၁၉၃၆ခုနှစ်၊ တက္ကသိုလ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့ပြီးနောက် ကျောင်းသားလှုပ်ရှားမှုများကို
ဇာတ်အိမ်ဖွဲ့ရိုက်ကူးသော ဘွိုင်ကော့တား (Boy Cotter) အမည်ရှိဇာတ်ကားကို
ဒါရိုက်တာ ဦးဘဇင်ရိုက်ကူးပြီး တင်ဆွေ၊ လှမောင်ကြီး၊ မေမေဝင်းနှင့်
ရုပ်ရှင်သရုပ်ဆောင်များ ပါဝင်ခဲ့သည်။ ဇာတ်ကား တွင် ကျောင်း သားခေါင်းဆောင်က
အမျိုး သားတက္ကသိုလ်
တည်ထောင်ရေးအတွက် နယ်သို့စည်းရုံး ရေးခရီးစဉ်ထွက်ရာမှ ကြုံတွေ့ရသော
အဖြစ်အပျက် များ ကို ဇာတ်လမ်းဆင်ရိုက် ကူးခြင်းဖြစ်သည်။ ဤဇာတ်ကားတွင်
ကျောင်းသားခေါင်းဆောင်မျာြး ဖစ်ကြသည့်ကိုအောင်ဆန်း၊ကိုနု၊ ကိုရာရှစ်၊ ကိုထွန်းအုံတို့ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့သည့်အပြင် ကိုနုက ဇာတ်ညွှန်းရေးကာ တွဲဖက်ဒါရိုက်တာအဖြစ် ပါဝင်ခဲ့သည်။
ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်တွင် ခြောက်နှစ်မျှနေခဲ့ပြီးနောက်
၁၉၃၈ တွင် ဒုတိယနှစ် (ဘီအယ်လ်) တန်း၌နှစ်စေ့အောင် မနေတော့ဘဲ နှစ်
ဝက်တွင်ထွက်၍ သခင်ဘဝသို့ ကူးပြောင်းခဲ့ကာ အမှတ်- ၇၆၊ ရေကျော်လမ်းရှိ
တို့ဗမာအစည်း အရုံးသို့ စာအုပ်သေတ္တာနှစ် လုံး နှင့် ရောက်ရှိခဲ့ပါတော့ သည်။
ထိုအချိန်မှစ၍ပင် သခင် အစည်းအရုံးမှတစ်ဆင့် နိုင်ငံလွတ်လပ်ရေးတိုက်ပွဲအ တွင်းသို့
သက်ဆင်းခဲ့ပါတော့သည်။ ကိုအောင်ဆန်း သည် နိုင်ငံရေးလုပ် ငန်းများကို
ဆောင်ရွက်နေစဉ်မှာပင် ဝါသနာအရ ရုပ်ရှင်သရုပ်ဆောင် အဖြစ်ပင်
ပါဝင်ရိုက်ကူးခဲ့ဖူးသလို အားလပ်သည့် အချိန်များတွင်လည်း ရန်ကုန်မြို့လယ်
ရုပ်ရှင်ရုံများ တွင် ရှေ့ဆုံးတန်း (တစ်မတ် တန်း) မှနေ၍ သခင်သန်းထွန်း
တို့လို မိတ်ဆွေများနှင့်အတူ ရုပ်ရှင်ကြည့်တတ်သူ ဖြစ်သည်။ ကိုအောင်ဆန်း သည်
နိုင်ငံ ရေး၊ စစ်ရေးနှင့်ဆိုင်သော ရုပ် ရှင်များကို ကြိုက်နှစ်သက်သလို
ဟာသကားများကိုလည်း အထူး နှစ်သက်သူဖြစ်သည်။ ဟာသရုပ်ရှင်များ နှစ်ခြိုက်သဘော
ကျ ခြင်းနှင့် ပတ်သက်၍ ခုနှစ်မသိရသေးသော ဇူလိုင်လ ၁၉ ရက် နေ့ ထုတ်
