အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 June, 2013

ဗဟိုဘဏ် သီးခြားလွတ်လပ်စွာ ရပ်တည်တော့မည်

နိုင်ငံတော်ဗဟိုဘဏ် ဥပဒေသစ်ကို လာမည့်လွှတ်တော် အစည်းအဝေး မတိုင်မီ နိုင်ငံတော် သမ္မတဦးသိန်းစိန် လက်မှတ်ထိုးတော့မည်ဖြစ်ပြီး ဗဟိုဘဏ်သည် မကြာမီအချိန် အတောအတွင်း သီးခြားလွတ်လပ်စွာ ရပ်တည်တော့မည် ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူး
ဒေါ်ခင်စောဦး၏ ပြောကြားချက်ကို ကိုးကားပြီး The Wall Street Journal က သတင်းဖော်ပြထားသည်။
လက်ရှိ ဗဟိုဘဏ်ဥပဒေ နေရာတွင် အစားထိုးမည့် ဗဟိုဘဏ် ဥပဒေသစ်သည် လက်ရှိအစိုးရ လက်ထက်တွင် အချိန်အယူရဆုံး ဥပဒေတစ်ခုဖြစ်ပြီး လွှတ်တော်နှစ်ရပ်နှင့် အစိုးရအဖွဲ့ကြား ပြင်ဆင် ညှိနှိုင်းချက် ၂၀၀ ကျော်ရှိခဲ့သည့် ဥပဒေဖြစ်သည်။ ဥပဒေသစ် အတည်ပြုလက်မှတ် ရေးထိုးပြီးပါက ဗဟိုဘဏ်သည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

လက်ရှိ အစိုးရလက်ထက်တွင် ဗဟိုဘဏ်၏ အထင်ရှားဆုံး ပြောင်းလဲ မှုမှာ နိုင်ငံခြားငွေလဲနှုန်းကို ထိန်းကျောင်းမှုရှိသော ငွေလဲနှုန်း စနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်က စတင်ခဲ့သော အဆိုပါစနစ်သည် ဈေးကွက်အပြောင်းအလဲ များစွာ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၂ ဧပြီ ၂ ရက်တွင် ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ၈၁၈ ကျပ်ဖြင့် ဈေးသတ်မှတ်ခဲ့ပြီး တစ်နှစ်ကျော်အကြာ ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်တွင် ၉၄၆ ကျပ်အထိ သတ်မှတ်ခဲ့သည်။

ဗဟိုဘဏ် ဥပဒေသစ်သည် လက်ရှိအစိုးရ လက်ထက်တွင် အချိန်အယူရဆုံး ဥပဒေတစ်ခုဖြစ်ပြီး လွှတ်တော်နှစ်ရပ်နှင့် အစိုးရအဖွဲ့ကြား ပြင်ဆင် ညှိနှိုင်းချက် ၂၀၀ ကျော်ရှိခဲ့သည့် ဥပဒေဖြစ်သည်။ ဥပဒေသစ် အတည်ပြု လက်မှတ် ရေးထိုးပြီးပါက ဗဟိုဘဏ်သည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာမည်...

မကြာမီ အသစ်ဖွဲ့စည်းမည့် နိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏
ငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ကိုင်ရမည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရန် စိန်ခေါ်ချက်များ ရှိနေဆဲဖြစ်သည်။

ငွေလဲနှုန်းထား အမျိုးမျိုးကို တစ်မျိုးတည်း ပေါင်းစည်းရန် ရည်မှန်း ထားသော်လည်း လက်ရှိအချိန်ထိ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း၊ သိမ်ဖြူ ငွေလဲကောင်တာ ဈေးနှုန်း၊ ဘဏ်ငွေလဲကောင်တာ ဈေးနှုန်း၊
ပြင်ပဈေးနှုန်းများအကြား ကွာဟချက်များ ရှိနေဆဲ ဖြစ်သည်။

ဗဟိုဘဏ်၏ ရည်မှန်းချက်မှာ ပြည်တွင်းပြည်ပတွင် မြန်မာကျပ်ငွေတန်ဖိုး တည်တံ့ခိုင်မြဲစေရန် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် ဗဟိုဘဏ်သည် ထိရောက်သော ငွေပေးချေမှု စနစ်များ၊ ငွေကြေးလွယ်ကူမှု၊ ကြွေးမြီ
ပေးဆပ်နိုင်မှုတို့ ကောင်းမွန်ပြီး ခိုင်မာသော ငွေရေးကြေးရေး စနစ်တစ်ရပ်ဖြင့် ဆောင်ရွက်ရန် ရည်မှန်းထားကာ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ငွေကြေး၊ ချေးငွေနှင့် ငွေရေးကြေးရေး အခြေအနေများကို ကြိုးပမ်းဆောင်ရွက်မည် ဖြစ်သည်ဟု ဗဟိုဘဏ်က မူဝါဒ ချမှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် မကြာမီ ကမ္ဘာ့ငွေကြေး ဈေးကွက်နှင့် ပိုမိုချိတ်ဆက်လာမည် ဖြစ်ခြင်းကြောင့် နိုင်ငံတကာငွေကြေး ဈေးကွက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုများကို စောင့်ကြည့် သတိပြုသင့်ကြောင်း၊ နိုင်ငံအတွင်း ရင်းနှီးငွေ စီးဝင်မှုများကို စိစစ်ပြီး ကာလရှည် ရင်းနှီးမှုနှင့် ကာလတို ရင်းနှီးမှု တို့ကို ခွဲခြားစိစစ်နိုင်မှသာ ဗဟိုဘဏ်အနေဖြင့် မှန်ကန်သင့်လျော်သော မူဝါဒများဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေး တည်ငြိမ်မှု ရရှိစေရန် စွမ်းဆောင်နိုင်မည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ထားသည်။

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...