အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 June, 2013

ကေအေတီရဲ့ အကြောင်းကို ဇနီးသည်နှင့် မိခင်ဖြစ်သူတို့မှ ရင်ဖွင့်လာ

ရန်ကုန်မြို. ၊ ကန်တော်လေး ၈၇ လမ်းမှာ နေထိုင်တဲ့ မုံရွာမြို.ဇာတိ ၊ တေးရေးဆရာ ကေအေတီဟာ ဇွန်လ ၁ ရက်နေ့က နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး ဇွန်လ ၅ ရက်နေ့ ရေဝေး သုသာန်မှာ သင်္ဂြိုလ်ခဲ့ပြီး ဖြစ်ပါတယ် ။
 နာမည်ကြီး တေးရေး ဆရာဖြစ်တဲ့ ကေအေတီ သီချင်းပေါင်း များစွာ ရေးသားခဲ့ရာ ၊ သီချင်းပုဒ်ရေ ၁၀၀ ကျော်ရှိခဲ့တယ်လို့ ဇနီး "ချမ်းအိမွန်" ကပြောပါတယ် ။ ကိုကေအေတီ နဲ့ ချမ်းအိမွန်တို့က လွန်ခဲ့တဲ့ ၆ လ ၊ (၃-၁၂-၂၀၁၂) ကမှ လက်မှတ်ထိုးပြီး လက်ထပ်ခဲ့ကြတာပါ ။ မင်္ဂလာဦး ဆွမ်းကျွေးကိုလည်း ၂၁-၁၂-၂၀၁၂ ၊ ၈၇လမ်း နေအိမ်မှာပဲ ကျင်းပခဲ့ပါတယ် ။

ချမ်းအိမွန်က တေးရေးဆရာ ကေအေတီဆိုတာထက် ကျော်ကျော်အောင် ဆိုတဲ့ လူကိုချစ်ပြီး လက်ထပ်ခဲ့တာပါလို့ ဆိုပါတယ် ။ ဒါကြောင့် ကေအေတီရဲ့ သီချင်းများကိုကြိုက်သည် ၊ မကြိုက်သည် လည်း မရှိပါဘူးလို့ ပြောပါတယ် ။

ကေအေတီရဲ့ မိခင်ဖြစ်သူကလည်း ယခုလို ဆက်လက်ပြောပါတယ် ။ သားမှာ Heart Attack နှစ်ကြိမ်ရခဲ့ပြီး SSC ဆေးရုံမှာ တက်ရောက် ကုသခဲ့ကြောင်း ၊ ယခုတတိယအကြိမ်တွင် ဆေးရုံမမှီဘဲ အသက်ဆုံးရှုံးရခြင်းဖြစ်ကြောင်း ပြောပြပါတယ် ။ ကျွန်မမှာ သားသမီး၎ ယောက်ရှိပါတယ် ။ သူက သားအကြီးဆုံးပါ ။ သူ ပညာလည်း အရမ်းတော်ပါတယ် ။ ငယ်ငယ်ကတည်းက ဆုတွေလည်း ရတယ် ။ ရန်ကုန်မှာ သူ့ညီမကလည်း စောင့်ရှောက်ပေးတယ်လေ ။ အရင်က ကျွန်မလည်း သားနဲ့ အတူနေပါတယ် ။ သားမဆုံးခင်ညမှာ ဖုန်းနဲ့ စကားပြောဖြစ်သေးတယ် ။

ကန်တော်ကလေး ၈၇ လမ်းနေအိမ်ရဲ့ နံရံမှာ ကေအေတီ လတ်တလော ရေးထားတဲ့ သီချင်း List ကိုလည်း ကော်ပီ ၊ ကိုယ်ပိုင်သံစဉ် ခွဲခြားပြီး ရေးမှတ်ထားတာ တွေ.ရပါတယ် ။ မြန်မာပြည်ရဲ့ နာမည်ကြီး အဆိုတော်များစွာကို မွေးထုတ်ပေးခဲ့ပါတယ် ။

Burmese Classic

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...