မိုးကြိုးသတင်းစာတွင် ဆောင်းပါးရှင် ရင်မောင်က ”
ဗိုလ်ချုပ်နှင့်ဂီတ၊ရုပ်ရှင်၊စာပေ” အမည်ဖြင့်ရေးသားခဲ့ သည်များ မှကောက်နုတ်ဖော်ပြလိုပါသည်။
” ဗိုလ်ချုပ်သည် ရုပ်ရှင်များကို ရွေး၍ကြည့်တတ်၏။ ဗရုတ်ဗရက် သရုပ်ပျက်ဇာတ်ကားများ၊ လူမျိုးတစ်မျိုးအားနှိမ့်ချ သော ဇာတ်ကားများကို ဘယ်တော့မှမကြည့်။ နက်နဲ သိမ်မွေ့၍ စိတ္တဇနှင့်ပတ်သက်သော ဇာတ်ကားများ၊ အချစ် အိမ်ထောင်ရေးဇာတ်ကားများပင် ဖြစ်စေ၊
ဇာတ်အိမ်ခိုင်ခံ့၍ အကျိုးပြုနိုင်မည့် Character Story သရုပ်ဖော်ဇာတ် ကား
များ၊ ရာဇဝင်သမိုင်းကို ကျောရိုးခံထားသော ဇာတ်ကားများကိုနှစ်သက်၏။
ကလပ်ဂေဘယ် ပါဝင် သော Gone with the wind, Water Bridge Rebecca, The Good
Earth, For whom the Bell tolls စသော ဇာတ်ကားများမှာ စပိန်ပြည်
တွင်းစစ်ရေးကို ရိုက်ပြသော ကားဖြစ်ရာ ဗိုလ်ချုပ်သဘော အကျဆုံးကားဖြစ်၏။ ဟာသ
ဇာတ်ကားများကိုလည်း စိတ် လက်ရွှင်လန်းစွာ ကြည့်ရှု၏။ သို့သော်လော်ရယ်ဟာဒီတို့
ပါဝင်သော Bean Hunks ဟာသကားကိုမူ သဘာဝမကျသောဟာသ (Very Silly Jokes)၊
တစ်နည်း- ကြည့်သူတွေကို ကလိထိုး၍ အတင်းရယ်စေ သောရယ်စရာများဖြစ်၍
ထိုဇာတ်လိုက်များကို မြန်မာပြည်မှ မျက်မှန်ကြီးနှင့်ဖိုးပါကြီးလောက် အထင်မကြီးဟု သိရလေသည်” ဟု ရေးသားထားသည်။
သခင်အောင်ဆန်းမှဗိုလ်ချုပ်ေ အာင်ဆန်းဖြစ်လာသည့်
အချိန်တွင် မြန်မာ့ရုပ်ရှင် လောကကြီးမှာလည်း ငွေ ရတုတိုင်သည့် အချိန်ဖြစ်
လာရာ ၁၉၄၇ ခုနှစ် မတ် လ ၁ရက်နေ့တွင် ရန် ကုန်မြို့၊ ရွှေတိဂုံ ဘုရား
အနောက်ဘက်မုခ်တွင် တပေါင်း ပွဲတော်နှင့် ပူးတွဲကျင်းပသည့်
မြန်မာနိုင်ငံစက်မှုလက်မှုပြပွဲ၌
ရုပ်ရှင်ငွေရတုသဘင်ကိုပါ ပူး တွဲကျင်းပခဲ့လေသည်။ ရုပ်ရှင် ငွေရတုကာလမှာ
၁၉၄၅ခု နှစ်ကစေ့ရောက်ခဲ့သော်လည်း ဂျပန်တော်လှန်ရေးကာလဖြစ် နေသည့်အတွက်
၁၉၄၇မှ ကျင်းပရခြင်း လည်း ဖြစ်သည်။ဗိုလ်ချုပ်သည် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်၊
ပြန်ကြားရေး ဝန်ကြီး ဒီးဒုတ်ဦးဘချိုတို့နှင့် အတူပြပွဲကို
