နဂါးနိုင်ဓားဇာတ်ကားဟာ Copy လားဆိုပြီးမေးမြန်း သံသယရှိသူတွေကို
လည်းဒါရိုက်တာလွင်ဗိုက ” နဂါးနိုင်ဓားဇာတ်ကားကမထင်
မှတ်ပဲစိတ်ဝင်စားတဲ့သူတွေများ တာတွေ့ရတာဝမ်းသာပါတယ်။
အဲဒီမှာကွန်မန့်လေးတွေလည်းအ များကြီးတက်လာတော့ ကျွန်တော့ အနေနဲ့ပြောပြစရာလေးတွေရှိလာ ပါတယ်။ တကယ်တော့ဒီကားရဲ့ ဇာတ်လမ်းကကော်ပီလုံးဝမဟုတ်ဘူး ဆိုတာအာမခံပါတယ်ဗျာ။ နာမည်ကတော့နဂါးနိုင်ဓားဆိုတဲ့ တရုတ်သိုင်းဇာတ်လမ်းတွဲနာမည် နဲ့တူပါတယ်။ ဒါက လည်း မြန်မာလိုပြန် လိုက်စဉ် ခေါ်လို့ကောင်းမယ့် နာမည်မျိုးဖြစ်ပါလိမ့်မယ်။ နဂါးကိုနိုင်တဲ့ဓား၊နဂါးကြောက်သောဓား စသဖြင့်ပေးရင်လည်း ရပေမယ့်ခေါ်လို့ မကောင်းပြန်ဘူးဗျ။ဒီတော့ လူတွေနားယဉ်ပြီးသားနဂါးနိုင်ဓားဆိုပြီးနာမည်ပေးလိုက် ရတာခွင့်လွှတ်နားလည်ပေးကြပါဗျာ”
လို့ဖေ့စ်ဘုတ်စာမျက်နှာ ထက် မှာ ရေးသား ထားပြီး သူ့ရဲ့ဇာတ်ကားဖန်တီးမှုအပေါ်
” နောက်ပြီးနဂါးဆိုတဲ့ သတ္တဝါဟာ တရုတ်မှာပဲရှိတာမဟုတ်ဘူး ။မြန်မာမှာလည်း
ကိုယ့်ရိုးရာနဂါး လေးရှိနေတော့ ဒီလိုနာမည်ပေး လိုက်ခြင်းဟာ ပရိသတ်တွေအ
တွက်စိတ် အနှောင့်အယှက်မဖြစ်လောက်ဘူး လို့ ယူဆမိလို့ပါ။ မြန်မာမှာလည်း နဂါးနိုင် မင်းပေါက်ကြိုင်းလို ဇာတ်တွေလည်းရှိနေတာပဲ မဟုတ်လားခင်ဗျာ။
ဇာတ်လမ်းကကိုယ်ပိုင်စဉ်းစား တာဆိုပေမယ့်တချို့ sub plot တွေ မှာ တရုတ်နဲ့ နိုင်ငံခြားကားတွေကို reference ယူရတာကိုတော့ ကျွန်တော်ဝန်ခံရပါလိမ့်မယ်။ ဓားပျံပစ်တဲ့အိုင်ဒီယာဆိုရင်
ဂျက်လီ ရဲ့ Flying sword of dragon gate ထဲက စတိုင်လေးကိုအတု ယူပါတယ်။
နဂါးပေါ်လာပုံလေးဆိုရင် dragon war,နောက် ဒါပေမဲ့ ကျွန်တော်တို့မြန်မာ VFX
artist တွေ ဒီကားလေးကို ဒီလောက် လေးထွက်လာဖို့ မရယ်နိုင်ခဲ့ ပါဘူး။
မြန်မာနဂါးဆိုတာ ပန်းချီတွေ၊ ဘုရားတွေမှာသာ မြင်ခဲ့ဖူးပေမယ့် ဘယ်လိုလှုပ်
ရှားလဲဆိုတာ မတွေ့ဖူးကြဘူး။ ဒီလိုနဲ့နဂါး Animation
ဖန်တီးတဲ့ကိုဇော်ရဲမြင့်တို့ အဖွဲ့နဲ့ ခေါင်းချင်းဆိုင်ပြီး ခန့်မှန်းယူဆ ဖန်တီးခဲ့ကြရပါတယ်။
ကျွန်တော်တို့အားလုံးသိပ်စိ တ်တိုင်းမကျလှပေမယ့်ရသလောက် လုပ်နိုင်သလောက်လေးတွေနဲ့ နောက်ဆိုဒီထက်ပိုကောင်းဖို့ ပဲရှိပါ တယ်ကွာဆိုပြီး အချင်းချင်း အားပေးကာ ဆက် လက်ချီတက် ခဲ့ကြရပါတယ်။ ဒီအပေါ်မှာအပြစ်မြင်ကြတဲ့သူေ တွကိုလည်း
ကျွန်တော်အနေနဲ့ အပြစ် မမြင် ရက်ဘူး။ ကျွန်တော် သိပါတယ် ခင်ဗျားတို့ဟာ
မြန်မာပြည် က မြန်မာလူမျိုးတွေလုပ်တဲ့ ဖန်တီး မှုတွေကိုခြောက်ပြစ်ကင်း သဲ
လည်းစင်ဖြစ် စေချင်ကြတယ်။
ဒါမြန်မာပြည်က လုပ်တာကွ ဆိုပြီး နိုင်ငံတကာကလူတွေ ကြားမှာ ဂုဏ်ယူချင်ကြတယ်။အဲဒီ လိုဖြစ်မလာနိုင်တော့ ကရုဏာ ဒေါသနဲ့ပြောကြ ဆိုကြတယ်။ ဘယ်လိုပဲ ပြောပြော အားလုံးရဲ့ ရင်ထဲမှာ မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်တွေအပြည့်ရှိ တယ်ဆို တာ ကျွန်တော်အကြွင်းမဲ့ ယုံ ကြည်တယ်” လိုလည်း ရင်ဖွင့်ထားပါတယ်။
Popular News
အဲဒီမှာကွန်မန့်လေးတွေလည်းအ
ဇာတ်လမ်းကကိုယ်ပိုင်စဉ်းစား
ကျွန်တော်တို့အားလုံးသိပ်စိ
ဒါမြန်မာပြည်က လုပ်တာကွ ဆိုပြီး နိုင်ငံတကာကလူတွေ ကြားမှာ ဂုဏ်ယူချင်ကြတယ်။အဲဒီ လိုဖြစ်မလာနိုင်တော့ ကရုဏာ ဒေါသနဲ့ပြောကြ ဆိုကြတယ်။ ဘယ်လိုပဲ ပြောပြော အားလုံးရဲ့ ရင်ထဲမှာ မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်တွေအပြည့်ရှိ တယ်ဆို တာ ကျွန်တော်အကြွင်းမဲ့ ယုံ ကြည်တယ်” လိုလည်း ရင်ဖွင့်ထားပါတယ်။
Popular News