အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 June, 2013

လယ်မြေသိမ်း ပြသနာကို ပြန်လည် ရရှိ နိုင်ရန် AFFM မှ တရားဝင် ကြိုးစား နေခြင်း

လယ်ယာမြေ အသိမ်းခံရသည့် ပြသနာများကို တရားနည်းတကျ ပြန်လည် ရရှိရန် မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFFM)မှ အစီအစဉ် တစ်ရပ်အနေဖြင့် ကြိုးစားဆောင်ရွက်နေသည်ဟု AFFM မှ လယ်သမား အခွင့်အရေး ဌာနမှ တာဝန်ခံက ဆိုပါသည်။
“ ချမှတ်ထားသည့် ဥပဒေအတိုင်း တရားဝင်လမ်းကြောင်းကနေအဆင့်ဆင့် တင်ပြပြီးတော့ ညှိနှိုင်း သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာလည်း ဥပဒေနဲ့ ပါတ်သက်နေတဲ့အတွက် ရှေ့နေတွေက တဆင့်တင်ပြမှာပါ။ လောလော
ဆယ်တော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ မဆောင်ရွက် နိုင်သေးပေမဲ့ တဖြည်းဖြည်းနဲ့ တိုးချဲ့ သွားမှာပါ” ဟု ဆိုပါသည်။

မြေသိမ်းမှုနှင့် ပတ်သက်သော အခြေအနေ တချို့ကို ပြေလည်မှု ရရှိခဲ့ပြီးဖြစ်
ပါသည်။ လောလောဆယ်တွင် ဧရာဝတီတိုင်း မအူပင်မြို့နယ် ရေလဲလေး
ကျေးရွာမှ သမဂ္ဂ၀င် ကိုစိုးဌေး၏ မတရား သိမ်းခံထားရသော ငါးမွေးမြူရေး
ကန်နှင့် စိုက်ပျိုးမြေများအတွက် နစ်နာကြေးရရှိရန် တိုင်ကြားမှုတွင် ကူညီဖြေရှင်း ပေးနေသည်ဟု ဆိုပါသည်။

ကိုစိုးဌေးသည် ရန်ကုန်တိုင်း လှိုင်မြို့ နယ် ၁၄ ရပ်ကွက် သီရိမြိုင်ဘူတာရုံ အနီးရှိမြေ (၄.၁၇၉) ဧကခန့် ရှိငါးကန်နှင့် စိုက်ပျိုးမြေများအသိမ်းခံထားရ
ပါသည်။ တိုင်ကြားစာများကိုလည်း (က)လယ်ယာ စုံစမ်းစစ်ဆေးရေး
ကော်မတီဥက္ကဌ၊ (ခ) ဦးအောင်သိန်းလင်း (မြို့တော်ဝန်ဟောင်း) အဖွဲ့ဝင်၊ (ဂ) ဦးခိုင်မောင်ရည်(ဃ) ဦးကျော်မြင့်(င) ပြည်သူ့လွှတ်တော်တရား စီရင်ရေး ဥက္ကဌ သူရဦးအောင်ကို တို့အား ပေးပို့ထားပါသည်။

မြေသိမ်းမှု များသည် နိုင်ငံတော်မှ သိမ်းဆည်း ထားတဲ့မြေ၊ နိုင်ငံတော်မှ လုပ်ကိုင်ခြင်း မရှိလျှင် မူလဓါးမ ဦးချ လုပ်ကိုင် နေသည့် တောင်သူ
များကို ပြန်ပေးရမည်ဟု မြေယာ ဥပဒေတွင် ပြဌာန်းထားပါသည်။ ဤဥပဒေသည် (၁၉၈၈) ခုနှစ်မှစပြီး တပ်မတော်မှ အာဏာသိမ်းပြီးနောက်
ပိုင်း သိမ်းဆည်းထားသည့် မြေများကိုဆိုလိုခြင်းဖြစ်ကြောင်း သိရပါသည်။

ဤပြသနာများကို လက်တွေ့ ဖြေရှင်းရာတွင်လည်း ကျေးရွာ လယ်သမားများ အနေနှင့် ထုတ်ပြန်ထားသော ဥပဒေနှင့်အညီ တရားဝင်သမဂ္ဂဖွဲ့စည်းရန် လိုအပ်လှပါသည်။ ဤသမဂ္ဂများမှ တဆင့် ရှေ့နေများ ငှားရမ်းပြီး လုပ်ထုံး လုပ်နည်း အတိုင်း မြို့နယ် အုပ်ချုပ်ရေးမှူးသို့ တင်ပြရပါလိမ့်မည်။ ဤသို့မှ ထုတ်ပြန်ထားသော ဥပဒေအတိုင်း မြို့နယ်အုပ်ချုပ် ရေးမှူးမှ လုပ်ထုံး
လုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

လယ်သမားများသည် မိမိတို့မြေယာများ အသိမ်း ခံထားရပါက ပထမအဆင့် အနေဖြင့် အသိမ်းခံထားရသည့် ခုနှစ်ကို သတိထားကြည့်ရန် လိုပါသည်။ ဒုတိယ အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ၊ စီစဉ်ဆောင်ရွက်တတ်ရန် လိုအပ်ပါလှသည်။ တတိယ အဆင့်အနေဖြင့် တစ်ဦးချင်းတင်ပြခြင်းထက် စုပေါင်းသည့်အနေဖြင့် သမဂ္ဂအစည်းအရုံးမှ တင်ပြခြင်းသည်သာ ပိုမို ထိရောက်ဖွယ်ရှိပါသည်။

ရွှေဟင်္သာသတင်းဌာန

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...