အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 June, 2013

ပန်းကြာဝတ်မှုန်ရုပ်ရှင်ကား အနုပညာမှတ်တိုင်စိုက်လို၍ ရိုက်ကူးခဲ့ဟုဆို

ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားကို ကျပ်သိန်းပေါင်း ၂၁၀၀ ကျော် အကုန် အကျခံပြီး ရိုက်ကူးခဲ့တာဟာ ငွေကြေး အကျိုးအမြတ်ရလိုတာ အဓိက မဟုတ်ဘဲ အနုပညာမှတ်တိုင်တစ်ခု စိုက်ထူလို၍ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ယင်းဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာစင်ရော်မောင်မောင်က The Voice ကို ပြောပါတယ်။ ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်ရှိ အဆင့်မြင့် ရုပ်ရှင်ရုံများမှာ ဇွန်လ ၁၄ ရက်နေ့က စတင်ပြီး ရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်က "ဒီဇာတ်ကားကိုစတင် ရိုက်ကူးတဲ့ အချိန်ကနေ ရုံတင်ပြသတဲ့အထိ အချိန် ၂ နှစ်ခွဲလောက် ကြာခဲ့ တယ်။ လူ ၄၅ ယောက်စီး Air Con Bus နှစ်စီးနဲ့ မြန်မာပြည်အနှံ့မှာ တစ်လ ခွဲလောက် ကြာအောင် ရိုက်ခဲ့တယ်။ အသံပိုင်းအတွက် ဘန်ကောက်မှာရှိတဲ့၊ အမေရိကန်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Technicolor ကုမ္ပဏီမှာ အသံလိုင်းပေါင်း ၁၀၀ ကျော် သွင်းခဲ့တယ်။ ပြည်တွင်းမှာ ပြသရုံတင်မဟုတ်ဘဲ ပြည်ပအထိပါ ထိုးဖောက်ဖို့ ရည်ရွယ်ပြီး စွန့်စားခဲ့တယ်။ အကယ်ဒမီညမှာတော့ ရင်ကွဲ ပက်လက်ဖြစ်ခဲ့ရတယ်။ အလွန် စိတ်ထိခိုက်ခဲ့ရတယ်။ ဒီလိုကားမျိုးကို ဘာဖြစ်လို့ အားမပေးချင်ရတာလဲ။ မမေ့ဘူး။ ဘယ်တော့မှ မမေ့ဘူး" လို့ သူ့ရဲ့ခံစားမှုကို ပြောပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ မြတ်နိုးချစ်ခင် တမ်းတ ရသော အမိတက္ကသိုလ်ဆိုတဲ့ ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်အကြောင်း ရုပ်သံဇာတ်လမ်းတွဲ တစ်ခုနှင့် ထိုင်း-မြန်မာ ပူးပေါင်းရိုက်ကူးမယ့် ရုပ်ရှင်ကား တစ်ကားအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ဆိုပါတယ်။

ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားဟာ စာရေးဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပြီး နိုင်းနိုင်း၊ သက်မွန်မြင့်၊ ချစ်စနိုးဦးတို့ ပါဝင် သရုပ်ဆောင်ထားတာပါ။ ၂၀၁၁ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ အဓိကဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု၊ ဇာတ်ကားဆုအပါအဝင် ထူးချွန်ဆု အများအပြား ရလိမ့်မယ်လို့ ပရိသတ်များနဲ့ အနုပညာလောကသားများရဲ့ ထင်ကြေးပေးခြင်းကို ခံခဲ့ရပေမယ့် ထူးချွန်ဆုနှစ်ဆုသာ ရခဲ့ပါတယ်။

The Voice Weekly
See More

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...