တပ်စခန်းအခြေ စိုက်ထားရာကနေ ဖယ်ရှားပေးဘို့ ကရင်တွေဘက်က တောင်းဆိုနေတာပါ။
အစိုးရဘက်ကတော့ ကရင်ဘက်ကတောင်းဆိုနေတာတွေကို စိတ်ဝင်စားပုံမရတဲ့အတွက် တပ်ပိုင်း ဆိုင်ရာ ဆွေးနွေးမဲ့ကိစ္စ ဒီနေ့အထိ သောင်မတင်ရေမကျဖြစ်နေတာလို့ ကရင်တပ်မှူးအချို့က သုံးသပ်ပြောဆိုနေပါတယ်။
ဒီလအတွင်းမှာရော ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဘက် ဆွေးနွေးဖို့ဖြစ်နိုင်ပါ့မလား။
ဒါကတော့ အစိုးရဘက်မှာ အများကြီးမူတည်တယ်လို့ အချို့ကရင်တပ်မှူးတွေက ပြောဆိုကြပါတယ်။
ဒီကနေ့ စတင်မယ့် KNU ဗဟိုကော်မတီအစည်းအဝေး ပြီးသွားရင်တောင်မှ မြန်မာအစိုးရနဲ့တွေ့ဆုံနိုင်ဖို့အတွက် တဖက်ကပေးမယ့် ရက်ချိန်းကို ကရင်တွေဘက်က စောင့်နေရအုံးမှာဖြစ်ပါတယ်။
အစိုးရနဲ့တွေ့မယ် ဆိုရင် ...
ဒီတကြိမ် အစိုးရနဲ့ ထပ်ပြီး တွေ့ဆုံမယ့် ကိစ္စဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တဲ့အ တွက် ပြည်တွင်းပြည်ပနဲ့ ကရင့်အရေးလေ့လာသူတွေ၊ ကရင်အမျိုးသားရေး ဆောင်ရွက်နေကြတဲ့သူတွေ အထူးစိတ်ဝင်တစား စောင့်ကြည့်နေကြတယ်လို့လည်း သူတို့သဘောထားကို ပြောဆိုကြပါတယ်။
နှစ်ဘက်တပ်တွေလိုက်နာရမယ့် ကျင့်ဝတ်ဆိုင်ရာများနဲ့ ပတ်သက်ပြီး KNU ဘက်က ဘယ်အတိုင်းအတာထိ ဆောင်ရွက်နိုင်မှာလဲ ဆိုတာကတော့ ဒီကနေ့ KNU ဗဟိုကော်မတီဆွေးနွေးပွဲရဲ့ရ လဒ် ကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ လည်း သူတို့က ဖြည့်စွက်ပြောဆိုကြပါတယ်။
ကရင် အနာဂတ် နဲ့ KNU..
KNU အဖွဲ့ဟာ အမျိုးသားတန်းတူရေးနဲ့ကိုယ် ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့အတွက် ၁၉၄၉ ခုနှစ်ကစပြီး အစိုးရအဆက်ဆက်ကို လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့ တဲ့အဖွဲ့ဖြစ်ပါတယ်။
ကရင်ဘုန်းတော်ကြီးတပါးကတော့ တမျိုးသားလုံးရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ် တဲ့ KNU အနေနဲ့ ကရင်တမျိုးသားလုံးရဲ့ အနာဂတ်ကံကြမ္မာဟာ လက်ရှိနိုင်ငံရေးအခြေအနေအရ KNU အပေါ်မှာ အများကြီး မူတည်တယ်လို့ မိန့်ကြားပါတယ်။
ဧရာဝတီblog
အစိုးရနဲ့ KNU ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကို တရားဝင်ပြု လုပ်ခဲ့တာ ၃ ကြိမ်ရှိခဲ့ပါပြီ။ သို့သော်လည်း တပ်ပိုင်းဆိုင်ရာ နေရာချထားရေးနဲ့ပတ်သက်ပြီး တခါမှ ဆွေးနွေးခဲ့ခြင်း မရှိသေးဘူး၊ ဒီတကြိမ်တော့ ဆွေးနွေးနိုင်ကောင်းပါရဲ့ ဆိုပြီး ကရင်အမျိုးသားတွေက မျှော်လင့်နေကြကြောင်း ကရင့်အရေး လေ့လာနေသူတွေက ဆိုပါတယ်။
တောင်ပိုင်း ထားဝယ်ကနေ မြောက်ဖက်ဖာပွန်ဒေသအထိ KNU တပ်မဟာနဲ့ခရိုင် ၇ ခုမှာ အစိုးရစစ်တပ် စခန်း ၃ဝဝ ခန့် တပ်စွဲထားပါတယ်။
အဲဒီအထဲက တပ်စခန်း ၁ဝဝ ဝန်းကျင်ကို ကရင်ကျေးရွာတွေထဲမှာ တပ်စခန်းအခြေ စိုက်ထားရာကနေ ဖယ်ရှားပေးဘို့ ကရင်တွေဘက်က တောင်းဆိုနေတာပါ။
အစိုးရဘက်ကတော့ ကရင်ဘက်ကတောင်းဆိုနေတာတွေကိ
ဒီလအတွင်းမှာရော ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဘက် ဆွေးနွေးဖို့ဖြစ်နိုင်ပါ့မလ
ဒါကတော့ အစိုးရဘက်မှာ အများကြီးမူတည်တယ်လို့ အချို့ကရင်တပ်မှူးတွေက ပြောဆိုကြပါတယ်။
ဒီကနေ့ စတင်မယ့် KNU ဗဟိုကော်မတီအစည်းအဝေး ပြီးသွားရင်တောင်မှ မြန်မာအစိုးရနဲ့တွေ့ဆုံနိုင
အစိုးရနဲ့တွေ့မယ် ဆိုရင် ...
ဒီတကြိမ် အစိုးရနဲ့ ထပ်ပြီး တွေ့ဆုံမယ့် ကိစ္စဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလ
နှစ်ဘက်တပ်တွေလိုက်နာရမယ့် ကျင့်ဝတ်ဆိုင်ရာများနဲ့ ပတ်သက်ပြီး KNU ဘက်က ဘယ်အတိုင်းအတာထိ ဆောင်ရွက်နိုင်မှာလဲ ဆိုတာကတော့ ဒီကနေ့ KNU ဗဟိုကော်မတီဆွေးနွေးပွဲရဲ့ရ
ကရင် အနာဂတ် နဲ့ KNU..
KNU အဖွဲ့ဟာ အမျိုးသားတန်းတူရေးနဲ့ကိုယ်
ကရင်ဘုန်းတော်ကြီးတပါးကတော့
ဧရာဝတီblog