အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 June, 2013

တူရကီ ဝန်ကြီးချုပ် ဆန္ဒပြ ခေါင်းဆောင်တွေကို တွေ့ဖို့ သဘောတူလိုက်ပြီ

တူရကီ နိုင်ငံမှာ ဝန်ကြီးချုပ် Recep Tayyip Erdogan ဟာ ဗုဒ္ဓဟူး နေ့ကျရင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ အဖွဲ့တချို့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ သဘောတူလိုက်ပြီလို့ ဒုဝန်ကြီးချုပ် Bulent Aric က ပြောပါတယ်။ အစ္စတန်ဘူးလ် မြို့လယ်က ပန်းခြံ နေရာကို ကုန်တိုက် ဆောက်မယ့် ကိစ္စကို ဆန့်ကျင် ဆန္ဒပြရာက နိုင်ငံတလွှား လူထု အုံကြွမှု ပြန့်နှံ ဖြစ်ပေါ်ခဲ့ပြီး လူသုံးယောက် သေဆုံးကာ ထောင်နဲ့ချီ ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။
ဒုဝန်ကြီးချုပ်နဲ့ ဆန္ဒပြသမားတွေ အရင်က တွေ့ဆုံခဲ့ပေမယ့် ထူးခြားမှု မရှိခဲ့ဘဲ အဲဒီကစလို့ နှစ်ဖက်ပိုပြီး တင်းမာလာခဲ့ တာလို့ အစ္စတန်ဘူးလ် မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကတော့ ဝန်ကြီးချုပ်က အခုလို ဆက်လက် ဆန္ဒပြနေမယ် ဆိုရင် ဆိုးဆိုးရွားရွား တုန့်ပြန်ခံရမယ် လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

BBC Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...