ဖွင့်လှစ်ပေးခဲ့ပြီး မိန့်ခွန်းပြောကြား ရာ၌ မြန်မာ ပြည်ကြီး မကြာမီလွတ်လပ်
တော့မည်ဖြစ်ကြောင်း၊ လွတ် လပ်သော မြန်မာပြည်တွင် တိုင်းပြည် ထူထောင်တိုး
တက် ရေးအတွက် ပြည်သူပြည်သား တိုင်း၌ တာဝန်ရှိကြောင်း၊ ရုပ် ရှင်လောက
သားများမှာလည်း တာဝန်ရှိကြောင်း၊ ရုပ်ရှင်အနု ပညာဖြင့် တိုင်းပြည်အ
ကျိုးရှိ အောင် ဆောင်ရွက်ရန်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ဤပွဲကြီးမှာ
စာပေ၊ ဂီတ၊သဘင်၊ ရုပ်ရှင်ပညာသည်များ စုပေါင်း ဆင်နွှဲသည့် ပွဲတော်ကြီးလည်း
ဖြစ်ခဲ့သည်။
တိုင်းပြည်လွတ်လပ်ရေး နှင့် ပြန်လည်ထူ ထောင်ရေးလုပ် ငန်းများဆောင်ရွက်ရာတွင် အနုပညာရှင်များ၏ စွမ်းအားကို ဗိုလ်ချုပ်က အရယူ နိုင်ခဲ့သလို ဗိုလ်ချုပ်ခေါင်းဆောင်မှု အောက်တွင် အနုပညာရှင်များကလည်း ညီညွတ်စွာလိုက်ပါ ဆောင်ရွက်ခဲ့သည်များကို သမိုင်းမှတ်တမ်းများတွင် တွေ့နိုင်ပါသည်။ဗိုလ်ချုပ်သ က်ရှိ ထင်ရှားရှိ စဉ်ကပင်ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကိုဒါရိုက်တာ ဦးအောင်ဇံက “ဗိုလ်ချုပ်” အမည်ဖြင့် ပဲရော့ရုပ်ရှင်မှ ရိုက်ကူးထုတ်လုပ်ခဲ့ဖူးပါသည်။ ထိုဇာတ်ကားတွင် ညွန့်ရွှေ(ကျော်ဆွေ)နှင့် ခင်နန်းမြင့်တို့ဦးဆောင် ပါဝင်ခဲ့သည်။ ဇာတ်လမ်းမှာ ဗိုလ်ချုပ်အားကြည်ညိုလေးစား သူ
ကျေးလက်မှ လူငယ်လေးတစ်ဦးသည် ဗိုလ်ချုပ်ကို တွေ့နိုင်ရန် ရန်ကုန်မြို့သို့
တက်လာပုံကို အကြမ်း အတမ်းနှင့်ဟာသနှောကာ ရိုက်ကူးခဲ့ပြီး ၁၉၄၇ခုနှစ်တွင်
ရုံတင်ပြသခဲ့ရာ ဗိုလ်ချုပ်ကို တစ်တိုင်း တစ်ပြည် လုံးကကြည်ညို လေးစားသည့်
အရှိန်ဖြင့် ဇာတ်ကားမှာ အထူးအောင်မြင်ခဲ့ပါသည်။ ဇာတ်ကားတွင် အဓိကမင်းသား
နေရာမှ ပါဝင်ခဲ့သူ ညွန့်ရွှေ (ကျော်ရွှေ)မှာလည်း တစ်ဟုန် ထိုးအောင်
မြင်မှုရရှိခဲ့ပါသည်။ ညွန့်ရွှေဆိုသည့် အမည်မှာလည်းစတန့်မင်းသားကြီး ကျော်ညွန့်နှင့် ချစ်ရွှေတို့၏ အမည်များမှ တစ်လုံးစီယူ၍ ဒါရိုက်တာ ဦးဘရှင်က အမည်ပေးခဲ့ခြင်းလည်း ဖြစ်ပါသည်။
၁၉၄၇ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကိုဒါရိုက်တာဆရာခန့်က မှတ်တမ်းတင်ရိုက်ကူးခဲ့ပြီး
