အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 June, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအနီးရှိ လယ်ယာမြေ ဝယ်ယူမှုများပြား

မန္တလေးမြို့ပြင် အနီးတစ်ဝိုက်နှင့် ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးအနီးရှိ လယ်ယာ မြေအကွက် များကို တိုင်းရင်းသားများ ဝယ်ယူမှု များပြားနေကြောင်း ဇွန်လ ၉ ရက်နေ့ ဈေးကွက် အခြေအနေအရ မန္တလေး အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ထုံးဖိုရွာ အနီးတစ်ဝိုက်ရှိ လယ်ယာမြေများကို အဝယ်များပြီး တစ်ဧကလျှင် ကျပ်သိန်း ၈၀၀ ခန့် အထိရှိကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ လယ်ယာမြေများသည် တစ်ဧကလျှင် ကျပ် သိန်း ၂၀၀၀ ကျော်ခန့် အထိရှိကြောင်း မန္တလေးမြု...ိ့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင် များထံမှ သိရသည်။

“အသားဖြုဖြူနဲ့ ဆိုတော့ ရှမ်းလား တရုတ်လားကို မကွဲတော့ဘူး။ သေချာ တာကတော့ ပြည်တွင်းနေ တိုင်းရင်းသားတွေပဲ ဖြစ်မှာပါ၊ လယ်ယာမြေက ခုဆို ခိုင်မာမှု ရှိလာတော့ ဝယ်ယူမှု များလာကြတဲ့ သဘောပါပဲ”ဟု မန္တလေးမြို့သစ် အခြေစိုက် အိမ်၊ခြံ၊မြေ အကျိုးဆောင် ဒေါ်ချိုကဆိုသည်။

မန္တလေးမြို့တွင်း အိမ်၊ခြံ၊မြေများမှာ အရောင်းအဝယ် ပုံမှန်အတိုင်း
ဖြစ်နေပြီး ယခု ဇွန်လအတွင်း မန္တလေးမြို့သစ်နှင့် မြို့ပြင် အိမ်၊ ခြံ၊ မြေများမှာ အရောင်းအဝယ် ပြန်သွက်လာကြောင်း မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်လဲ့က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် ၄၀x ၆၀ ကြား မြေကွက် တစ်ကွက်လျှင် ကျပ်သိန်း ၁၅၅၀ ခန့်၊ မနော်ဟရီ လမ်းမကြီးပေါ်တင် ပေ ၄၀x၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၈၀၀၀ ကျော်နှင့် ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်ကားဝင်း အနီး ကြားကွက်တစ်ကွက်လျှင် ကျပ်သိန်း ၁၅၀၀ ခန့်အထိ ပေါက်ဈေး ရှိကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...