အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 June, 2013

ကမ္ဘာ့ဒုတိယအကြီးဆုံး ငါး - Basking Fish

Basking Fish - နေပူဆာလုံငါးလို့ ခေါ်ပါတယ်။ ရေပြင်အထက်ကိုတက်ပြီး နေရောင်နဲ့အနွေးဓာတ်ကို ရယူတတ်လို့ ဖြစ်ပါတယ်။ ကနေဒါ၊ ပြင်သစ်၊ဥရောပ တစ်ဝိုက် ပင်လယ်ပြင်တွေမှာ တွေ့ရတတ်ပါတယ်။ ကမ်းမှာ အကျက်စားများတဲ့ ငါးများလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယ အကြီးဆုံးငါးပါ။ အကြီးဆုံးအားဖြင့် ပေ ၄၀ အရှည်၊ အလေးချိန် တန် ၂၀ လောက်ထိကို ၁၈၅၁ ခုနှစ်က ကနေဒါမှာ တွေ့ရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့်
ဆိုရင် ပေ ၂၀ မှ ၂၆ ပေကြားမှာ တွေ့ရတတ်ပြီး ၅ တန်ကျော်အထိ အလေးချိန် စီးပါတယ်။

ထူးခြားချက်ကတော့ ပါးစပ်အင်မတန်ကြီးမားပြီး အရိးအဆင်းကြောင်းများ သိသိသာသာပေါ်နေမှုဖြစ်ပါတယ်။ ဒါကြောင့် သူ့ ကို Bone Fish ( အရိုးငါး) လို့လည်း ခေါ်ပါတယ်။ နေပူဆာလုံတယ်ဆိုပေမယ့် သာမန်အားဖြင့် ပင်လယ်ရေ မျက်နှာပြင်အောက် ပေ ၂၉၉၀ မှာ အသက်ရှင် နေထိုင်
သွားလာ တတ်တဲ့ ငါးများ ဖြစ်ပါတယ်။

ဆင်ဝေလငါးမန်းလို့လည်းခေါ်ဆိုပြီး သူ့အသား၊ တောင်ပံ၊ အမြီး အစရှိသဖြင့် တို့ကို ဆေးဖတ်ဝင်တယ်ဆိုတဲ့ ယူဆချက်ကြောင့် ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် သူ့ကို ထိန်းသိမ်းကာကွယ်ပေးရမယ့် ငါးမျိုးစိတ် တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...