ယင်းမှတ် တမ်းမှ ပြကွက်များ ကို ရုပ်ရှင်ဇာတ်လမ်းတွင် ဆီ လျော်အောင်
ထည့်သွင်းပြီး “တောင်တန်းဗိုလ်” အမည်ဖြင့် ဇာတ်ကားတစ်ကား
ထုတ်လုပ်ခဲ့ဖူးပါသေးသည်။ဗို လ်ချုပ်တို့ ကျဆုံးပြီး ၁၉၄၇၊ဇူလိုင်၂၃ရက်တွင် ယင်းဇာတ်ကားကို သွင်ရုပ်ရှင်ရုံ၌ ပြသခဲ့ပါသည်။ ရုပ်ရှင်ပထမနေ့သုံးပွဲပြသမှု မှ ရရှိသော ငွေ ၂၉၈၃ကျပ်ကိုစရိတ်ပင် မနုတ်ဘဲ ဗိုလ်ချုပ်ရန်ပုံငွေကော်မတီ
သို့ ပေးပို့လှူဒါန်းသလို ဗြိတိ သျှဘားမား ရုပ်ရှင်ကုမ္ပဏီကလည်း
ရုံငှားရမ်းခငွေကို မနုတ် ဘဲ ပါဝင်လှူဒါန်း ခဲ့ပါသည်။ ဆိုရလျှင် ခေတ်အဆက်
ဆက် ပေါ်ထွန်းခဲ့သော ရုပ်ရှင်အနုပညာသည်များ၊ ရုပ်ရှင်ထုတ် လုပ်သူများသည်
တိုင်းပြည် လွတ်လပ်ရေး၊ ပြန်လည်ထူ ထောင်ရေးတို့တွင် မိမိတို့ တတ်စွမ်းသည့်
အနုပညာဖြင့် ပါဝင် ဆောင်ရွက်ခဲ့သလို၊ ယခုအချိန် တွင်လည်း သမ္မတဦးသိန်းစိန်၊
ဒေါ်အောင်ဆန်းစုကြည်တို့၏ ဦးဆောင်မှုအောက်တွင် ဒီမိုကရေစီထွန်းကားရေး၊
ဒီမိုက ရေစီနိုင်ငံတော် တည်ဆောက် ရေး လုပ်ငန်းများ၌ ပါဝင်ဆောင် ရွက်လျက်
ရှိပါသည်။ အနုပညာသည် ပြည်သူနှင့် တစ်သား တည်းရှိ နေသော သင်္ကေတများ
သာဖြစ်ပါသတည်း။
သိန်းအေး
Popular Myanmar News Journal
ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်တွင် ခြောက်နှစ်မျှနေခဲ့ပြီးနောက
” ဗိုလ်ချုပ်သည် ရုပ်ရှင်များကို ရွေး၍ကြည့်တတ်၏။ ဗရုတ်ဗရက် သရုပ်ပျက်ဇာတ်ကားများ၊ လူမျိုးတစ်မျိုးအားနှိမ့်ချ
သခင်အောင်ဆန်းမှဗိုလ်ချုပ်ေ
တိုင်းပြည်လွတ်လပ်ရေး နှင့် ပြန်လည်ထူ ထောင်ရေးလုပ် ငန်းများဆောင်ရွက်ရာတွင် အနုပညာရှင်များ၏ စွမ်းအားကို ဗိုလ်ချုပ်က အရယူ နိုင်ခဲ့သလို ဗိုလ်ချုပ်ခေါင်းဆောင်မှု အောက်တွင် အနုပညာရှင်များကလည်း ညီညွတ်စွာလိုက်ပါ ဆောင်ရွက်ခဲ့သည်များကို သမိုင်းမှတ်တမ်းများတွင် တွေ့နိုင်ပါသည်။ဗိုလ်ချုပ်သ
၁၉၄၇ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကိုဒါရ
သိန်းအေး
Popular Myanmar News Journal