အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 June, 2013

ဂျပန်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေကာတာ တည်ဆောက်နေ

ဂျပန်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေကာတာ တစ်ခုကို လာမယ့် ၂၀၁၆ခုနှစ် မတ်လမှာ အပြီးသတ် တည်ဆောက်နိုင်ဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ရေကာတာရဲ့ အဓိက အစိတ်အပိုင်းတစ်ခု တည်ဆောက်ပြီးစီးသွားပြီ ဖြစ်တဲ့အတွက် အီဝါတေ စီရင်စုရှိ Kama-ishi ဆိပ်ကမ်းမြို့ကို ရွှေ့ပြောင်း သယ်ဆောင်သွားပြီ ဖြစ်ပါတယ်။ အဆိုပါ ဒေသရှိ ပင်လယ်ရေကာတာဟာ ၂၀၁၁ခုနှစ်၊ မတ်လက ဆူနာမီဘေး အန္တရာယ်ကြောင့် ပျက်စီးသွားခဲ့ရပါတယ်။

ယခုတည်ဆောက်လျက်ရှိတဲ့ ရေကာတာဟာ အရှည်မီတာ ၅၀၊ အမြင့် ၁၉.၅နဲ့ အတူ ၂၀.၃မီတာ ရှိတယ်လို့ သိရပါတယ်။ ပင်လယ်ကြမ်းပြင်အောက်မှာ တည်ဆောက်ရမယ့် အုတ်မြစ်ချတဲ့ လုပ်ငန်းစဉ်ကိုတော့ လာမယ့် ဇွန်လ ၁၉ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ ဂျပန်အာဏာပိုင်တွေဟာ ဆူနာမီဘေး အန္တရာယ်ခံနိုင်တဲ့ ပင်လယ် ရေကာတာတစ်ခု တည်ဆောက်သွားနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

MRTV-4

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...