အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 June, 2013

ဒုတိယအဆင့် ကုသပြီးတဲ့နောက် ဆံပင်ပုံစံသစ်နဲ့ လန်းနေတဲ့ရွန်နီ

ရွန်နီဟာ ပါးလျတဲ့ သူ့ရဲ့ဆံကေသာအတွက် ဒုတိယအဆင့် ကုသမှုပြုလုပ်ခဲ့ပြန်ပါတယ်။ ဒီကုသမှုကို လန်ဒန်မြို့ ဟာလေလမ်းကဆံကေသာအထူးကု ဆေးခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၉နာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ၂နှစ်တုန်းကလည်း ရွန်နီဟာ ပေါင် ၁၅၀၀၀ အကုန်အကျခံပြီး မလှပတဲ့ သူ့ဆံပင်တွေကို ကြည့်ကောင်းလာအောင် ပြုပြင်ကုသခဲ့ပေမယ့် ဆံပင်တွေပြန်ကျွတ်ကုန်တဲ့အတွက် ဒုတိယအဆင့် ထပ်ကုသခဲ့ရတာပါ။

ဒါပေမဲ့ အခုကုသမှုဟာ စံနှုန်းအဆင့်ရှိပြီး အောင်မြင်ခဲ့မယ်ဆိုရင် ရွန်နီအနေနဲ့ ဆံပင်အတွက် ပူပန်ရတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ရွန်နီကတော့ အသက် ၂၅နှစ်အရွယ်မှာ ထိပ်ပြောင်နေရတာကို မစဉ်းစားတတ်အောင် ဖြစ်နေရတယ်လို့ ဆိုထားပြီး စိတ်ပူတတ်တဲ့ မန်ယူပရိသတ်တွေကတော့ အသင်းသစ်ပြောင်းတော့မှာမို့လို့ ရွန်နီ ဆံပင်ပုံစံသစ်ပြောင်းခဲ့တယ်လို့တွေးကောင်းတွေးနေနိုင်ပါသေးတယ်။

YoYarLay

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...